နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေးဝန်ကြီး နုံးမ်၏ အငြင်းပွားဖွယ်ရာ သက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်က သူမကို ရာထူးမှ ဖယ်ရှား

BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်

သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများအားလုံးသည် အချိန်တန်လျှင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကို သိရှိလာကြရစမြဲဖြစ်သည် – ၎င်းမှာ “မည်သူမျှ အထက်လူကြီး (သမ္မတ) ထက် ပို၍ လူပေါ်ပေါ်ထင်ထင် မဖြစ်ရ” ဟူသောအချက်ပင်။

ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ဝန်ကြီး ခရစ္စတီနုံးမ် (Kristi Noem) သည် ကြာသပတေးနေ့တွင် ထိုအချက်ကို သတိပေးခံလိုက်ရသည့် နောက်ဆုံးပုဂ္ဂိုလ် ဖြစ်လာ ခဲ့သည်။ အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှ ဦးဆောင်နေသူအဖြစ်မှ သူမကို ဖယ်ရှားလိုက်ကြောင်း ထရမ့်က ကြေညာခဲ့သည်။

နုံးမ်၏နေရာတွင် အိုကလာဟိုးမားပြည်နယ် အထက်လွှတ်တော်အမတ် မတ်ဝိန်း မူလင် (Markwayne Mullin) နှင့် ယခုလကုန်တွင် အစားထိုးသွားမည်ဖြစ်ကြောင်း ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။ ၎င်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေး ရမည်ဖြစ်သည်။

နုံးမ်အနေဖြင့် “Shield of the Americas” ဟုခေါ်သော အနောက်ဘက်ကမ္ဘာခြမ်းဆိုင်ရာ အမေရိကန်၏ လုံခြုံရေးစီမံကိန်းသစ်တွင် အထူးကိုယ်စားလှယ်အဖြစ် တာဝန်သစ် ပြောင်းရွှေ့ ထမ်းဆောင်ရမည်ဟု သမ္မတက ဆိုသည်။ “ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ခရစ္စတီကို ကျေးဇူးတင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ယင်းက နုံးမ်၏ အငြင်းပွားဖွယ်ရာ ဝန်ကြီးသက်တမ်းကို အဆုံးသတ်စေခဲ့သည်။ ၎င်းဝန်ကြီး ဌာနသည် သမ္မတ၏ ကျယ်ပြန့်သော လူဝင်မှုကြီးကြပ်ရေး အစီအစဉ်များကို အကောင် အထည် ဖော်ရန် တာဝန်ရှိသည့် ဌာနဖြစ်သည်။

ပြီးခဲ့သည့်နှစ် ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင်နုံးမ်သည် အစိုးရအဖွဲ့၏ အတောက်ပဆုံး ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့သည်။ သူမသည် လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးမှုများ တွင် ကျည်ကာအင်္ကျီဝတ်ဆင်ကာ နယ်မြေဆင်း ကိုယ်တိုင်ပါဝင်လေ့ရှိသဖြင့် ချက်ချင်း ဆိုသလို အာရုံစိုက်ခြင်း ခံခဲ့ရသည်။

သူမသည် ထရမ့်၏ ပြည်နှင်ဒဏ်ပေးရေး စီမံချက်ကို အပြင်းအထန် ထောက်ခံသူဖြစ်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်ကို ထိရောက်စွာ ပိတ်ဆို့နိုင်သည့် မူဝါဒများကိုလည်း ကြွေးကြော်ခဲ့သူဖြစ်သည်။ သူမသည် အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသည့် ရွှေ့ပြောင်း နေထိုင်သူများရှိရာ အယ်လ်ဆာဗေဒိုရှိ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တစ်ခုသို့လည်း သွားရောက်ခဲ့သေးသည်။

အငြင်းပွားမှုများနှင့် ဝေဖန်သံများ

သို့သော် နုံးမ်၏ ပုံမှန်မဟုတ်သော လုပ်ဆောင်ပုံများကြောင့် အစကတည်းက အငြင်းပွားမှု များ ဖြစ်ပေါ်ခဲ့သည်။ ပုံမှန်အားဖြင့် ပြည်တွင်းလုံခြုံရေးဝန်ကြီးများသည် နယ်မြေဆင်း စစ်ဆင်ရေးများတွင် ပါဝင်လေ့မရှိပေ။ သူမ၏ ရှေ့တန်းထွက် လုပ်ဆောင်မှုများကို ဝေဖန် သူများက “လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းရေး အကြီးအကဲ” ဟူသော သူမ၏ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ကြသည်။

အယ်လ်ဆာဗေဒိုရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော စီကော့(Cecot) အကျဉ်းထောင်သို့ သွားရောက်စဉ် ဒေါ်လာ ၅၀,၀၀၀ တန် Rolex နာရီ ဝတ်ဆင်ထားမှုကြောင့်လည်း ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင် သူများကို အမေရိကန်မှ ထွက်ခွာသွားရန် တိုက်တွန်းသည့် ကြော်ငြာကမ်ပိန်းတွင်လည်း မြင်းစီးကာ ပါဝင်ခဲ့သေးသည်။

ယင်းကြောင့် လက်ဝဲယိမ်းဝေဖန်သူများက သူမကို “ICE Barbie” (လူဝင်မှုကြီးကြပ်ရေး ဘာဘီ) ဟု အမည်ပေးခဲ့ကြသည်။ ကွန်ဂရက်ရှိ ဒီမိုကရက်များကလည်း သူမကိုယ်တိုင် ပါဝင်သရုပ်ဆောင်သည့် ကြော်ငြာများအတွက် ဒေါ်လာ ၂၂၀ သန်းနှင့် သူမ၏ တရားဝင် ခရီးစဉ်များအတွက် ဇိမ်ခံဂျက်လေယာဉ် နှစ်စင်းအတွက် ဒေါ်လာ သန်း ၂၀၀ နီးပါး အသုံးပြုခဲ့မှု အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ယခုအပတ် အစောပိုင်း ကွန်ဂရက်ကြားနာပွဲတွင် နုံးမ်က ထိုအသုံးစရိတ်များကို ကာကွယ် ပြောဆိုခဲ့ပြီး ထရမ့်အနေဖြင့် ယင်းအသုံးစရိတ်များကို သိရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် ထရမ့်က ကြာသပတေးနေ့တွင်နုံးမ်ကို ရာထူးမှ မထုတ်ပယ်မီ အဆိုပါ ကုန်ကျ စရိတ်များ အကြောင်း ၎င်းအနေဖြင့် မသိရှိကြောင်း လူသိရှင်ကြား ငြင်းဆိုခဲ့သည်။

ရာထူးမှ ဖယ်ရှားရခြင်း အကြောင်းရင်း

မင်နီယာပိုလစ်မြို့ (Minneapolis) တွင် ဇန်နဝါရီလအတွင်း လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှု ပြုလုပ်စဉ် အမေရိကန်နိုင်ငံသား နှစ်ဦးကို ဖက်ဒရယ်အေးဂျင့်များက ပစ်သတ်ခဲ့မှုကြောင့် အစိုးရအဖွဲ့သည် ကြီးမားသော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းဖြစ်ရပ်နောက်ပိုင်း ထရမ့်သည် အိမ်ဖြူတော် နယ်စပ်ရေးရာတာဝန်ခံ တွမ် ဟိုးမန်း (Tom Homan) ကို စေလွှတ်ခဲ့ပြီး စစ်ဆင်ရေးကို လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။ ဟိုးမန်းကို ခန့်အပ် လိုက်ခြင်းမှာ နုံးမ် အပေါ် ယုံကြည်မှု လျော့နည်းသွားခြင်းဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့ကြသည်။

နုံးမ်အနေဖြင့် သေဆုံးသူများထဲမှ တစ်ဦးဖြစ်သူ ပရက်တီ(Pretti )သည် “ပြည်တွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ” ဖြစ်ကြောင်း အထောက်အထားမရှိဘဲ ပြောဆိုခဲ့ခြင်း ကြောင့်လည်း ဝေဖန်ခံခဲ့ရသည်။ လူထုကြားတွင် နုံးမ်၏ အစွန်းရောက် နှိမ်နင်းရေး နည်းလမ်းများအပေါ် မနှစ်မြို့မှုများ တိုးလာနေသည်ကို အိမ်ဖြူတော်က ရိပ်မိ လာခြင်း ကြောင့် ယခုကဲ့သို့ ရာထူးအပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်ပုံရသည်။

နုံးမ်ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ထရမ့်၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးသော အစိုးရအဖွဲ့ဝင် အပြောင်းအလဲဖြစ်သည်။ သူမသည် ထရမ့်၏ ဒုတိယသက်တမ်းတွင် ပထမဆုံးသော ရာထူးမှ ထုတ်ပယ်ခံရသူ ဖြစ်သော်လည်း နောက်ဆုံးတော့ ဖြစ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မတသည် နိုင်ငံရေးလေဟုန်ကို ကြည့်၍ ၎င်း၏ အထိအခိုက်များကို စောစီးစွာ ဖြတ်တောက်ရန် အမြဲအသင့်ရှိနေကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

နုံးမ် အယ်လ်ဆာဗေဒိုရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော စီကော့(Cecot) အကျဉ်းထောင်သို့ သွားရောက်လေ့လာစဉ်

ထရန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 31 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက