နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာတွင် ငတ်မွတ်ခေါင်းပါးမှု မြင်ကွင်းများကြောင့် ဗြိတိန်လူမျိုးများက ထကြွ ဆူပူ ခဲ့ကြသည်ဟု စတာမာ (Starmer) က ထရန့် နှင့် အတူပြောခဲ့သည်။

CNN-၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ရက်

ဗြိတိန်၀န်ကြီးချုပ်ကီရာစတာမာက ဂါဇာကမ်းမြောင်ဒေသတွင် ငတ်မွတ်ခေါင်းပါး နေသူများ၏ ရုပ်ပုံများကြောင့် ဗြိတိန်လူထုက ထကြွဆူပူနေကြကြောင်းနှင့် ကမ်းမြှောင် အတွင်းသို့ အကူအညီများ ပိုမိုပို့ပေးရန် တိုက်တွန်းထားသည်။

“ ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခုပါ။ ဒါဟာ လုံးဝ ကပ်ဆိုးကြီးပါပဲ။ ဒါကို ဘယ်သူမှ မမြင်ချင်ကြပါဘူး။ ပြီးတော့ ဗြိတိန်က လူတွေဟာ သူတို့ရဲ့ ဖန်သားပြင်တွေပေါ်မှာ မတရားမှုတွေကို မြင်နေရတာကြောင့် မကျေမနပ် ထကြွဆူပူ နေကြတယ်လို့ ထင်ပါတယ်” ဟု စကော့တလန်၊ တန်ဘာရီ(Turnberry) ရှိ ၎င်း၏ ဂေါက်ရိုက်အပန်းဖြေစခန်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့်အတူရှိနေစဥ် စတာမာ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ် ရပ်စဲရေးရရှိရန် ဦးဆောင်ကြိုးပမ်းမှုအတွက် ထရမ့်အား ကျေးဇူးတင်ရှိသော်လည်း ၎င်းဒေသ၏ငတ်မွတ်ခေါင်းပါးသော လူဦးရေအတွက် အကူအညီများ ပိုမိုပံ့ပိုးပေးရန် လိုအပ်ကြောင်း စတားမာက အလေးပေးပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပို့ဆောင်ရန် ဗြိတိန်သည် ဂျော်ဒန်နိုင်ငံနှင့် လက်တွဲ လုပ်ဆောင်နေပြီး အကူအညီများ သယ်ဆောင်သည့် ထရပ်ကားများသည် အစ္စရေး၏ ရှုပ်ထွေးသော ထောက်ပံ့ပို့ဆောင်ရေး အဟန့်အတားများနှင့် ရင်ဆိုင်ရဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ “ ဒါဟာ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပဲ” ဟု စတားမာက ပြောကြားခဲ့သည်။

စတာမာသည် သူ၏လေဘာပါတီအတွင်း အစ္စ‌ရေးကို တင်းမာစွာဆက်ဆံရန် ဖိအားပေးခြင်းခံနေရပြီး တဖက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာပြီးနောက် G7 နိုင်ငံများအကြားတွင် ပထမဆုံးဆောင်ရွက်သော နိုင်ငံဖြစ်လာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 38 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် အီရန်နှင့်စစ်ပွဲ: အစ္စရေးသည် လေဘနွန်အတွင်း ထိုးစစ်များကို အရှိန်မြှင့်နေစဉ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 39 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 42 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်