နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အရှက်ရဖွယ် ရှုံးနိမ့်မှု ဖြစ်လာနိုင်ခြင်းကြောင့် ထရန့်သည် အက်ပ်စတိန်းဖိုင်များ ကိစ္စတွင် တားဆီးမှုကိုရုတ်သိမ်းရန်ဆုံးဖြတ်ခဲ့

CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်

သမ္မတ ဒေါ်နယ်ထရန့်သည် အက်ပ်စတိန်းဖိုင်များ ထုတ်ပြန်ခြင်းကို ဆက်လက် ဆန့်ကျင် တော့မည် မဟုတ်ပေ။ သို့သော် သူ ပျော်ရွှင်နေသည်ဟု မဆိုလိုပါ။

ထရန့်သည် ပြစ်ဒဏ်ချမှတ်ခံထားရသော လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်သည့် ဖိုင်များအားလုံး ထုတ်ပြန်ရန် ကွန်ဂရက်၏ ကြိုးပမ်းမှုကို သူသည် ရပ်တန့်နိုင်မည်မဟုတ်ကြောင်းနှင့် အောက်လွှတ်တော်ကြမ်းပြင်တွင် အရှက်ရဖွယ် ထိုးနှက်ချက် ခံရနိုင်ခြေရှိကြောင်း ရှင်းရှင်းလင်းလင်း သိလာရပြီးနောက် ၎င်းကကြိုးပမ်းမှုကို ထောက်ခံခဲ့ကြောင်း အဆိုပါကိစ္စကို သိရှိသူများက CNN သို့ ပြောကြားခဲ့သည်။

မဟာမိတ်များနှင့် အကြံပေးများက ထရန့်အား မကြာသေးမီက တင်ပြခဲ့သော ရှင်းလင်းသည့် အခြေအနေမှန်ကြောင့် သမ္မတအား တနင်္ဂနွေနေ့ ညနေပိုင်းတွင် ရုတ်တရက် လမ်းကြောင်း ပြောင်းလဲစေခဲ့ပြီး အကယ်၍ မိမိ၏ စားပွဲသို့ ရောက်ရှိလာပါက ထိုဥပဒေကြမ်းကို လက်မှတ် ရေးထိုးပေးမည် ဟု တနင်္လာနေ့တွင် မှတ်ချက်ပြုခဲ့ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းသည် သူ မကျေမချမ်းဖြင့် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း ယခုအခါ အင်္ဂါနေ့တွင် အောက်လွှတ်တော်၌ ဥပဒေကြမ်း အလုံးစုံ အောင်မြင်စွာ အတည်ပြုနိုင်စေရန်နှင့် ထို့မှတဆင့် အထက်လွှတ်တော်က ဆက်လက် ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးဖွယ်ရှိသည်။

တနင်္လာနေ့က ဘဲဥပုံရုံးခန်းမှ ထိုဥပဒေကြမ်းကို လက်မှတ်ရေးထိုးမည်လားဟု မေးမြန်းသော အခါ ထရန့်က “သေချာပါတယ်၊ ကျွန်တော် လက်မှတ်ထိုးမှာပါ” ဟု ပြောကြားခဲ့သည်။

၎င်းသည် ရာထူးပြန်လည် ရရှိပြီးနောက် ဝါရှင်တန်ကို မိမိ၏ ဆန္ဒအတိုင်း လိုက်နာစေရန် အကျင့်စရိုက်ရှိသည့် သမ္မတတစ်ဦးအတွက် ဆုတ်ခွာရသည့် ရှားပါးသော အခြေအနေတခု ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အိမ်ဖြူတော်သည် ရီပတ်ဘလစ်ကန် လွှတ်တော် အမတ် အနည်းငယ်အား ၎င်းဥပဒေကြမ်းအပေါ် ထောက်ခံမှု စွန့်လွှတ်ရန် ဖိအားပေးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဖြစ်ခဲ့ ပြီးနောက် ထိုသို့သော ဆုတ်ခွာမှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကာ ထိုသူများကိုထရန့်က ရက်အနည်းငယ်အကြာတွင် “ပျော့ညံ့ပြီး မိုက်မဲသူများ” အဖြစ် တိုက်ခိုက်ခဲ့သည်။

သမ္မတက ၎င်း၏ Truth Social ပို့စ်တစ်ခုတွင် “ဒီမိုကရက်တွေက ဂျက်ဖရီ အက်ပ်စတိုင်း လိမ်လည်လှည့်ဖြားမှု (Hoax) ကို နောက်တစ်ကြိမ် ပြန်ပြီး ဆွဲတင်ဖို့ ကြိုးစားနေကြတယ်” ဟု ရေးသားခဲ့သည်။ “အလွန်ဆိုးရွားတဲ့၊ ဒါမှမဟုတ် မိုက်မဲတဲ့ ရီပတ်ဘလစ်ကန်တွေမှသာ ဒီထောင်ချောက်ထဲကို ကျရောက်ကြလိမ့်မယ်” ဟုလည်း ဆိုခဲ့သည်။

အဆိုပါကိစ္စကို သိရှိသူများ၏ အဆိုအရ ထရန့်သည် အက်ပ်စတိုင်းဖိုင်များအပေါ် အာရုံစိုက် နေခြင်းကို ကိုယ်တိုင်စိတ်ပျက်နေ ကြောင်း၊ ၎င်းတို့သည် မိမိ၏ လုပ်ငန်းစဉ်များမှ အာရုံလွဲ ပြောင်းစေသည် ဟု ယူဆနေကြောင်းနှင့် ဒီမိုကရက်များက ၎င်းတို့ကို နိုင်ငံရေးတိုက်ခိုက်မှု အတွက် အကြောင်းအရာအဖြစ် အသုံးချနေကြောင်း ယူဆနေသည်။ ထရန့်သည် ရာဇဝတ်မှု များဖြင့် အက်ပ်စတိန်း စွပ်စွဲမခံရမီကတည်းက အဆက်အသွယ်ဖြတ် ခဲ့သည်ဟု ပြောထား ပြီးသူ့အနေနှင့် အက်ပ်စတိန်းနှင့် ဆက်နွှယ်နေရသည်ကို မလိုလား ကြောင်းနှင့် ၎င်းဖိုင်များ အတွက် လှုပ်ရှားမှုတွင် သူ၏ရင်းနှီးသော မဟာမိတ်အချို့က အဓိက အခန်းကဏ္ဍမှ ပါဝင် နေခြင်း ကိုလည်း စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း ထိုသူများက ပြောကြားခဲ့သည်။

အက်ပ်စတိန်းဖိုင်များအပေါ် သူ၏ ရပ်တည်ချက်ကို မပြောင်းလဲမီ ၄၈ နာရီအလိုတွင် ထရန့်သည် အောက်လွှတ်တော် ဥပဒေကြမ်းကို ပြင်းပြင်းထန်ထန် ထောက်ခံသော အောက်လွှတ်တော်အမတ် မာဂျိုရီ တေလာ ဂရင်း အား ပြင်းထန်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ စကားလုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး သူ၏ ထောက်ခံမှုကို ရုပ်သိမ်းကာ ဂျော်ဂျီယာ ရီပတ်ဘလစ်ကန် အမတ်ကို “သစ္စာဖောက်” ဟု တံဆိပ်ကပ်ခဲ့သည်။

သို့တိုင်၊ ထရန့်၏ အကြံပေးများနှင့် မဟာမိတ်များက သူ၏ အကောင်းဆုံး ကြိုးပမ်းမှုများ ကြားမှပင် အောက်လွှတ်တော် ဥပဒေကြမ်း အတည်ဖြစ်လာခြင်းသည် ရှောင်လွှဲမရနိုင် ကြောင်း နှင့် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် အာရုံစိုက်မှု ပိုမိုဖြစ်စေကြောင်း သူ့ကို သဘောပေါက်စေပြီးနောက် ထရန့်သည် နောက်ဆုံးတွင် သူ၏ ရပ်တည်ချက်ကို ပြောင်းလဲ ခဲ့သည်။

ယခုအခါ အဆိုပါကိစ္စကို သိရှိသူတစ်ဦးက နည်းဗျူဟာမြောက် လုပ်ဆောင်ချက် အဖြစ် သတ်မှတ်ပြောဆိုခဲ့သည့် အခြေအနေတွင် ထရန့်နှင့် သူ၏ မဟာမိတ်များက ဥပဒေကြမ်းကို လျင်မြန်စွာ ထောက်ခံပေးခြင်းဖြင့် ရီပတ်ဘလစ်ကန်များအား ကိစ္စရပ်ကို ပိုမိုလျင်မြန်စွာ ကျော်လွန်သွားနိုင်စေရန်နှင့် အစိုးရအား လျစ်လျူရှုခံနေရသည်ဟု ထရန့်က မကျေမချမ်း ပြောဆိုနေသော မူဝါဒဆိုင်ရာ ကြိုးပမ်းမှုများအပေါ် အာရုံပြန်လည် စုစည်းရန် အခွင့်အလမ်း ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် က သီတင်းပတ်ကုန်တွင် “Fox News Sunday” အစီအစဉ်၌ “ကျွန်တော်တို့ ဒါကို ပြီးအောင်လုပ်ပြီး ရှေ့ဆက်သွားကြရအောင်” ဟု ပြောကြားခဲ့သည်။ “ဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး”ဟုသူကဆိုခဲ့သည်။

ဂျွန်ဆင်သည် လအတော်ကြာ ထရမ့်ပ်ဘက်မှ ရပ်တည်ခဲ့ပြီး ဥပဒေကြမ်းကို ဆန့်ကျင်ခဲ့ ပြီးနောက် အထက်လွှတ်တော်က ဥပဒေကြမ်း၏ အသုံးအနှုန်းများနှင့်ပတ်သက်၍ သူ၏ စိုးရိမ်မှုအချို့ကို “ပြင်ဆင်နိုင်လိမ့်မည်” ဟု အကောင်းမြင်စိတ်အသစ်ဖြင့် တနင်္လာနေ့တွင် ၎င်းအတွက် မဲပေးနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ထရန့်သည်လည်း ထိုသဘောထားကို လက်ခံကျင့်သုံးခဲ့ပြီး လာမည့်နှစ် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပိုမိုအရေးကြီးသည်ဟု ရှုမြင်ထားသော နယ်ပယ်များသို့ အာရုံပြောင်းရန် ရီပတ်ဘလစ်ကန်များကို တနင်္လာနေ့တွင် တိုက်တွန်းခဲ့သည်။ “ကျွန်တော် လိုချင်တာကတော့ လူတွေက ကျွန်တော် စျေးနှုန်း၊ တတ်နိုင်မှုတို့မှာ လုပ်ခဲ့တဲ့ ကြီးမားတဲ့ အလုပ်ကို အသိအမှတ်ပြုစေချင်တာပဲ” ဟု သူက ပြောသည်။ “ရီပတ်ဘလစ်ကန်ပါတီက အောင်မြင်ပြီးမြောက်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေဆီကနေ အာရုံလွဲသွားတာမျိုး မဖြစ်စေချင်ဘူး”

ထိုအတောအတွင်း ထရန့်သည် အက်ပ်စတိုင်းကိစ္စကို ဒီမိုကရက်များဘက်သို့ လှည့်နိုင်ရန် ကြိုးပမ်းခဲ့ပြီး ယခင်သမ္မတ ဘီလ် ကလင်တန် နှင့် ထင်ရှားသော စီးပွားရေး အကြံပေး လယ်ရီ ဆမ်းမားစ် အပါအဝင် လူပုဂ္ဂိုလ်အများအပြားနှင့် ယခင်ဘဏ္ဍာရေးသမား၏ ဆက်နွှယ်မှုများ ကို တရားရေးဌာနကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ (ဥပဒေစိုးမိုးရေးက ထိုသူနှစ်ဦးလုံး ကို အက်ပ်စတိန်း နှင့် ဆက်နွှယ်၍ မည်သည့် မမှန်ကန်သော လုပ်ရပ်အတွက်မျှ စွပ်စွဲထား ခြင်း မရှိသေးသလို ထရန့်ကိုလည်း စွပ်စွဲထားခြင်း မရှိပေ။)

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အဘီဂေးလ် ဂျက်ဆင် က ထရန့်သည် “အက်ပ်စတိန်း ဖိုင်များနှင့် ပတ်သက်သော ပွင့်လင်းမြင်သာမှုကို” လိုချင်ကြောင်း အဆိုပါ စုံစမ်းစစ်ဆေးမှုကို သက်သေအဖြစ် ကိုးကား ပြောကြားခဲ့သည်။ “ဒီမိုကရက်တွေ လုပ်ခဲ့တာထက်စာရင် ထရန့် အစိုးရအဖွဲ့က သားကောင်တွေအတွက် ပိုပြီး လုပ်ဆောင်ခဲ့ပါတယ်” ဟု သူမက ကြေညာချက် တွင် ပြောကြားခဲ့သည်။

သောကြာနေ့က ကြေညာချက်သည် တရားရေးဌာနက ဖွင့်လှစ်ထားသော စုံစမ်းစစ်ဆေးမှုကို ကိုးကား၍ ကွန်ဂရက်သို့ စာရွက်စာတမ်းများ ပေးအပ်ရန် ငြင်းဆိုနိုင်မလား ဟူသော မေးခွန်းအသစ်များကို ဖြစ်ပေါ်စေခဲ့သည်။

အိမ်ဖြူတော် အရာရှိတစ်ဦးက CNN သို့ ပြောကြားရာတွင် ထရန့်သည် မည်သည့် ကွန်ဂရက်၏ တောင်းဆိုမှုများကိုမျှ တားဆီးရန် ဌာနအား အမိန့်မပေးခဲ့ သော်လည်း အောက်လွှတ်တော် ဥပဒေကြမ်းသည် နောက်ဆုံးတွင် ဥပဒေအဖြစ် လက်မှတ်ရေး ထိုးခဲ့ပါက ၎င်းဌာနက မည်သို့ တုံ့ပြန်မည်ကို မရှင်းလင်းသေးပေ။

သို့သော် ထိုစဉ်းစားသုံးသပ်မှုသည် သီတင်းပတ်များစွာ အချိန်ယူရဖွယ်ရှိသည်။ အထက် လွှတ်တော်သည် သီတင်းပတ်ကုန်တွင် ကျေးဇူးတော်နေ့ အားလပ်ရက်အတွက် ရပ်နား တော့မည်ဖြစ်ရာ အစောဆုံး ဒီဇင်ဘာလအထိ ၎င်းဥပဒေကြမ်းကို ကိုင်တွယ် ဆောင်ရွက် နိုင်မည် မဟုတ်ပေ။ အောက်လွှတ်တော်တွင် ကျယ်ပြန့်သော နှစ်ပါတီ ထောက်ခံမှု ရှိသော်လည်း အထက်လွှတ်တော် အများစုခေါင်းဆောင် ဂျွန် သွန်း သည် အက်ပ်စတိန်း ဥပဒေကြမ်းကို လျင်မြန်စွာ သို့မဟုတ် လုံးဝ အထက်လွှတ်တော်ကြမ်းပြင်သို့ ယူဆောင် လာရန် ကတိပြုခြင်းမရှိသေး ကြောင်း GOP ခေါင်းဆောင်မှု အကြံပေးတစ်ဦးက ပြောကြား ခဲ့သည်။

၎င်းသည် မဟာမိတ်များက ထရမ့်ပ်သည် မဲဆန္ဒရှင်များအား ပြန်လည်အာရုံစိုက်စေရန်နှင့် သူ၏ လုပ်ငန်းစဉ်၏ ပို၍ အကျိုးဖြစ်ထွန်းသော အစိတ်အပိုင်းများကို မြှင့်တင်ရန်အတွက် အခွင့်ကောင်းယူနိုင်လိမ့်မည် ဟု မျှော်လင့်ထားသော အခွင့်အရေးကို အိမ်ဖြူတော်အား ပေးနိုင်ပေသည်— အနည်းဆုံး အက်ပ်စတိန်းကိစ္စကို ထိန်းထားနိုင်သမျှ ကာလပတ်လုံးပင် ဖြစ်သည်ဟု အဆိုပါကိစ္စကို သိရှိသူများက ပြောကြားခဲ့သည်။

“ဒါက ဘယ်တော့မှ အပြည့်အဝ နှိမ်နင်းခံရမှာ မဟုတ်ဘူး… ဒီလိုမျိုး လျှို့ဝှက် သီအိုရီ တစ်ခုက ဘယ်တော့မှ မပျောက်ကွယ်ဘူးဆိုတဲ့ အချက်သက်သက်ကြောင့်လည်း တစ်စိတ် တစ်ပိုင်း ပါဝင်ပါတယ်” ဟု GOP မဟာဗျူဟာပညာရှင်ဟောင်း ဒေါက် ဟေယီ က ပြောကြားခဲ့သည်။ “ထရန့်မှာ အာရုံလွဲစေဖို့နဲ့ ကျွန်တော်တို့ရဲ့ အာရုံကို လှည့်ပြောင်းဖို့ နည်းလမ်းတွေ ရှိပေမယ့် နှစ်လအကြာ သို့မဟုတ် ခြောက်လအကြာမှာ ပေါ်မလာဘူးလို့ ဘယ်သူက ပြောနိုင်မလဲ”

ဖိုင်များထုတ်ပြန်ခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သောအခါ ထရန့် ကိုယ်တိုင်ကပင် တနင်္လာနေ့တွင် ထိုအကြောင်းကို အရိပ်အမြွက် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဘာလုပ်ပေးပေး၊ ဘယ်တော့မှ မလုံလောက်ဘူး” ဟု သူက ပြောကြားခဲ့သည်။

စက်တင်ဘာ ၃ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်အမတ် မာဂျရီ တေလာ ဂရင်းက ပြောကြား ရာတွင် ဂျက်ဖရီ အပ်စတိန်းအမှုတွင် လျှို့ဝှက်ထားခြင်းမရှိသော စာရွက်စာတမ်း အားလုံးကို ထုတ်ပြန်ရန် တောင်းဆိုသည့် အပ်စတိန်းဖိုင်များ ပွင့်လင်းမြင်သာမှု အက်ဥပဒေကို ကြေညာခဲ့သည်။ Bryan Dozier/AFP/Getty Images (ဓာတ်ပုံ)

နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့တွင် ဝါရှင်တန်ဒီစီ၌ FOX News Sunday တွင် Shannon Bream မှ လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်အား အင်တာဗျူးပြုလုပ်ခဲ့သည်။ Paul Morigi/Getty Images (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော