နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။

မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာကြောင့် အခြေအနေ မကောင်းတော့ ဘူးဆိုတာ သိလာတာတဲ့အတွက် ဘုရားသုံးဆူကို ကြိုတင်ဂွင်ပြောင်းခဲ့တာကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး တစနဲ့တစ အတွင်းလမ်းကနေ ဘုရားသုံးဆူကို ရွှေ့လာပြီး ဘုရားသုံးဆူမြို့ထဲမှာ တရုတ်နိုက်ကလပ်တွေ စားသောက် ဆိုင်တွေ အလှပြင်ဆိုင်တွေနဲ့ လူထောင်နဲ့ချီပြီး စည်ကားလာခဲ့ပါတယ်။ တရုတ်တွေ ဘုရားသုံးဆူမြို့မှာ ပေါ်ပေါ်ထင်ထင် သွားလာနေတာကို DKBA ရဲဘော်တွေက လုံခြုံရေးယူပေးခဲ့ပါတယ်။ ဘုရားသုံးဆူ မြို့သူမြို့သားတွေ ပထမဆုံး ခံစားရတာကတော့ ကုန်ဈေးနှုန်းတွေတက်လာတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 အဲဒီနောက် မြဝတီမှာ တရုတ်သရုပ်ဆောင်ကို လိမ်ခေါ်သွားတဲ့ ကိစ္စဖြစ်လာပြီး ဖိအားတွေ အရေးယူမှုတွေ ထိုင်းနဲ့တရုတ်ဖက်က လုပ်တာတဲ့အခါ လျှပ်စစ်မီးတွေဖြတ်တောက်တာ လောင်စာဆီတွေ ဖြတ်တာတွေ ကြောင့် ကျားဖျံတွေကို နေရာပေးပြီး ဒေါ်လာသန်းချီရနေတဲ့ စောချစ်သူတယောက် ဗျာများသွားခဲ့ရပါတယ်၊ စောချစ်သူအုပ်စီးတဲ့ ကေကေပတ်နဲ့ ရွှေကုက္ကိုကနေ ရာဇဝတ်ဂိုဏ်းတွေက ကျွန်ပြုခိုင်းစေ ထားတဲ့ လူတွေထောင်ချီ ထိုင်းဖက်ကမ်းကို ပို့ပြီး နိုင်ငံတကာဖိအားတွေကို လျော့ပါးအောင် ထိုင်းဖက်ကို ပြန်ပို့ပေးနေတဲ့အချိန်မှာ ဘုရားသုံးဆူကနေ ထိုင်းဖက်ကို တယောက်မှ ပြန်ပို့တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဘုရားသုံးဆူမှာရှိနေတဲ့ ကျားဖျံ တရုတ်တွေ မြို့ပေါ်ကနေ နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒါဆိုသူတို့ဘယ်ကိုရောက်သွားပြီလဲ?

တရားမဝင်အွန်လိုင်းလောင်းကစားဆိုဒ်တွေ၊ ကာစီနိုတွေ၊ စားသောက်ဆိုင်တွေနဲ့ တရားမဝင် ရောင်းဝယ်မှု ဒါမှမဟုတ် အခြားလိမ်လည်လှည့်စားမှုတွေ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံသားတွေဟာ ဖေဖော်ဝါရီလ ကုန်မှာ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ကနေ ထွက်ခွာရမှာဖြစ်ကြောင်း DKBA က ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

အမှန်တော့ ထိုင်းက ဘုရားသုံးဆူကိုလည်း ပိတ်ထားတယ်ဆိုပေမဲ့ ဆယ်ဘီးကားကြီးတွေ တနေ့တနေ့ ထိုင်းဖက်ကနေ မြန်မာပြည်ထဲကို နေ့စဥ် အစီး ၂၀-၃၀ ဝင်နေဆဲဖြစ်ပြီး ဂျင်နရေတာမီးစက်ကြီးတွေ ဆီတင်ဘောက်ဆာ ကားကြီးတွေ ဘိလပ်မြေအိတ်တွေ တောလမ်းက ဝင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကျားဖျံတွေအတွက် နေရာအသစ်ကို DKBA ဗိုလ်အေးဝမ်းက ချက်ချင်းစီစဥ်ပေးခဲ့တဲ့နေရာကတော့ အပန်းဖြေနေရာအဖြစ် သတ်မှတ်တည်ဆောက်ထားတဲ့ ဘုရားသုံးဆူကနေ ၁၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ ရေတံခွန်တွေ တည်ရှိရာ ထီးလောင်းရှည် ရေတံခွန်ပတ်ဝန်းကျင် ဖြစ်ပါတယ်။

အဲဒီနေရာမှာ အဆောက်အအုံကြီးတွေကို နေ့ဆိုင်းညဆိုင်းနဲ့ ဆောက်လုပ်နေရေး လုပ်တာတွေ ဖေဖော်ဝါရီလ လယ်လောက်ကစပြီး လုပ်ခဲ့ကြပါတယ်။ လက်သမားတွေကို အညာကသူတွေကို ခေါ်ခိုင်းတယ်။ သူတို့အကြောင်းတွေကို မသိသူတွေပေါ့။

အခုအဆောက်အအုံတွေ အခိုင်အမာဆောက်ပြီးတဲ့အခါမှာတော့ အပြင်လူတွေ ဝင်ခွင့်မပေးတော့ဘူး။ ဖားနှစ်ကောင်ဖက်မှာလည်း ရှိတယ်။ လူဦးရေ ထောင်နဲ့ချီရှိတယ် ၃-၄ ထောင် အနည်းဆုံးရှိတယ်လို့ သိရတယ်။ အစားအစာသိုလှောင်တဲ့ အအေးခဲခန်းကြီးတွေရှိတယ်၊ မီးစက်အကြီးကြီးတွေ ရှိတယ်။ စတားလင့်တွေနဲ့ အင်တာနက်သုံးနေကြတယ်။ ကျားဖျံအလုပ်ကို ဆက်လုပ်နေကြပြီ ရပ်မသွားဘူး။ အဆောက်အအုံတွေက ပေ ၁၀၀ ကျော် အရှည်ရှိတယ်၊ တထပ်အဆောက်အအုံတွေ ဆိုပေမဲ့ မြေအောက်မှာ တထပ်အခိုင်အခန့် ဆောက်ထားတဲ့တထပ် ရှိသေးတယ်။ အဲဒီလို အဆောက်အအုံတွေ ၁၅ -၂၀ ခုလောက် ရေတံခွန်ပတ်ပတ်လည်မှာ ဆောက်ထားပြီး အနီးအနားကို ဘယ်သူမှ အဝင်မခံဘူး။

တရုတ်တွေ၊ နိုင်ငံခြားသားတွေ၊ မူဆလင်တွေ၊ ဂျပန်တွေ၊  ကိုရီးယားတွေ၊  လူဖြူတွေ လူမျိုးစုံ ရှိတယ်။ နိုင်ငံပေါင်းစုံ ကိုလိမ်လည်ဖို့ ဘာသာစကား ကျွမ်းကျင်တဲ့ လူမျိုးအားလုံးကို ခေါ်ထားတဲ့သဘောပေါ့။  ခြံဝင်းကို ၂ထပ်ကာထားတယ်။ ရေတံခွန်ကနေ စီးဆင်းနေတဲ့ ချောင်းကမ်းပတ်ပတ်လည်မှာ အဆောက်အအုံတွေ ဆောက်ထားတဲ့အတွက် ရေကောင်း‌ရေသန့်တွေကို သုံးနိုင်သလို ချောင်းထဲလဲ တရုတ်တွေ ဆင်းကူးနိုင်လို့ အကြိုက်တွေ့နေပြီး သူတို့စားဖို့ ပုဇွန်ထုတ်ကြီးတွေ ဂဏန်းတွေ ကြက်တွေ ဝက်တွေကို ဒေသခံတွေက သွားရောင်းချင်ရင် ဝင်နိုင်ဖို့ ဘတ် ၃၀၀ ပေးပြီး ကဒ်လုပ်ထားပြီးမှ အဲဒီကဒ်နဲ့မှဝင်လို့ရတယ်။

သူတို့ကို ဘုရားသုံးဆူက DKBA ခေါင်းဆောင် ဗိုလ်အေဝမ်းက အဓိကတာဝန်ခံပြီး အကာအကွယ်ပေးထားတယ်။ ဗိုလ်အေဝမ်းက စောချစ်သူရဲ့ တပည့်ဖြစ်တဲ့အတွက် စောချစ်သူ စီမံတဲ့အတိုင်း ဆောင်ရွက်ပေးနေတယ်လို့ ယူဆရပါတယ်။ တဖက်မှာလည်း ဗိုလ်အေဝမ်းက PDF ကလေးတွေကို နေရာပေးပြီး တဖက်မှာလည်း စကစနဲ့ညှိပြီး ဘုရားသုံးဆူကုန်သွယ်ရေးလမ်းကို ပြည်တွင်းနဲ့ လမ်းဖောက်ထားတယ်။

ရေတံခွန်တွေ တည်ရှိရာ ထီးလောင်းရှည် ရေတံခွန်ပတ်ဝန်းကျင်(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 15 Views
မတ်လ (၄)ရက်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ လွတ်ရမယ့် နိုင်/ကျဉ်း (၂၀၀)ကျော်ကို ဆက်အကျဉ်းချထားဆဲလို့ဆို

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 17 Views
မတ်လ (၄)ရက်။ အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၂(က)နဲ့ ပုဒ်မ ၅၀(ည)တို့နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ နာမည်ပါပေမယ့် မလွတ်လာသေးဘူးလို့ PPNM
မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 40 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 34 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု ကမ္ဘာ့အလယ်ပိုင်းအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသထဲ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက် အတားအဆီး
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ (Operation Epic Fury) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 29 Views
နိုင်ငံခြားသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ (၃)ရက် လက်ရှိ စစ်ရေးအခြေအနေနှင့် အဓိကဖြစ်ရပ်များ အဓိကတိုက်ခိုက်မှု စတင်ခြင်း (ဖေဖော်ဝါရီ ၂၈ရက်) အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများ၊ ဒုံးကျည်စခန်းများနှင့် အစိုးရခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ
မြန်မာသတင်း

ဖောင်းပြင်မြို့မှာ စစ်ကော်မရှင်စခန်းက တပ်ကြပ်တဦး မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထံ အလင်းဝင်

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 26 Views
မတ်လ (၃)ရက်။ ဖောင်းပြင်မြို့ အင်းဝိုင်းလမ်းဆုံရှိ စစ်ကော်မရှင်စခန်းက တပ်ကြပ်အဆင့်ရှိသူတဦး အလင်းဝင်လာခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၈ရက်နေ့က ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ရှေ့တန်းစခန်းနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ အင်းဝိုင်းလမ်းဆုံက စကမစခန်းက တပ်ကြပ်အဆင့်တဦး
မြန်မာသတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 27 Views
‌မတ်လ (၃)ရက်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲသပ်လျှိုဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေတယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးချပြီး သတင်းတု၊
မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 32 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်လွီထူခရိုင် ထောင်က KNU ဥက္ကဋ္ဌရဲ့ အမိန့်နဲ့ ကော်သူးလေ