နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 12 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ပစိဖိတ်လက်နက်ပြိုင်ပွဲ ပြင်းထန်လာချိန်တွင် ဂျပန်က မိုင် ၁,၀၀၀ အထိ ပစ်ခတ်နိုင်သော အမေရိကန် ဒုံးကျည်များဖြင့် စစ်သင်္ဘောကို လက်နက်တပ်ဆင်နေ

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်

တောင်ကိုရီးယား၊ ဆိုးလ်

ဂျပန်စစ်သင်္ဘောတစ်စီးသည် တိုမာဟော့ခ် (Tomahawk) ခရုစ်ဒုံးကျည်များ တပ်ဆင်ရန် အတွက် အမေရိကန်ပြည်ထောင်စုသို့ ဦးတည်လျက်ရှိသည်။ ၎င်းသည် တရုတ်နှင့် မြောက်ကိုရီးယားကဲ့သို့သော ပြိုင်ဘက်များက ၎င်းတို့၏ စစ်အင်အားကို ချဲ့ထွင်နေချိန်တွင် ဝါရှင်တန်နှင့် ၎င်း၏ အာရှမဟာမိတ်များက လက်နက်အင်အား တိုးချဲ့သည့် နောက်ဆုံး လှုပ်ရှားမှုဖြစ်သည်။

အေဂျစ် (Aegis) တပ်ဆင်ထားသည့် ပဲ့ထိန်းဒုံးပျံဖျက်သင်္ဘော ဂျေအက်စ် ချိုကိုင်း (JS Chokai) သည် အမေရိကန်သို့ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ရန် ခုတ်မောင်းသွားနေပြီး ထိုကာလအတွင်း သင်္ဘောကို မွမ်းမံမှုများနှင့် သင်္ဘောသားများကို လေ့ကျင့်ရေးများ ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းတို့သည် မိုင် ၁,၀၀၀ ခန့် အကွာအဝေးထိ ပစ်ခတ်နိုင်သည့် တိုမာဟော့ခ် ခရုစ်ဒုံးကျည်များကို ထိန်းကြောင်းပစ်လွှတ်နိုင်စေရန်သင်ကြားဖို့ ဖြစ်သည်။

၎င်းသည် တရုတ် သို့မဟုတ် မြောက်ကိုရီးယား နယ်နိမိတ်အတွင်း နက်ရှိုင်းသော ပစ်မှတ်များကို ဂျပန်စစ်သင်္ဘော၏ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်း ကောင်းစွာ ရောက်ရှိစေမည်ဖြစ်သည်။

ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံးနှင့် အရှုပ်ထွေးဆုံး လုံခြုံရေးပတ်ဝန်းကျင်” ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီ (Gen Nakatani) က ခေါ်ဆိုခဲ့သည့် ဒေသတွင်း ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရန် တိုကျို၏ အစီအစဉ်များအရ တိုမာဟော့ခ် အစင်း၄၀၀ ကို ဝယ်ယူရန် ၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

ဒေသတွင်း လက်နက်ပြိုင်ပွဲ

တရုတ်၏ စစ်ရေးလှုပ်ရှားမှုများသည် ဂျပန်အတွက် အကြီးမားဆုံးသော မဟာဗျူဟာ မြောက် စိန်ခေါ်မှု” ကို ပြသလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော နှစ်ပတ်လည် စာတမ်းဖြူတွင် ဖော်ပြထားသည်။

ပေကျင်းသည် စစ်ရေးစွမ်းရည်ကို လျင်မြန်စွာ မြှင့်တင်နေခြင်း” နှင့် ဒေသတစ်ဝိုက်တွင် လှုပ်ရှားမှုများကို ပိုမို အရှိန်မြှင့်နေသည်” ဟု နာကာတာနီက စာတမ်းဖြူကို မိတ်ဆက်စဉ် ပြောကြားခဲ့သည်။ ၎င်းသည် တိုကျိုက ထိန်းချုပ်ထားသော်လည်း ပေကျင်းက ဒိုင်အိုယု ကျွန်းများ (Diaoyus) ဟုခေါ်ကာ ပိုင်ဆိုင်ကြောင်း တောင်းဆိုနေသည့် အရှေ့တရုတ်ပင်လယ် ရှိ ကျွန်းများဖြစ်သော စဲန်ကာကု ကျွန်းများ (Senkaku Islands) ကို အထူးဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် စက်တင်ဘာလ ၃ ရက်နေ့က ပေကျင်းတွင် ပြုလုပ်ခဲ့သော စစ်ရေးပြ အခမ်းအနား တစ်ခုအတွင်း ၎င်းတို့၏ စွမ်းရည်အသစ်များ—အစွမ်းထက်သော သင်္ဘောဖျက်ဒုံးကျည်များ အပါအဝင်—ကို ထုတ်ဖော်ပြသခဲ့သည်။

ထိုနေ့တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် နှင့်အတူ ကြည့်ရှုခဲ့သည့် စင်မြင့်ပေါ်တွင် ရက်အနည်းငယ်အကြာတွင် မြောက်ကိုရီးယား ဒုံးကျည်အင်ဂျင်အသစ်များကို စစ်ဆေး ခဲ့သည့် ကင်ဂျုံအွန် နှင့် မကြာသေးမီက ကင်နှင့် ကာကွယ်ရေးစာချုပ် လက်မှတ်ရေးထိုး ခဲ့သည့် ရုရှားနိုင်ငံမှ ဗလာဒီမာပူတင် တို့ ပါဝင်ခဲ့သည်။

ဖျက်သင်္ဘောကို အမေရိကန်သို့ စေလွှတ်ကြောင်း ကြေညာရာတွင် ကာကွယ်ရေး ဝန်ကြီး ဌာနက ဂျပန်၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များသည် ဂျပန်နိုင်ငံကို ကျူးကျော် လာသည့် အင်အားစုများကို လျင်မြန်သောနှုန်းနှင့် ဝေးလံသော အကွာအဝေးမှ ကြားဖြတ်ဖျက်ဆီးရန် အတွက် ၎င်းတို့၏ အဝေးပစ် ကာကွယ်ရေးစွမ်းရည်များကို အားကောင်းအောင် လုပ်ဆောင် နေသည်” ဟု ပြောကြားခဲ့သည်။

တိုမာဟော့ခ် ဒုံးကျည်များ၏ သဘောသဘာဝ

တိုကျိုက တိုမာဟော့ခ် ကို ကာကွယ်ရေးစွမ်းရည်များ”အဖြစ် ကိုးကားခဲ့သော်လည်း ထိုဒုံးကျည်များကို ထိုးစစ်သုံးလက်နက်များအဖြစ် သတ်မှတ်ကြသည်။

အမှန်မှာ အမေရိကန်ရေတပ်၏ ဒုံးကျည်ဆိုင်ရာ အချက်အလက်စာရွက်တွင် ၎င်းတို့သည် နက်ရှိုင်းသော ကုန်းတွင်းတိုက်ခိုက်ရေးစစ်ပွဲအတွက် အသုံးပြုသည်” ဟု ဖော်ပြထားပြီး၊ လက်နက်၏ အမည်အပြည့်အစုံမှာ တိုမာဟော့ခ် ကုန်းမြေတိုက်ခိုက်ရေး ဒုံးကျည်” သို့မဟုတ် TLAM ဖြစ်သည်။

ဂျပန်က ၂၀၂၃ ခုနှစ်တွင် တိုမာဟော့ခ်များ ဝယ်ယူရန် တောင်းဆိုခဲ့သည့်အခါ တရုတ်က ဒုတိယကမ္ဘာစစ်အပြီး ဂျပန်စစ်တပ် (ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့) ကို လုံးဝ ကာကွယ်ရေး အခန်းကဏ္ဍတွင် ကန့်သတ်ထားသည့် ဂျပန်၏ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ” ကို ချိုးဖောက်သည်ဟုဆိုကာ တိုကျို၏ လှုပ်ရှားမှုကို ပြစ်တင်ရှုတ်ချခဲ့သည်။

“အမေရိကန်နဲ့ ဂျပန်တို့ရဲ့ လှုပ်ရှားမှုတွေဟာ လက်နက်ပြိုင်ပွဲရဲ့ အရှိန်အဟုန်ကို ပိုဆိုးစေတယ်။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတယ်။ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် ချိန်ခွင်လျှာနဲ့ တည်ငြိမ်မှုကို ဆိုးရွားစွာ အနှောင့်အယှက် ပေးပြီး နိုင်ငံတကာစနစ်ကို ထိခိုက်စေတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအို နင်း (Mao Ning) က ထိုစဉ်က ပြောကြားခဲ့သည်။

ဒုံးကျည် စွမ်းရည်များနှင့် အစီအစဉ်များ

တိုမာဟော့ခ်များသည် အမေရိကန်၏ လက်နက်တိုက်တွင် အစွမ်းအထက်ဆုံး လက်နက်များ ထဲမှ တစ်ခုဖြစ်သည်။

ထုတ်လုပ်သူ ရေးသီယွန် (Raytheon) ၏ အဆိုအရ ခရုစ်ဒုံးကျည်များသည် “အကာအကွယ် ကောင်းစွာပြုလုပ်ထားသော လေပိုင်နက်တွင်ပင် မိုင် ၁,၀၀၀ အကွာအဝေးမှ ပစ်မှတ်များကို တိကျစွာ ထိမှန်နိုင်သည်” ဟု သိရသည်။ ရေတပ်သင်္ဘောများအပြင် တိုမာဟော့ခ်များကို ရေငုပ်သင်္ဘောများနှင့် ကုန်းပေါ်ရှိ ပစ်လွှတ်စင်များမှလည်း ပစ်ခတ်နိုင်သည်။

၎င်းတို့အား စစ်ပွဲများတွင် အကြိမ် ၂,၀၀၀ ကျော် အသုံးပြုခဲ့ပြီးဖြစ်ကြောင်း ရေးသီယွန်က ပြောကြားခဲ့သည်။ ၎င်းတို့အနက် ဇွန်လက ရေငုပ်သင်္ဘောမှ ပစ်ခတ်သည့် တိုမာဟော့ခ် များကို အီရန်၏ နျူကလီးယားစက်ရုံများအပေါ် အမေရိကန်၏ တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည်။

ထုတ်ပြန်ချက်တစ်ခုတွင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဖျက်သင်္ဘော ချိုကိုင်းကို နောက်နွေရာသီတွင် လက်တွေ့မစ်ရှင်များ” အတွက် အသင့်ဖြစ်စေရန် စီစဉ်ထားကြောင်း၊ ထိုလုပ်ငန်းစဉ်တွင် လက်တွေ့ပစ်ခတ်စမ်းသပ်ခြင်း ပါဝင်မည်ဟု ပြောကြားခဲ့သည်။

ထိုလုပ်ငန်းစဉ်၏ ပထမအဆင့်များကို ပြီးခဲ့သည့်အပတ်က စတင်ခဲ့ပြီး၊ ချိုကိုင်းသည် ဒုံးကျည်ပစ်လွှတ်ရန် ဆဲလ်များ (vertical launch cells) ထဲသို့ တိုမာဟော့ခ်အတုများကို တင်ဆောင်လေ့ကျင့်ခဲ့သည်။

အလျား ၅၂၈ ပေ၊ အလေးချိန် ၉,၅၀၀ တန်ရှိသော ချိုကိုင်းတွင် ဒုံးကျည်ပစ်လွှတ်ရန် ဆဲလ် ၉၀ ခု ရှိပြီး ၎င်းတို့ကို မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ ပဲ့ထိန်းဒုံးပျံကာကွယ်ရေး ဒုံးကျည်များ၊ လေကြောင်းကာကွယ်ရေးဒုံးကျည်များနှင့် ရေငုပ်သင်္ဘောဖျက် ဒုံးပျံများကိုပါ ပစ်လွှတ်ရန် အသုံးပြုနိုင်သည်။

၎င်းသည် အမေရိကန်ရေတပ်၏ အာလီ ဘတ်ခ် (Arleigh Burke) အတန်းအစား ဖျက်သင်္ဘော များနှင့် အရွယ်အစားနှင့် လက်နက်တပ်ဆင်မှုတွင် ဆင်တူသည်။ အမေရိကန်ရေတပ် အပြင် ဗြိတိန်၏ တော်ဝင်ရေတပ်နှင့် ဩစတြေးလျ တော်ဝင်ရေတပ် တို့သည် တိုမာဟော့ခ် ပစ်လွှတ်နိုင်စွမ်းကို သရုပ်ပြခဲ့ပြီးဖြစ်သည်။

ဩစတြေးလျသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းအနီး ဖျက်သင်္ဘော ဘရစ်စ်ဘိန်း HMAS Brisbane မှ တိုမာဟော့ခ်ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခြင်းဖြင့် ထိုအဖွဲ့တွင် ပါဝင်ခဲ့သည်။ ကန်ဘာရာသည် တိုမာဟော့ခ် အစင်း၂၀၀ ဝယ်ယူရန် စီစဉ်ထားပြီး ၎င်းသည် ဩစတြေးလျရေတပ်သင်္ဘောများအား ကုန်းမြေပစ်မှတ် များကို ဝေးလံသောအကွာအဝေးမှ တိကျစွာ ထိုးနှက်နိုင်စေမည်” ဟု ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တိုကျိုမြို့အနီးရှိ ယိုကိုစုကာ ရေတပ်အခြေစိုက်စခန်းတွင်ရပ်နားထားသည့် ဂျေအက်စ် ချိုကိုင်း( JS Chokai) ဖျက်သင်္ဘော (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 12 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 16 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 19 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားတွင် ယနေ့ သင်္ဘော ၂ စီးကို အီရန် တိုက်ခိုက်ခဲ့ကြောင်း IRGC ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို အီရန်က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံ၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်