မေလ (၅)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာကြဲချသွားတာ။ ထိခိုက်တဲ့အခြေအနေကိုတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချသွားကာ ထိခိုက်တဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီဟာ မေလထဲ TNLA အုပ်ချုပ်တဲ့ မိုးကုတ်နဲ့ နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးတွေ နေ့တိုင်း ကြဲချတိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။
မေလကုန်ပိုင်းက ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့သလို TNLA အုပ်ချုပ်ထားတဲ့ မြို့နယ်တွေကနေ တပ်တွေပြန်ဆုတ်ဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲ မအောင်မြင်တာကြောင့် အပစ်ရပ်ထားတဲ့ TNLA ရဲ့ နယ်မြေတွေကို စစ်ကောင်စီက နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
အခုလို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။
