နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံငလျင် အဏုမြူဗုံး ၃၃၄ လုံးနှင့် ညီမျှတဲ့စွမ်းအင်ကို ထုတ်လွှတ်ခဲ့တယ်လို့ အမေရိကန် အမေရိကန်ဘူမိဗေဒပညာရှင်ပြော

မတ်လ (၃၀) ရက်။

၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိ ငလျင်ဟာ အနုမြူဗုံး ၃၃၄ နဲ့ ထုတ်လွှတ်တဲ့စွမ်းအင်ကို ထုတ်လွှတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒပညာရှင် ဂျက်ဖီနစ်စ် (Jess Phoenix) က CNN ကို ပြောကြားခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

“ဒီငလျင်ကြောင့် ထွက်လာတဲ့ စွမ်းအားဟာ အနုမြူဗုံး ၃၃၄ လုံးနဲ့ ညီမျှပါတယ်” လို့ ဖီးနစ်က CNN ကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့မြေအောက်မှာရှိတဲ့ အိန္ဒိယကျောက်လွှာချပ်ကြီးနဲ့ ယူရိုအေးရှားကျောက်လွှာချပ်ကြီးက ဆက်လက် ပွတ်တိုက်မိနေပြီး နောက်ဆက်တွဲငလျင်တွေ လပေါင်းများစွာ ဆက်လက် ဖြစ်ပွားနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပိုမိုဆိုးရွားလာလိမ့်မယ်လို့ ထင်မြင်ကြောင်း ဖီးနစ်က ဆိုပါတယ်။

“ငလျင်မလှုပ်ခင်တုန်းကတောင် မြန်မာနိုင်ငံဟာ အကျပ်အတည်း ဖြစ်နေတာ အခု ငလျင်ဒဏ်ခံရတာနဲ့ ပေါင်းလိုက်ရင် မျှော်လင့်ချက်မဲ့လုနီးပါးဖြစ်နေတဲ့ အခြေအနေ ဖြစ်သွားလိမ့်မယ်” လို့ သူက ဆက်လက်ပြောပါတယ်။

အရင်ကတည်းက ပြည်တွင်းစစ် ဒဏ်ခံရနေတဲ့ မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းမှုကနေ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး အခုဆို လေးနှစ်ကြာ မြင့်ပြီဖြစ်ပါတယ်။

ပြည်တွင်းစစ်အပြင် ဆက်သွယ်ရေး ပြတ်တောက်မှုတို့ပေါင်းစပ်ကာ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို နိုင်ငံပြင်ပက သိရှိနားလည်ဖို့ ခက်ခဲစေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အနည်းဆုံး လူ ၁၀,၀၀၀ လောက်သေဆုံးနိုင်တယ်လို့ အမေရိကန်ဘူမိဗေဒအသင်း (USGS) က ပြောဆိုထားပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 25 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 22 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 15 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 37 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 33 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက နေပြည်တော်ကိုလာတဲ့အချိန် အန်တီနဲ့ တွေ့သွားတယ်။ ဒါပေမယ့် အဲ့သတင်းက နှစ်ဖက်စလုံးက မထုတ်ပြန်ဘူး။ အိန်တီလဲ
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 30 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို