နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ ပိတ်မိနေသူတွေကို အရင်မကယ်ဘဲ ပိုက်ဆံတွေသာ ဖော်ယူနေ

ဧပြီလ (၄)ရက်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ KBZ ဘဏ်မှာ ပိတ်မိနေသူတွေကို အရင်ဆုံးမကယ်ဆယ်ဘဲ ပိုက်ဆံတွေသာ ဖော်ထုတ်ယူဆောင်နေတယ်လို့ ပြန်လည်လွတ်မြောက်လာသူတဦးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ပျော်ဘွယ် KBZ ဘဏ်မှာက ပိတ်မိနေပြီး သေဆုံးနေတဲ့ ရုပ်အလောင်းတွေ ပုပ်ပြီး အနံ့တွေထွက်နေပြီ။ နောက်ပြီး ကျတော်က ကိုယ့်ဘာသာရုန်းထွက်လာရတာ၊ အပြင်ရောက်တော့ မီးသတ်နဲ့ ကယ်ဆယ်ရေးသမားတွေက ငုတ်တုတ်ပဲ၊ အလှုရှင်တွေ လှူတဲ့ဟာတွေကို စားသောက်ပြီး ပိုတာတွေသယ်သွားတာ။ အောင်ပန်းက ကယ်ဆယ်ရေးအဖွဲ့လာတော့လဲ မကယ်ခိုင်းဘဲ ပြန်လွှတ်တယ်”လို့ သူက ဆက်ပြောပါတယ်။

ပျော်ဘွယ်မြို့ရှိ KBZ ဘဏ် ပြိုကျတဲ့ဖြစ်စဉ်ထဲ ပိတ်မိနေသူတွေကို (၄)ရက်ကြာတဲ့အထိ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်တာမရှိသလို အခြားကယ်ဆယ်ရေးအဖွဲ့တွေကိုလဲ မလုပ်ခိုင်းဘဲ ပြန်လွှတ်တာတွေရှိတယ်လို့ သိရပါတယ်။

“ကျတော်ပြန်လွတ်လာတော့ ကျန်ခဲ့တဲ့ ဦးလေးကို (၄)မြောက်နေ့ ည (၈)နာရီလောက်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်တွေ့တယ်။ မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်မရဘူးဆိုပြီး ငုတ်တုတ်ထိုင်နေတာ။ တတိယနေ့ကလဲ အသက်ရှင်တဲ့သူတွေရှိတယ်လို့ တခြားကယ်ဆယ်ရေးအဖွဲ့တွေက ပြောတာကို မလုပ်ဘဲ ပိုက်ဆံတွေကိုဘဲ အရဖော်ယူသွားတာ”လို့ သူက ဆက်ပြောထားပါတယ်။

ဘဏ်အဆောက်အဦထဲ ပိတ်မိနေသူတွေကို အောင်ပန်းကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်ခဲ့ရာ တစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး (၁၁)ဦးကျန်ရှိသေးတယ်လို့ ပြောဆိုတဲ့အပေါ် နယ်ခံမီးသတ်နဲ့ မိတ္ထီလာကယ်ဆယ်ရေးအဖွဲ့တွေက မောင်းထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

“(၂၈)ရက်မှာပြိုတာကို (၃၁)ရက်ကျမှ အဖွဲ့တွေရောက်လာတယ်။ ဘဏ်ထဲကနေ ပြန်မထွက်နိုင်တဲ့သူတွေ အများကြီးရှိသေးတယ်။ မသေသင့်ပဲနဲ့ သေတဲ့သူတွေလဲ အများကြီးဘဲ၊ ဒီလိုအခြေအနေကြောင့် ငွေမက်နေတဲ့ ပျော်ဘွယ်မီးသတ်၊ မိတ္ထီလာကယ်ဆယ်ရေးအဖွဲ့နဲ့ ဘဏ်တာဝန်ရှိသူတွေကို အမှုဖွင့်တရားစွဲချင်တယ်”လို့ သူက ဆိုပါတယ်။

ငလျင်မလှုပ်ခင် ပျော်ဘွယ် KBZ ဘဏ်မှာ ဝန်ထမ်းတွေနဲ့ ငွေထုတ်သူတွေရှိနေခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘဏ်တံခါးကို ပိတ်ချလိုက်တဲ့အတွက် ပိတ်မိသူ (၄၀)နီးပါးရှိကာ မတ်လ (၃၁)ရက်နေ့မှသာ ကယ်ဆယ်ရေးတွေ ရောက်လာခဲ့တာလို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 138 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 121 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို