နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် တိုက်ခိုက်ရန် စစ်သားစုဆောင်းရေးအတွက် ရုရှားဒေသများတွင် စစ်မှုထမ်းစာရင်းသွင်းသူများအတွက် အပိုဆုကြေးငွေများကို အစုလိုက်အပြုံလိုက် တိုးမြှင့်ပေးနေခြင်း

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၇ရက်

ရုရှားဒေသများတွင် ယူကရိန်းသို့သွားရောက် တိုက်ခိုက်ရန် လူများကို လှုံ့ဆော်ရန်အတွက် “ အတွေးအခေါ်ဆိုင်ရာ” စစ်မှုထမ်း စည်းရုံးလှုံ့ဆော်မှုများ မလုံလောက်တော့ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားချိန်တွင် စစ်မှုထမ်းအသစ်များအား ပေးချေသည့် ငွေပမာဏကို သိသိသာသာ မြှင့်တင်လျက်ရှိသည်။

မကြာသေးမီ ရက်များအတွင်း ဒေသများစွာက ၎င်းတို့၏ စစ်သားစုဆောင်းမှု အရေအတွက်ကို မြှင့်တင်ရန်အတွက် စာချုပ်ချုပ်ဆိုသည့် အပိုဆုကြေးငွေများကို လေးဆနီးပါးအထိ တိုးမြှင့်မည်ဟု ကြေညာခဲ့ကြသည်။

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် ကြီးမားသော ထိခိုက်နစ်နာမှုများ ခံစားနေရပြီး သုံးနှစ်ခွဲအကြာ အပြည့်အဝ ကျူးကျော်စတင်ချိန်မှစ၍ ရုရှားစစ်သား ၁ သန်း ခန့် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းများ ရှိခဲ့သည်ဟု ခန့်မှန်းရသည်။
ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘယ်လော့ဆော့ဗ် (Andrey Belousov) က သြဂုတ်လတွင် ပြုလုပ်ခဲ့သော အဆင့်မြင့် ကာကွယ်ရေးအစည်းအဝေးတစ်ခုအတွင်း စစ်သားစုဆောင်းခြင်းကို စစ်တပ်၏ ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ထိုးစစ်ဆင်မှုများကို အထောက်အကူပြုရန် လူအင်အားသည် အဓိကကျသည် ဟု အလေးပေး ပြောကြားခဲ့သည်။
ဘယ်လော့ဆော့ဗ်က စစ်သားစုဆောင်းရေး ပန်းတိုင်များ ပြည့်မီနေသည်ဟု ပြောဆို သော်လည်း လွတ်လပ်သော ရုရှားစုံစမ်းထောက်လှမ်းရေးဌာန IStories ကမူ အခြားနည်းဖြင့် ဖော်ပြခဲ့သည်။

၎င်း၏ ဖော်ပြချက်အရ တရားဝင်ဘတ်ဂျက် အသုံးစရိတ်ဒေတာများကို အခြေခံ၍ ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုသူ ၃၇,၉၀၀ ခန့်သာ ရှိပြီး၊ ၎င်းသည် တစ်နှစ်အစောပိုင်းကထက် နှစ်ဆခွဲခန့် လျော့နည်း နေသည်။

အမေရိကန်အခြေစိုက် ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ Institute for the Study of War (ISW) က ရုရှား၏ စစ်အင်အားစုဆောင်းရေး ကြိုးပမ်းမှုများသည် “အတွေးအခေါ်ပိုင်းဆိုင်ရာ မောင်းနှင်သော စည်းရုံးလှုံ့ဆော်မှုထက် ရှုပ်ထွေးသော စီးပွားရေးပုံစံများ နှင့် ပို၍တူလာ သည်” ဟု ပြောကြားခဲ့သည်။
ISW က စက်တင်ဘာလတွင် ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်သူမှတ်စုတွင် ရုရှားအာဏာပိုင် များနှင့် တရားဝင်မဟုတ်သော စစ်သားစုဆောင်းသူများသည် စစ်သားစုဆောင်းရေးကို အားဖြည့်ရန်အတွက် “ဘဏ္ဍာရေးဆိုင်ရာ မက်လုံးများ၊ လှည့်ဖြားမှုနှင့် အတင်းအဓမ္မ စေခိုင်းမှုများ” ကို ဆက်လက် အသုံးပြုနေကြောင်း ပြောကြားခဲ့သည်။

နှစ်ရှည်လများ လစာ၏ လေးဆ
ဆိုက်ဘေးရီးယားရှိ Tyumen ဒေသအစိုးရက တနင်္လာနေ့တွင် စစ်မှုထမ်းအသစ်များသည် ပြည်ထောင်စုအစိုးရထံမှ ရရှိသော ရူဘယ် ၄၀၀,၀၀၀ အပြင်၊ နိုဝင်ဘာလကုန်မတိုင်မီ စာချုပ်ချုပ်ဆိုပါက ရူဘယ် ၃ သန်း ($၃၆,၅၆၀) ကို တစ်ပေါင်းတည်း ပေးချေမည်ဟု ပြောကြားခဲ့သည်။

ရုရှား ဖက်ဒရယ် စာရင်းအင်းဝန်ဆောင်မှုဌာန (Rosstat) အရ ယခု ဒေသဆိုင်ရာ ပေးချေမှု အသစ်သည် ယခင်က Tyumen မှ စစ်မှုထမ်းများ ရရှိခဲ့သော ရူဘယ် ၁.၉ သန်းထက် သိသိ သာသာ မြင့်တက်လာခြင်းဖြစ်ပြီး ၎င်းဒေသ၏ ပျမ်းမျှလစာ၏ သုံးနှစ်စာ နှင့် ညီမျှ သည်။

အလားတူပင် ရုရှားအနောက်တောင်ပိုင်းရှိ ဗရိုနက်ရှ် (Voronezh) ဒေသ၏ အုပ်ချုပ်ရေးမှူးကလည်း ၎င်းဒေသမှ ပေးချေသော စာချုပ်ချုပ်ဆိုခကို ရူဘယ် ၂.၁ သန်း အထိ လေးဆတိုးမြှင့်မည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်က Telegram တွင် ကြေညာခဲ့သည်။

ဒေသတွင်း ဗရိုနက်ရှ် အစိုးရက ဤငွေပေးချေမှုကို ရရှိရန်အတွက် စစ်မှုထမ်းများသည် ၎င်းဒေသခံများဖြစ်ရန်မလိုဘဲ လက်မှတ်ရေးထိုးပေးရန်သာလိုကြောင်း ပြောကြားခဲ့သည်။

တမ်ဘော့ဗ်(Tambov)၊ ခရပ်နိုဒါ(Krasnodar)၊ ကာဂန်( Kurgan) နှင့် အယ်တိုင်(Altai) ဒေသများ၊ နှင့် တာတာစတန်(Tatarstan) သမ္မတနိုင်ငံတို့ကလည်း ယူကရိန်းတွင် တိုက်ခိုက်နေသော စာချုပ်ပါစစ်သားများ၏ လစဉ်လစာအပြင် ပေးချေမှုများ သိသိသာသာ တိုးမြှင့်ထားကြောင်း ကြေညာခဲ့သည်။ ထိုလစဉ်လစာသည် ခန့်မှန်းခြေအားဖြင့် ရူဘယ် ၂၁၀,၀၀၀ ($၂,၆၀၀) မှ စတင်ပြီး ၎င်းသည် ရုရှားပျမ်းမျှလုပ်ခ၏ နှစ်ဆကျော်ဖြစ်သည်။

မက်လုံးပေးစစ်သားစုဆောင်းသည့်အစိုးရကြေညာများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က