နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ ပိတ်မိနေသူတွေကို အရင်မကယ်ဘဲ ပိုက်ဆံတွေသာ ဖော်ယူနေ

ဧပြီလ (၄)ရက်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ KBZ ဘဏ်မှာ ပိတ်မိနေသူတွေကို အရင်ဆုံးမကယ်ဆယ်ဘဲ ပိုက်ဆံတွေသာ ဖော်ထုတ်ယူဆောင်နေတယ်လို့ ပြန်လည်လွတ်မြောက်လာသူတဦးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ ပျော်ဘွယ် KBZ ဘဏ်မှာက ပိတ်မိနေပြီး သေဆုံးနေတဲ့ ရုပ်အလောင်းတွေ ပုပ်ပြီး အနံ့တွေထွက်နေပြီ။ နောက်ပြီး ကျတော်က ကိုယ့်ဘာသာရုန်းထွက်လာရတာ၊ အပြင်ရောက်တော့ မီးသတ်နဲ့ ကယ်ဆယ်ရေးသမားတွေက ငုတ်တုတ်ပဲ၊ အလှုရှင်တွေ လှူတဲ့ဟာတွေကို စားသောက်ပြီး ပိုတာတွေသယ်သွားတာ။ အောင်ပန်းက ကယ်ဆယ်ရေးအဖွဲ့လာတော့လဲ မကယ်ခိုင်းဘဲ ပြန်လွှတ်တယ်” လို့ သူက ဆက်ပြောပါတယ်။

ပျော်ဘွယ်မြို့ရှိ KBZ ဘဏ် ပြိုကျတဲ့ဖြစ်စဉ်ထဲ ပိတ်မိနေသူတွေကို (၄)ရက်ကြာတဲ့အထိ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်တာမရှိသလို အခြားကယ်ဆယ်ရေးအဖွဲ့တွေကိုလဲ မလုပ်ခိုင်းဘဲ ပြန်လွှတ်တာတွေရှိတယ်လို့ သိရပါတယ်။

“ ကျတော်ပြန်လွတ်လာတော့ ကျန်ခဲ့တဲ့ ဦးလေးကို (၄)မြောက်နေ့ ည (၈)နာရီလောက်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်တွေ့တယ်။ မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်မရဘူးဆိုပြီး ငုတ်တုတ်ထိုင်နေတာ။ တတိယနေ့ကလဲ အသက်ရှင်တဲ့သူတွေရှိတယ်လို့ တခြားကယ်ဆယ်ရေးအဖွဲ့တွေက ပြောတာကို မလုပ်ဘဲ ပိုက်ဆံတွေကိုဘဲ အရဖော်ယူသွားတာ” လို့ သူက ဆက်ပြောထားပါတယ်။

ဘဏ်အဆောက်အဦထဲ ပိတ်မိနေသူတွေကို အောင်ပန်းကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်ခဲ့ရာ တစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး (၁၁)ဦးကျန်ရှိသေးတယ်လို့ ပြောဆိုတဲ့အပေါ် နယ်ခံမီးသတ်နဲ့ မိတ္ထီလာကယ်ဆယ်ရေးအဖွဲ့တွေက မောင်းထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

“ (၂၈)ရက်မှာပြိုတာကို (၃၁)ရက်ကျမှ အဖွဲ့တွေရောက်လာတယ်။ ဘဏ်ထဲကနေ ပြန်မထွက်နိုင်တဲ့သူတွေ အများကြီးရှိသေးတယ်။ မသေသင့်ပဲနဲ့ သေတဲ့သူတွေလဲ အများကြီးဘဲ၊ ဒီလိုအခြေအနေကြောင့် ငွေမက်နေတဲ့ ပျော်ဘွယ်မီးသတ်၊ မိတ္ထီလာကယ်ဆယ်ရေးအဖွဲ့နဲ့ ဘဏ်တာဝန်ရှိသူတွေကို အမှုဖွင့်တရားစွဲချင်တယ်” လို့ သူက ဆိုပါတယ်။

ငလျင်မလှုပ်ခင် ပျော်ဘွယ် KBZ ဘဏ်မှာ ဝန်ထမ်းတွေနဲ့ ငွေထုတ်သူတွေရှိနေခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘဏ်တံခါးကို ပိတ်ချလိုက်တဲ့အတွက် ပိတ်မိသူ (၄၀)နီးပါးရှိကာ မတ်လ (၃၁)ရက်နေ့မှသာ ကယ်ဆယ်ရေးတွေ ရောက်လာခဲ့တာလို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 30 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို