နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ

ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။

ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။

ဇူလိုင်၁၅ရက်နေ့က ဆိုင်ကယ်စီး ခရီးထွက်လာတဲ့ GZA ခေါင်းဆောင် ကိုဂျီဇက်နဲ့ ရဲဘော် ၄ ယောက်တို့ကို ဂန့်ဂေါ်မြို့နယ်ထီးလင်းနားမှာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၀)တပ်ခွဲ(၇)က ပစ်ခတ် ခဲ့တဲ့အတွက် GZAက တပ်ရင်းမှူးတယောက်နဲ့ ကိုယ်ရံတော်ရဲဘော်တယောက် ကို ကျဥ်ထိမှန်ခဲ့ပြီးဖမ်းဆီးခံခဲ့ရပါတယ်။ မော်တော်ဆိုင်မောင်းတဲ့ ရဲဘော်ကို လက်မောင်းရိုး ကျိုးကြေစေခဲ့သလို့ပေါင်နဲ့ဝမ်းဗိုက်မှာလည်းထိမှန်ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်ခဲ့ပြီး စိုးရိမ် ရတဲ့ အခြေအနေ ရှိပါတယ်။ တပ်ရင်းမှူးလုပ်သူရဲ့ပေါင်ကို ကျဥ်ထုတ်ခြင်း ဖောက်သွား ခဲ့ပါတယ်။ အဲ့ဒီအပြင် မော်တော်ဆိုင်ကယ်ပေါ်က ကျကျန်ခဲ့တဲ့ ရဲမေတစ်ဦးကိုလည်း ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ ဒီတိုက်ခိုက်မှုမှာ ယောကာကွယ်ရေး တပ်ဖွဲ့ YDFမှာ ပြစ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျနေသူတွေ ကထောင်မှူးလုပ်သူကို သတ်ပြီးထွက်ပြေးသူတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။ ဂန့်ဂေါတပ်ရင်း(၁၀) တပ်ခွဲ (၇) ဟာ YDFက တပ်ပြေးရာဇဝတ်သားတွေကို ခိုလှုံခွင့် အကာအကွယ်ပေးထားပြီး YDFနဲ့မဟာမိတ်အဖြစ်လက်တွဲထားတဲ့ GZAကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်နဂါးဦးစီးတဲ့ BNRAနဲ့လည်း GZAက ပုလဲမြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်ပြီး အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ အဖွဲ့ဖြစ်တဲ့အတွက် BNRAကလည်း စာထုတ်ပြန် ပြီး ရှုတ်ချခဲ့ပါတယ်။ ချင်းညီနောင် Chin Brotherhood (CB) ကလည်း စာထုတ်ပြန်ပြီး GZA နဲ့သွေးစည်းကြောင်းကိုပြသခဲ့ပါတယ်။ ဘုံရန်သူပျောက်ပြီးတော်လှန်ရေးသမားအချင်းချင်းပြန်တိုက်နေကြတာကို မဖြစ်သင့်ကြောင်းပြည်သူအများသိအောင်တင်ပြပေးလိုက်ပါတယ်။

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အစ္စရေး အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး)

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 38 Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး) ဒုတိယပိုင်းမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ ဘယ်သူတွေက အနိုင်ရသလဲ၊  အနိုင်ရသူကဘာအကျိုးအမြတ်တွေရခဲ့သလဲဆိုတာတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဦးထွန်းအောင်ကျော်ကသူဟာလူသားဝါဒီတယောက်ဖြစ်ပြီး
အတွေးအမြင်ကဏ္ဍ

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? (ပထမပိုင်း)

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 31 Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? မြန်မာနိုင်ငံကတချို့သူတွေက အာရပ်တွေက မွတ်ဆလင်တွေ ဖြစ်တဲ့အတွက် အစ္စရေးကို ထောက်ခံကြတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် မဘသတွေက
ဆောင်းပါးများ မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာ့အိမ်နီးချင်းတွေ ယုတ်မာနေကြပြီလား။

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 205 Views
သမိုင်းကို ပြန်လည်တူးဖော်ကြည့်ခြင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို နင်းချဖို့၊ ဖျက်စီးနှောက်ယှက်ဖို့လည်း ဝန်မလေးကြပါဘူး။ ဒီနေ့ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းက အလွန်ကြောက်စရာကောင်းပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့လွတ်လပ်ခွင့်တွေထဲက
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 96 Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင် (၂) NUG ဝန်ကြီးတူးခေါင်ရဲ့ ဝေဖန်ထောက်ပြသူတွေကို ဖက်ဆစ်စစ်တပ်နဲ့ ခိုင်းနှိုင်းစွပ်စွဲတဲ့
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 148 Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။ ဂျပန်နိုင်ငံ၊
အတွေးအမြင်ကဏ္ဍ

လူမွဲနိုင်ငံ ဘာကြောင့် ဖြစ်သွားရတာလဲ။ တရားခံဘယ်သူလဲ။

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 116 Views
အတွေးအခေါ်တော်လှန်ရေး အပိုင်း (၂) လူမွဲနိုင်ငံ ဘာကြောင့် ဖြစ်သွားရတာလဲ။ တရားခံဘယ်သူလဲ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဘဝကနေ ၁၉၆၂ ခုနှစ်၊ မတ်လ(၂) ရက်နေ့မှာစစ်အာဏာသိမ်းခံခဲ့ရပြီး ၁၉၈၇ ခုနှစ်မှာ လူမွဲနိုင်ငံဘဝကို ကျ‌ရောက်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်ဒီမိုကရေစီတောင်းဆိုတဲ့
အတွေးအမြင်ကဏ္ဍ

“NUG တရုတ်ချော့တေးနဲ့ စစ်အနိုင်တိုက်ရေး ဘာကို ရွေးမလဲ?”

  • 2025 ခုနှစ်၊ မေလ 4 ရက်
  • 128 Views
“NUG တရုတ်ချော့တေးနဲ့ စစ်အနိုင်တိုက်ရေး ဘာကို ရွေးမလဲ?”  ဒီတနင်္ဂနွေ ဆွေးနွေးမဲ့အကြောင်းအရာတွေကတော့ NUG ဟာ တရုတ်ရဲ့ ရန်သူမဟုတ်သလို အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့ မဟုတ်ဘူးဆိုတာ တိတိကျကျ ပြောဆိုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်း ကက်ဘိနက်
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အာရှ

CNN မှာ ဟယ်လင် ရီဂင် (Helen Regan) မှ လေ့လာသုံးသပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါး (ခေတ်မျက်လုံးမှ ဘာသာပြန်သည်)

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 112 Views
၂၀၂၅ခုနှစ်၊ မေလ ၃ရက်။ မြန်​မာ့​ငလျင်​က စစ်​ဘေး​ဒဏ်​သင့်​တဲ့​နိုင်ငံ​ကို ပျက်စီး​စေခဲ့သည်။ သို့ရာတွင် ကဲ့ရဲ့ရှုံ့ချခံခဲ့ရသော စစ်ခေါင်းဆောင်များအတွက် အခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်။ မြေငလျင်များသည် မိမိတို့ချစ်ခင်ရသူ၊ အိမ်ရာများနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသူများအတွက် ဆိုးရွားလွန်းလှသော်လည်း အာဏာကို ဆုပ်ကိုင်ထားသော