နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ထရမ့်၏ အီရန်အပေါ် တိုက်ခိုက်မှုသည် မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယား လက်နက်များကို ထိန်းသိမ်းထားရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားခြင်းကို ဖြစ်စေခဲ့သည်။

CNN ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက်

အမေရိကန် B-2 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး တီဟီရန်၏နျူကလီးယားရည်မှန်းချက်များနှင့် ဆက်စပ်နေသည့် အဆောက်အအုံများကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ခြင်းကို – အီရန်ထက် အဆပေါင်းများစွာ နျူကလီးယား လက်နက်များ ပိုမိုအဆင့်မြင့်သော မြောက်ကိုရီးယားသို့ မည်သည့် သတင်းစကားကို ပို့ပေးခဲ့သနည်းဟု အရှေ့အာရှရှိ မူဝါဒချမှတ်သူများနှင့် လေ့လာသုံးသပ် သူများက ဝေဖန်မေးခွန်းထုတ်နေကြပြီဖြစ်သည် ။

ဝါရှင်တန်၏ စစ်ရေးဆောင်ရွက်မှုများသည် ၎င်း၏လက်နက်အစီအစဉ်ကို အရှိန်မြှင့်ရန်နှင့် ရုရှားနှင့် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ပြုံယမ်း၏သန္နိဋ္ဌာန်ကို ခိုင်မာစေနိုင်ကြောင်းနှင့် နျူကလီးယားလက်နက်များသည် အမေရိကန်၏ တွန်းအား ပေးထားသော အစိုးရအပြောင်းအလဲဖြစ်ပေါ်ရန် အားထုတ်မှုအပေါ် အဆုံးစွန်သော အဟန့်အတားဖြစ်စေကြောင်း ၎င်း၏ခေါင်းဆောင် ကင်ဂျုံအွန် (Kim Jong Un) ၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေရန် အားဖြည့်ပေးသည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။

မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်ရန် နှစ်ရှည်လများအမေရိကန်ကဆွဲဆောင် ကြိုးပမ်းခဲ့သော်လည်း ကင်ဂျုံအွန်အစိုးရသည် နျူလက်နက်မျိုးစုံအပြင် အမေရိကန်အထိ ရောက်ရှိနိုင်သည့် ဒုံးကျည်များပါရှိမည်ဟု ယူဆထားသော်လည်း ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်နိုင်ချေရှိသော စစ်ရေးတိုက်ခိုက်မှု မှန်သမျှသည် ကြီးမားသောအန္တရာယ်များကို သယ်ဆောင်လာနိုင်သည်။

“ သမ္မတ ထရန့်၏ အီရန်နျူကလီးယားစက်ရုံများကို လုပ်ကြံတိုက်ခိုက်ခြင်းသည် မြောက်ကိုရီးယား၏ ကာလရှည်ကြာ ရှင်သန်နိုင်ရေးအတွက် နျူကလီးယား လက်နက်ကိုင်ဆွဲ ထားရေးနှင့် နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ၏တရားဝင်မှုကို ပိုမိုအားဖြည့်ပေးလိမ့်မည်” ဟု တောင်ကိုရီးယား Kyungnam တက္ကသိုလ်မှ မြောက်ကိုရီးယားလေ့လာရေး ပါမောက္ခ လင်မ် အီလ် ချူလ် (Lim Eul-chul) က ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားက မကြာသေးမီက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုအဖြစ် ခံယူထားပြီး ကြိုတင် ကာကွယ်တဲ့ နျူကလီးယားဒုံးကျည် တိုက်ခိုက်မှုတွေအတွက် သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်နိုင်လိမ့်မယ်လို့ လင်မ် (Lim) က ဆိုပါတယ်။

မော်စကို၏ ယူကရိန်းကိုကျူးကျော်ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံသည် စစ်ရေးအရ ပူးပေါင်းလုပ်‌ဆောင်နေခြင်း အဖြစ်မှ ယခုအီရန်အားတိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံကို ပိုမိုနီးကပ်စွာ အရှိန်အဟုန်ဖြင့် ဖြစ်လာနိုင်ကြောင်း သုံးသပ်သူများက သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 25 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် အီရန်နှင့်စစ်ပွဲ: အစ္စရေးသည် လေဘနွန်အတွင်း ထိုးစစ်များကို အရှိန်မြှင့်နေစဉ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 32 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 37 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်