နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့ သူ၏ ဒုတိယအကြိမ်မြောက် အစိုးရအဆင့် ခရီးစဉ်အဖြစ်ရောက်ရှိ လာခဲ့သည်။ အမေရိကန် သမ္မတတစ်ဦးအနေဖြင့် ဒုတိယသမတသက်တမ်းတွင် အစိုးရအဆင့် ခရီးစဉ်အဖြစ် ဖိတ်ခေါ်ခံရခြင်းမှာ မတွေ့ရဘူးသော အလွန်ထူးခြားသည့်ဖြစ်ရပ်ဖြစ်သည်။

အောက်ပါအကြောင်းအရာတို့မှာ အထူးဧည့်သည်အဖြစ် ရောက်ရှိလာသော အမေရိကန် သမတ ဒေါ်နယ်ထရန့် အား ဗြိတိသျှဘုရင် ချားလ်ကမည်သို့ဧည့်ခံခဲ့သည့်ဆိုသည့် အကြောင်းအရာများဖြစ်သည်။

အခန်းအနားနှင့်ထွက်ခွာခြင်း  – နေ့အစောပိုင်းတွင် ချားလ်ဘုရင်III နှင့် သမ္မတထရန့် တို့သည် တန်ဆာဆင်မြန်းထားသော နိုင်ငံတော်အိုင်းရစ် ရထားလုံးကြီး(Irish State Coach)ကို စီးပြီး စစ်သည်တော်များခြံရံပြီး ဝင်ဆာရဲတိုက်ကြီးမှ စတင်ထွက်ခွာ လာခဲ့ သည်။ ဘုရင်မကမ်မီလာနှင့်သမတကတော် မဲလ်လီနာထရန့်  တို့သည် စကော့တစ် ရထားလုံး ကြီး (Scottish State Coach) ဖြင့် နောက်မှလိုက်ပါခဲ့သည်။ လမ်းကြောင်းတစ်လျှောက်တွင် စစ်သည်တော်များကတန်းစီစောင့်ဆိုင်းနေကြပြီး အမေရိကန်နှင့် ဗြိတိသျှ နိုင်ငံတော်သီချင်းများကို တီးမှုတ်ဖျော်ဖြေသည့် စစ်တပ်တီးဝိုင်းအဖွဲ့သုံးဖွဲ့ ကတီးမှုတ်ခဲ့ကြသည်။

သီးသန့်နေ့လည်စာ- ထရန့်မောင်နှံ နှင့်တော်ဝင်ဇနီးမောင်နှံတို့သည် ဝင်ဆာရဲတိုက် တွင်းရှိ စားသောက်ခန်းမတွင် သီးသန့်နေ့လည်စာကို စားသုံးခဲ့ ကြသည်။

ပြပွဲကိုကြည့်ရှုခြင်း- ထို့နောက်တွင်၊ ဘုရင်နှင့်မိဖုရားတို့သည် ထရန့်မောင်နှံနှင့်အတူ ရဲတိုက်၏ အစိမ်းရောင်ပုံဆွဲခန်း(Green Drawing Room) သို့ လိုက်ပါသွားကာ အမေရိကန် နှင့် ပတ်သက်သည့် အထူးပြုလုပ်ထားသော ပစ္စည်းများကို ပြသထားသည့် ပြပွဲကိုကြည့်ရှုကြသည်။

အခမ်းအနားသိမ်းသီချင်း – နေ့လည်ပိုင်းတွင် စစ်ဘက် ဂီတပညာရှင် ၂၀၀ ခန့်သည် ရဲတိုက်၏အရှေ့မြက်ခင်းပြင်တွင် စုဝေးခဲ့ကြသည်—၁၇ ရာစုအင်္ဂလန်တွင်ကျင်းပသည့် နေ့၏အဆုံးကို ကိုယ်စားပြုသည့် အခမ်းအနား ဖြစ်သည်။ အခမ်းအနားအား တော်ဝင်လေတပ်၏ လေတပ်အဖွဲ့မှ မြှားနီများ၊ အနီရောင်၊ အဖြူနှင့် အပြာရောင် မီးခိုးငွေ့များ ထုတ်လွှတ် ခင်းကျင်းပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အစိုးရအဆင့် ညစာစားပွဲ – နေ့ကုန်အပြီးတွင် ဝင်းဆာရဲတိုက်၏ အကြီးဆုံး အခန်းဖြစ်သည့် စိန့်ဂျော့ခန်းမ တွင် ဆန်းပြားသောနိုင်ငံတော် ညစာ စားပွဲ ကို ကျင်းပခဲ့သည်။ ညစာမစတင်မီ ဘုရင်က မိန့်ခွန်းပြောကြားကာ ယူကေ နှင့် အမေရိကန်တို့၏ သမိုင်းဝင် ဆက်ဆံရေးကို ဂုဏ်ပြုခဲ့ပြီး ထရန့်၏ ကမ္ဘာ့ပဋိပက္ခများ အတွက် “အဖြေရှာရန်” ကြိုးပမ်းအားထုတ်မှု များအတွက် ထရန့်ကို ချီးကျူးခဲ့သည်။ ထရန့်သည် ၎င်း၏ ဒုတိယမြောက် နိုင်ငံတော် ခရီးစဉ်ကို “ကျွန်ုပ်ဘဝ၏ အမြင့်ဆုံးသော ဂုဏ်ထူးဆောင်များထဲမှ တစ်ခု” ဟူ၍လည်း ဆန္ဒပြုခဲ့သည်။

အခြားဖြစ်ရပ်များ – ထရန့် နှင့် သမ္မတကတော်တို့သည် စိန့်ဂျော့ချ်ကျောင်း ရှိ အယ်လီဇဘက်ဘုရင်မကြီး ၏ သင်းချိုင်းဂူနေရာသို့သွားရောက်ပြီး လွမ်းသူ့ပန်းခွေချ ခဲ့ကြသည်။ ထို့အပြင် ဝေလမင်းသားနှင့် မင်းသမီးတို့သည် လည်းထရန့် နှင့်လာရောက် တွေ့ဆုံခဲ့သည်။

ဆန္ဒပြပွဲများ– ယနေ့တွင် လူထောင်ပေါင်းများစွာသည် လန်ဒန်၏လမ်းမများပေါ်၌ အလံများလွှင့်ထူကာ ထရန့်ကို ဆန့်ကျင်သည့်နဖူးစည်းများစီးပြီး ရောင်စုံဆိုင်းဘုတ် များ ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

ရှေ့ကိုမျှော်ကြည့်ခြင်း – မနက်ဖြန်တွင် ထရန့်သည် ဘက်ကင် ဟန်ရှိုင်းယား (Buckinghamshire) ရှိ ယူကေဝန်ကြီးချုပ် ကီယာစတာမာ(Keir Starmer) နေထိုင်ရာအိမ် ချီကွီရား(Chequers) သို့ သွားရောက်မည်ဖြစ်သည်။ ၎င်း နှစ်ဖက် အစည်းအဝေး ညီလာခံတွင် ခေါင်းဆောင်နှစ်ဦးအား နည်းပညာကုမ္ပဏီ အကြီးအကဲ များလည်း ပူးပေါင်း ပါဝင် တက်ရောက်ကြမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ မိတ်ဖက် များအဖြစ် ကြေညာမည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထရန့်ဗြိတိသျှအစောင့်တပ်ကို ချားလ်ဘုရင်နှင့်စစ်ဆေးကြည့်ရှုနေစဥ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 5 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 9 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 10 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက