နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ထရန့်-ဇလန်းစကီး စကားစစ်ပွဲအပြီး ရုရှားက ကိယက်ဗ်ကို တိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံး

ဧပြီလ (၂၄) ရက်။

ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ၂၄ ရက်နေ့ အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှု မစမီ နာရီပိုင်းအလိုမှာ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ယူကရိန်း သမ္မတ ဇလန်းစကီးဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အန္တရာယ်ဖြစ်စေတယ်လို့ ထပ်မံဝေဖန်ခဲ့ပါတယ်။

ဒရုန်းနဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မြို့တစ်ဝှမ်းရှိ နေရာ ၁၃ နေရာမှာ အနည်းဆုံး လူကိုးဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း အရေးပေါ် ဝန်ဆောင်မှုဌာနက ပြောကြားခဲ့ပါတယ်။

ကိယက်ဗ်မြို့ရှိ CNN ရဲ့ ထုတ်လုပ်သူတစ်ဦးဟာ ၂၄ ရက်နေ့ အစောပိုင်းမှာ ခြောက်နာရီလောက် လေကြောင်းတိုက်ခိုက်မှုအချက်ပေးဥသြသံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုဒဏ်ခံခဲ့ရတဲ့နေရာအချို့မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။

ယူကရိန်းပြည်ထဲရေးဝန်ကြီးက အင်ဂျင်နီယာတွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ ရှာဖွေရေးခွေးတွေနဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့သူတွေကို ရှာဖွေနေကြောင်း ပြောကြားခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်ဝန်က ကနဦးမှာ နိုင်ငံသားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေက ကန့်သတ်ချက်တွေကို ရုတ်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ကလေးခြောက်ဦး အပါအဝင် အနည်းဆုံး လူ ၄၂ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ယူကရိန်း အရေးပေါ် ဝန်ဆောင်မှုဌာနက ပြောကြားခဲ့ပါတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 8 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato)
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိမှုဖြင့် အများစု အင်အားကို အထူးရယူနိုင်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက် ဂျပန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 30 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက် ရှိနေကြောင်း အသိအမှတ်ပြုလိုက်ပြီး၊ People’s Party ကမူ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 73 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။ ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ အရေးပါသော ဆွေးနွေးပွဲများ ပြုလုပ်ပြီးစီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက် အိုမန်နိုင်ငံတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးခဲ့ကြ ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “ အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ “ အီရန်က သဘောတူညီမှုတစ်ခုရဖို့
နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏ အကြီးဆုံးသော သုသာန်ကြီးမှာ ကွယ်လွန်သွားသော ချစ်ခင်ရသူများကို လာရောက် ဂါရဝပြုကြသူများဖြင့် သက်ဝင်လှုပ်ရှားလာလေ့ရှိသည်။ အစိုးရဆန့်ကျင်ရေး
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 41 Views
CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက် အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။