နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 15 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးသွားတာတွေအတွက် MNDAA က ကျပ်သိန်း(၁၅၀၀၀)ကျော် ထောက်ပံ့

ဧပြီလ (၁၀)ရက်။

လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ကိုးကန့်တပ်(MNDAA)က ငွေကျပ်သိန်းပေါင်း (၁၅၀၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

လားရှိုးမြို့မှာ တိုက်ပွဲကာလထဲ နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးအပ်တဲ့အခမ်းအနားကို ဧပြီလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲထဲ နေအိမ်စုစုပေါင်း (၃၀၉)ခု ပျက်စီးခဲ့ကာ တစ်အိမ်ထောင်ကို ကျပ်သိန်း(၅၀)နှုန်းနဲ့ သိန်းပေါင်း (၁၅၄၅၀၀၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အခုလို ထောက်ပံ့ပေးရာမှာ စာရင်းထဲပါပေမယ့် အဝေးရောက်နေသူဖြစ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွေမှာ အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေမှူးတွေရဲ့ ထောက်ခံချက်နဲ့ ထုတ်ယူနိုင်တယ်လို့ ရေးသားထားပါတယ်။

အထူးဒေသ(၁) လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီအနေနဲ့ မြို့သိမ်းတိုက်ပွဲ အောင်မြင်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ တော်လှန်ရေးတပ်တွေ ပူးပေါင်းသိမ်းပိုက်ရရှိခဲ့တဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA)က စစ်ကောင်စီထံ ပြန်လည်အပ်နှံမယ့်အပေါ် မြို့နေပြည်သူတွေအနေနဲ့ စိုးရိမ်တာတွေရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း

ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံအတွက် (၄၂) တန်ကျော် လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးအပ်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 7 Views
ဧပြီလ (၁၄) ရက်။ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက ပေးပိုတဲ့ (၄၂) တန်ကျော်ရှိတဲ့ လူသားချင်း စာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းတွေကို ဧပြီလ (၁၃)
မြန်မာသတင်း

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ချင်းပြည်နယ်မှာ လုံးဝလက်မခံဘူးလို့ ICNCC သတင်းထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 9 Views
ဧပြီလ (၁၄) ရက်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဖွဲ့စည်းခြင်း (၄) နှစ်မြောက် အထိမ်းအမှတ်နဲ့ ICNCC က သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ဒီမိုကရေစီကို ပြန်လည်အသက်သွင်းဖို့ ဆက်လက်ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သတင်းထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 8 Views
ဧပြီလ (၁၄) ရက်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေကြောင်း ဧပြီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ သင်္ကြန်ပွဲတော်ဟာ အတိတ်က အကြောင်းအရာတွေကို စဥ်းစားတွေးခေါ်ပြီး တောက်ပတဲ့ အနာဂါတ်ကို ရှေးရှူဖို့ဖြစ်ပါတယ်။
မြန်မာသတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 7 Views
ဧပြီလ (၁၄) ရက်။ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက ကျေးရွာသုံးရွာကို ဒီနေ့ ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ဒရုန်းတွေသုံးပြီး လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ကနီမြို့နယ်ထဲက သမင်ခြံရွာနဲ့
မြန်မာသတင်း

အင်းတော်တွင် သင်္ကြန်ကာလ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 6 Views
ဧပြီလ (၁၄) ရက်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဒီနေ့ ဧပြီလ ၁၄ ရက်နေ့ မနက် ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်တစ်စီးကနေ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မင်းတပ်မြို့ပေါ်က မြို့မနှစ်ခြင်း (MBC) ဘုရားကျောင်းကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 14 Views
ဧပြီလ (၁၃) ရက်။ ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့ပေါ်က မြို့မနှစ်ခြင်း (MBC) ဘုရားကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲပြီး လေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့သိရပါတယ်။
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 18 Views
ဧပြီလ (၁၃) ရက်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာ အနီးဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ မနေ့က ဧပြီ
မြန်မာသတင်း

ကောလင်းမြိုနယ် ညောင်ကုန်းရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 6 Views
ဧပြီလ (၁၃) ရက်။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က ညောင်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၁၃ ရက် နေ့လယ်