နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဒီမိုကရက်တစ် အတိုက်အခံများ ကြီးထွားလာပြီး MAGA လှုပ်ရှားမှု နှစ်ခြမ်းကွဲသွားသဖြင့် ဂါဇာတွင် အစ္စရေး၏ လုပ်ဆောင်ချက်များအတွက် အမေရိကန်၏ ထောက်ခံမှု ကျဆင်းသွားသည်။

သြဂုတ် ၁ ရက်၊ ၂၀၂၅

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ စစ်ရေးလုပ်ဆောင်မှုများကြောင့် အမေရိကန် ထောက်ခံမှု အရှိန်အဟုန်ဖြင့် ကျဆင်းလာမှုကို အစ္စရေးလိုလားသော ဒီမိုကရက်များနှင့် သမ္မတ ‌ဒေါ်နယ်ထရန့် ၏ ကာလကြာရှည် မဟာမိတ်အချို့က အမေရိကန်အနေနှင့် ၎င်း၏ရပ်တည်မှုကို အပြီးတိုင် ပျက်စီးစေနိုင်ကြောင်း သတိပေးခဲ့သည်။

ယခုသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် Gallup စစ်တမ်းတစ်ခုတွင် အမေရိကန် အရွယ်ရောက်ပြီးသူ ၃၂ ရာခိုင်နှုန်းက ဂါဇာတွင် အစ္စရေး၏ စစ်ရေးလုပ်ဆောင်မှုများကို ထောက်ခံကြောင်းနိမ့်ပါးသွားသည်ကို တွေ့ရှိခဲ့သည်။ ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် စစ်ပွဲစတင်ကတည်းက စံချိန်တင်နိမ့်ကျလာခဲ့သည်။ စစ်တမ်းတွင် အပြင်းထန်ဆုံး ပါတီခွဲကို တွေ့ရှိရသည်။ အစ္စရေး၏စစ်ရေးလှုပ်ရှားမှုများကို ထောက်ခံသည့် ရီပတ်ဘလစ်ကန်များဟု သတ်မှတ်သူများတွင် ထောက်ခံမှု ၇၁% မှာ အားကောင်းနေဆဲဖြစ်သည်။ သို့ရာတွင် ဒီမိုကရက်ပါတီတွင် ၈% နဲ့ တစ်သီးပုဂ္ဂလများ၏ ၂၅% မျှသာ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်ခံသည်ဟု ပြောကြပါသည်။

အစ္စရေးကို ကျောထောက်နောက်ခံပြုသူများအတွက် အဆိုးဆုံးရေရှည် လက္ခဏာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စစ်တမ်းတွင် နိုင်ငံရေးပါတီအားလုံး၏ အသက် ၁၈မှ ၃၄ နှစ်ကြားရှိသူများက ၎င်း၏လုပ်ဆောင်ချက်များအတွက် ထောက်ခံမှု ၉% သာ တွေ့ရှိခဲ့သည်။

အများသူငှာ ထင်မြင်ယူဆချက် အပြောင်းအလဲသည် ပါတီနှစ်ခုစလုံးအတွက် အရေးကြီးသော သက်ရောက်မှုများရှိသည်။ ထရန့် ၏ အမေရိကန်ပြန်လည်ကြီးမြတ် လာရမည်ဆိုသည့် MAGA လှုပ်ရှားမှု၏ အဓိကအဖွဲ့ဝင်အချို့က အစ္စရေးကို ဆက်လက် ထောက်ခံခြင်း ရှိ၊ မရှိ မေးခွန်းထုတ် နေကြသော်လည်း ဒီမိုကရက်များကြားတွင် ထိုသို့ ကျဆင်းလာမှုသည် ၂၀၂၆ နှင့် ၂၀၂၈ ခုနှစ်များတွင်ပြုလုပ်မည့်ရွေးကောက်ပွဲများတွင် ပါတီအတွက် အကျိုးသက်ရောက်နိုင်ဖွယ်ရှိသည်။

အစ္စရေးကို အမေရိကန် ထောက်ခံမှု ပြိုလဲကျမှုသည် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အစ္စရေးသည် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဆုံးသတ်ရန် အဓိကခြေလှမ်းများ မလုပ်ဆောင်ပါက ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု ယခုသီတင်းပတ်တွင် ဗြိတိန်က ပြောကြားခဲ့သည်။ အဆိုပါ ကြေညာချက်သည် ပြင်သစ်နိုင်ငံ၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဝိုင်းရံထားသည့် ဂါဇာကမ်းမြှောင်တွင် လူသားချင်းစာနာထောက်ထားမှု အပြည့်အ၀တုံ့ပြန်ရန် အချိန်ကုန်လွန်နေပြီဟု ကုလသမဂ္ဂအေဂျင်စီများက သတိပေးထားသည်။ ကိန်းဂဏန်း အချက်အလက်များအရ လူ ၃ ဦးတွင် တစ်ဦး (၃၉%) သည် ယခုအခါ တရက်လုံးလုံး အစာရေဆာမစားရဘဲ နေနေကြရသည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့ပြီး လူပေါင်း ၅၀၀,၀၀၀ ကျော် ဂါဇာရှိ လူဦးရေ၏ လေးပုံ တစ်ပုံနီးပါးသည် “အစာငတ်မွတ်ခြင်းကဲ့သို့သော အခြေအနေများကို ကြံ့ကြံ့ခံနေကြရသည်ဟု ဆိုသည်။

နှစ်ဖက်ပါတီ၏အစ္စရေးမဟာမိတ်ကော်မတီ တွင် ပူးတွဲဥက္ကဋ္ဌဖြစ်သည့် ကယ်လီဖိုးနီးယား ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ဘရတ် ရှာမန် (Brad Sherman) က အစ္စရေးသည် ကမ္ဘာတစ်ဝှမ်းရှိ လူထုသဘောထား တိုက်ပွဲတွင် ရှုံးနိမ့်သွားကြောင်း CNN သို့ ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဂါဇာတွင် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဟားမတ်စ်သည် အရပ်သားများထိခိုက်ဒဏ်ရာရမှုများ ဖြစ်နေခြင်းကိုဂရုမစိုက်ဘဲ “ကမ္ဘာပေါ်ရှိ အစ္စရေး၏ ရပ်တည်ချက်ကို ပျက်ပြားစေရန်” လိုလိုလားလား လုပ်ဆောင်ပြီး၎င်း၏ ရည်မှန်းချက်များမှာ “တဖက်နှင့်တဖက်ဟန်ချက်ညီဆန့်ကျင် ထိန်းညှိရန် ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

“အစ္စရေးအနေနဲ့ ဆုံးဖြတ်ရတော့မယ် သူ့ရဲ့ စစ်ရေးရည်မှန်းချက်က ဘာလဲ၊ မိမိရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကမ္ဘာတစ်ဝှမ်းက ကိုယ့်ရဲ့ပုံရိပ်ကိုထိန်းသိမ်းနိုင်ဖို့ နားလည် သဘောပေါက်ဖို့နဲ့ ဘယ်လောက်အထိ အသေအပျောက်တွေ ဖြစ်စေချင်တာလဲဆိုတာကို အစ္စရေးက ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ရှာမန် (Sherman) က ပြောကြားခဲ့သည်။ “ ခင်ဗျားတို့ လိုချင်တာမှန်သမျှ မရနိုင်ဘူး၊ ခင်ဗျားတို့ရဲ့ ကမ္ဘာ့မှာရှိတဲ့ ပုံရိပ်က အရေးကြီးတယ်။”

MAGA ၏ သံသယ

ဂါဇာတွင် ငတ်မွတ်ခေါင်းပါးမှု မရှိဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုက ပြောကြားခဲ့သောကိစ္စနှင့်ပတ်သက်ပြီး တနင်္လာနေ့တွင် ထရန့်နှင့် နေတင်ရာဟုတို့ အငြင်းပွားခဲ့ပြီးနောက် GOP အတွင်း၊ အစ္စရေး၏ လုပ်ရပ်များအပေါ် အကွဲအပြဲများ ထွက်ပေါ်လာခဲ့သည်။

“ ဒါဟာ တကယ့်ငတ်မွတ်ခေါင်းပါးတဲ့ အရာပါပဲ” ဟု ထရန့် က ပြောကြားခဲ့သည်။ “ အဲဒါကို ငါမြင်တယ်၊ မင်း အဲဒါကို အတုလုပ်လို့မရဘူး။ ဒါဆို ငါတို့က ပိုလို့တောင်ပါဝင် ပတ်သက် လာရလိမ့်မယ်” ဟုထရန့်ကပြောခဲ့သည်။

ထရန့်၏ “အမေရိကန် ပြန်လည်ကြီးမြတ်လာရေး” လှုပ်ရှားမှုတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂျော်ဂျီယာပြည်နယ် အောက်လွှတ်တော်အမတ် မာဂျော်ရီ တေလာ ဂရင်း (Marjorie Taylor Greene) သည် ဂါဇာရှိအကျပ်အတည်းကို “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် တနင်္လာနေ့ညက ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြသည့် ကွန်ဂရက်တွင် ပထမဆုံး ရီပတ်ဘလီကန်အမတ်ဖြစ်လာခဲ့သည်။

“အစ္စရေးနိုင်ငံမှာ အောက်တိုဘာ ၇ ရက်ဟာ ကြောက်မက်ဖွယ်ကောင်းပြီး ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးရမယ်လို့ ပြောရတာဟာ အရှင်းဆုံးနဲ့ အလွယ်ဆုံးအရာပဲ၊ ဒါပေမယ့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်” ဟု ဂရင်းက ပြောကြားခဲ့သည်။

အစ္စရေးကို ခိုင်မာစွာ ထောက်ခံအားပေးသူ ဖလော်ရီဒါပြည်နယ် GOP ကိုယ်စားလှယ် ရန်ဒီ ဖိုင်း (Randy Fine) ၏ ရှည်လျားစွာ ဝေဖန်သည့် ပို့စ်ထွက်ပေါ် လာသည်။

“အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှုကို လုပ်ဆောင်နေသည်ဟု ဆိုသူများသည် ဂျူးဆန့်ကျင်သူများ သို့မဟုတ် ဦးနှောက် မရှိသူများ သို့မဟုတ် နှစ်မျိုးလုံးဖြစ်သည်” ဟု ဖိုင်း က CNN သို့ပြောကြားခဲ့သည်။

“တကယ်လို့ အစ္စရေးက ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ချင်တယ်ဆိုရင် သူတို့မှာ လုပ်နိုင်စွမ်းရှိတယ်။ လွန်ခဲ့တဲ့ ၁၈ လထဲက ပြီးသွားမှာ ဖြစ်ပြီး နှစ်ရက်အတွင်း ပြီးသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ “အစ္စရေးမှာ ဂါဇာကမ်းမြောင်ကလူတိုင်းကို သတ်နိုင်တဲ့ အစွမ်းရှိပေမယ့် သူတို့မသေပါဘူး။ ဂါဇာကမ်းမြောင်က အာရပ်တွေရဲ့ သေဆုံးမှုကို လျှော့ချဖို့အတွက် အစ္စရေးစစ်သား ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။”

“ရန်သူသေဆုံးမှုကို အနည်းဆုံးဖြစ်စေရန်” အစ္စရေးက ၎င်း၏စစ်သည်များအား အန္တရာယ်ဖြစ်စေခြင်းက ရပ်တန့်သင့်သည်ဟု ၎င်းက စောဒကတက်ခဲ့သည်။

“ အစ္စရေးဟာကျန်ကမ္ဘာ့က ဘာတွေတွေးမြင်နေတယ်ဆိုတာကို ဂရုမစိုက်ဘဲ ကိုယ်အလုပ်ကို ကိုယ်လုပ်သင့်တယ်။ နိုင်ငံရေးသဘောထားများဟာ စစ်ပွဲတွေကို မနိုင်နိုင်ပါ။” ဟု ဖိုင်းက ဆက်ပြောသည်။

ရီပတ်ဘလစ်ကန်အများအပြားက ဖိုင်းကို သဘောတူဆဲဖြစ်သော်လည်း၊ ထရန့် ၏ဗျူဟာမှူး ဖြစ်သူ စတိ့ဗ် ဘင်နွမ် (Steve Bannon) က ထရန့်၏ MAGA လှုပ်ရှားမှုတွင် အသက် ၃၀ နှစ်အောက်သူတို့တွင် “ အစ္စရေးကို ထောက်ခံမှုအလွန်နည်းပါးကြောင်း” အင်္ဂါနေ့တွင် ပြောကြား ခဲ့သည်။

“အခု၊ အစ္စရေးကို ထောက်ခံတဲ့သူတွေတောင် ဟိုမှာသွားထိုင်နေကြတာ၊ ဒီမှာ ဘာတွေများစိုးရိမ်ရလောက်အောင်ဖြစ်နေတာလဲ” ဘင်နွမ်က ပြောသည်။

ဒီမိုကရက်များအတွက် ‘စိတ်သဘောထား အလုံးစုံ ပြောင်းသွားခြင်း’

ဒီမိုကရက်တစ်ပါတီအတွင်းတွင်၊ အစ္စရေးအား ထောက်ခံမှုပြဿနာသည် ၂၀၂၄ ခုနှစ်တွင် သမ္မတဂျိုးဘိုင်ဒင်အတွက် ခက်ခဲသောပြဿနာတစ်ခုဖြစ်ခဲ့ပြီး ယင်းနောက် ၎င်း၏နေရာတွင် ဒုတိယသမ္မတ ကာမာလာဟာရစ်၊ အထူးသဖြင့် မစ်ရှီဂန်ပြည်နယ် စစ်မြေပြင်တွင် ၎င်း၏နေရာကို အစားထိုးခဲ့သည်။

အာရပ်-အမေရိကန် လူဦးရေ များပြားသော ထိုပြည်နယ်သည်၂၀၂၆ ခုနှစ်တွင် အပြိုင်အဆိုင် ဆီးနိတ်ပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်သည်။ ထို့အပြင်၂၀၂၈ တွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် မျှော်လင့်ချက်ရှိသော ဒီမိုကရက်များသည် နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့၏ အစ္စရေးမူဝါဒများအပေါ် တွန်းအားပေးခံရမည်မှာ သေချာပါသည်။

အစ္စရေး၏ ဒုံးကျည်ကာကွယ်ရေးစနစ်များအတွက် ရန်ပုံငွေဒေါ်လာ သန်း ၅၀၀ ရုပ်သိမ်းရန် မကြာသေးမီက ဂရင်းပြင်ဆင်ချက်(Greene amendment) ကို ထောက်ခံသည့် ကွန်ဂရက် လွှတ်တော် ၏ အဖွဲ့ဝင် ခြောက်ဦးအနက်မှ တစ်ဦးဖြစ်သည့် ပင်ဆယ်ဗေးနီးယား အောက်လွှတ်တော် အမတ် ဆန်းမားလီး (Summer Lee) က “အမေရိကန် ပြည်ထောင်စုအနေနဲ့ အမြဲတမ်း အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုဖို့ တာဝန်ရှိပါတယ်၊ ရန်ပုံငွေထောက်ပံ့ပေးမှုတွေ ဗုံးတွေချ နေတာတွေကို ရပ်တန့် ဖို့၊ လူသားဆန်တဲ့ ထောက်ပံ့မှုတွေကို ဘယ်လိုကန့်သတ်ချက်မျိုးကိုမှ မထားဘဲ ချက်ခြင်းပေးဖို့ လိုပါတယ်၊ ဒါဟာကောင်းမွန်တဲ့မူဝါဒ၊ ကောင်းမွန်တဲ့ နိုင်ငံရေးနဲ့ မှန်ကန်တာကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်”။

လစ်ဘရယ်မီဒီယာတွင် တည်ထောင်သူဦးရေ ပိုမိုများပြားလာခြင်းသည် မကြာသေးမီ ရက်များအတွင်း အစ္စရေးအပေါ် ၎င်းတို့၏ဝေဖန်မှုများကို ထက်မြက်လာစေပြီး ပါတီတွင်း ရေရှည်ပြောင်းလဲမှုဖြစ်လာနိုင်သည်များကို အကြိုသုံးသပ်ချက်ပေးထားသည်။

“Pod Save America” ပေါ့တ်ကာစ်ကို လက်ခံဆောင်ရွက်ခဲ့တဲ့ သမ္မတဘားရက်အိုဘားမား၏ လက်ထောက်ဟောင်းများက ယခုရက်သတ္တပတ်အတွင်း ဒီမိုကရက်တစ် ကိုယ်စားလှယ် လောင်းများသည် အစ္စရေးအတွက် စစ်ရေးအကူအညီများကို ရပ်တန့်သင့်တယ်ဟု ဝေဖန် ပြောဆိုခဲ့ကြသည်။

“ဒီမိုကရက်တစ်ပါတီမှာ လုံးဝသဘောထား ပြောင်းလဲမှုတွေ ရှိရမယ်” ဟု အိုဘားမား၏ အမျိုးသား လုံခြုံရေး ကောင်စီ ဝန်ထမ်းဟောင်း တွမ်မီ ဗီတာက ပြောသည်။ “ စစ်ပွဲပြီးသွားတဲ့အခါ၊ ကျွန်တော်တို့ဟာ အောက်တိုဘာ ၇ ရက်မတိုင်ခင် အနေအထားကို ပြန်သွားတော့မှာမဟုတ်ဘူး။ ပါတီဟာအဲဒီအခြေအနေမှာ မဟုတ်တော့ဘူး၊ ကမ္ဘာကြီးက လဲအဲဒီနေရာမှာမရှိတော့ဘူး။”

မြောက်အမေရိကရှိ ဂျူးလူမျိုးများအဖွဲ့ချုပ်၏ သမ္မတနှင့် အမှုဆောင်အရာရှိချုပ်နှင့် အိုဟိုင်းယိုးပြည်နယ် ဒီမိုကရက်တစ်ကွန်ဂရက်လွှတ်တော်အမတ်ဟောင်း အဲရစ် ဖင်းဂါးဟတ် (Eric Fingerhut) က Gallup သဘောထားကောက်ခံမှုမှ တွေ့ရှိမှု ကိန်းဂဏာန်းများသည် စစ်ပွဲ၏ အလွန်အပျက်သဘော ဆောင်သော မီဒီယာဖော်ပြမှုကို ထင်ဟပ်နေကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အမေရိကမှာ အစ္စ‌ရေးနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲနေတဲ့ အခြေအနေကို မေးခွန်းထုတ်စရာ မလိုပါဘူး၊ ဒါက အစ္စရေးရဲ့ အခြေအနေနဲ့ ဂါဇာ စစ်ပွဲမှာ လူတွေက ဘယ်လို တုံ့ပြန်နေသလဲဆိုတဲ့အပေါ် ထပ်ဆင့်ဖော်ပြလိုက်တာဘဲ” ဟု ဖင်းဂါးဟတ် က ပြောကြားခဲ့သည်။

CNN မှ Nadeen Ebrahim နှင့် Ibrahim Dahman တို့သည် ဤအစီရင်ခံစာအတွက် ရေးသားပေးခဲ့သည်။

အောက်လွှတ်တော်အမတ် မာဂျော်ရီ တေလာ ဂရင်း (Marjorie Taylor Greene)

အစ္စရေးစစ်တပ်နှင့် ခရီးစဉ်အတွင်း ရိုက်ကူးထားသော ဤဓာတ်ပုံသည် ဇူလိုင် ၂၇ ရက်က အစ္စရေးတောင်ပိုင်းနှင့် ဂါဇာကမ်းမြှောင်ကြားရှိ Kerem Shalom တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများဘေးတွင် ရပ်နေသော အစ္စရေးစစ်သားတစ်ဦးကို တွေ့ရစဉ်(ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 1 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ