နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားက ပိုကရော့ဗ်စ် (Pokrovsk) မြို့ အဓိကနေရာကို သိမ်းပိုက်နိုင်ပြီဟု ကြေညာ၊ ယူကရိန်းဘက်က မော်စကို၏ ‘အသံကျယ်ကျယ် ကြေညာချက်များ’ ကို ဝစ်ကော့ဖ် (Witkoff) ဆွေးနွေးပွဲများမတိုင်မီ ပယ်ချ

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက်

ရုရှားတပ်ဖွဲ့ဝင်များအနေဖြင့် အတည်ပြုနိုင်ပါက အရေးပါသော အောင်ပွဲ ဖြစ်လာနိုင်မည့် ယူကရိန်းအရှေ့ပိုင်းမြို့ဖြစ်သော ပိုကရော့ဗ်စ် ကို သိမ်းပိုက်ရရှိပြီဟု တနင်္လာနေ့တွင် ရုရှားက ကြေညာခဲ့သည်။ သို့သော် ယူကရိန်းဘက်ကမူ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများအပေါ် သက်ရောက်မှုရှိစေရန် ရည်ရွယ်သည်ဟု ဆိုသော မော်စကို၏ “အသံကျယ်ကျယ် ကြေညာချက်များ” ကို ပယ်ချခဲ့သည်။

အခြေအနေနှင့် ညှိနှိုင်းဆွေးနွေးပွဲများ

မဟာဗျူဟာကျသော ဤဗဟိုချက်ကို ထိန်းချုပ်နိုင်ရန်အတွက် လပေါင်းများစွာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် မော်စကို၏ တောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတောင်းဆိုချက်ကို (CNN) အနေဖြင့် သီးခြား လွတ်လပ်စွာ အတည်မပြုနိုင်သေးပါ။ ဤမြို့ကို ထိုးစစ်ဆင်ရာတွင် မော်စကိုဘက်မှ သေဆုံးဒဏ်ရာရသူ ထောင်ပေါင်းများစွာ ရှိခဲ့သည်။

၎င်းတောင်းဆိုချက်သည် စစ်ပွဲကို မည်သို့အဆုံးသတ်မည်ကို ဆွေးနွေးရန်အတွက် အမေရိကန်နှင့် ယူကရိန်းအရာရှိများအကြား ဖလော်ရီဒါတွင် အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်ပြီး မကြာမီ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်တ်ကော့ဖ် (Steve Witkoff) သည် ရုရှားမြို့တော်တွင် ပူတင်နှင့် တွေ့ဆုံရန် မျှော်လင့်ထားသည့် တစ်ရက်အလို လည်း ဖြစ်သည်။

ယူကရိန်း၏ တုံ့ပြန်မှု

မော်စကို၏ ပြောဆိုချက်အပေါ် ယူကရိန်းက တိုက်ရိုက်မှတ်ချက်မပေး သော်လည်း ယူကရိန်း သတင်းမှား တိုက်ဖျက်ရေး စင်တာ၏ အကြီးအကဲ အန်ဒရီ ကိုဗာလန်ကို (Andriy Kovalenko) က ရုရှားသည် လာမည့် ရက်သတ္တပတ်များအတွင်း “ရှေ့တန်းတွင် ဖိအားပေးရန် ကြိုးပမ်းမှုများစွာ ပြုလုပ်လိမ့်မည်ဖြစ်ပြီး ယင်းနှင့်အတူ အသံကျယ်ကျယ် ကြေညာချက် များ လည်း လိုက်ပါလာလိမ့်မည်” ဟု တနင်္လာနေ့တွင် သတိပေးခဲ့သည်။

ယူကရိန်းစစ်ပွဲကို မည်သို့အဆုံးသတ်မည်ကို ဆွေးနွေးသည့် ညှိနှိုင်းဆွေးနွေးပွဲသစ်များ အတွင်း “အနောက်တိုင်း ပရိသတ်အတွက် သီးသန့် နှင့် သံတမန်ရေးအရ အရေးပါမှုကို မြှင့်တင်ရန်အတွက်” ဤသို့ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တနင်္လာနေ့ အစောပိုင်းတွင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များက ပိုကရော့ဗ်စ်နှင့် ၎င်းပတ်ဝန်းကျင်ဒေသများရှိ ခက်ခဲသောအခြေအနေ” များကြားမှ ယူကရိန်းတပ်ဖွဲ့များသည် ရန်သူ၏ ထိုးစစ်ကို ဆက်လက်ထိန်းချုပ်ထားသည်” ဟု ပြောကြားခဲ့သည်။

ရုရှား၏ အခိုင်အမာ ပြောဆိုချက်

မော်စကို၏ တောင်းဆိုချက်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် ရှေ့တန်းတပ်ဖွဲ့များကို သွားရောက်ကြည့်ရှုခဲ့ပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ် (Valery Gerasimov) က တနင်္ဂနွေနေ့တွင် စစ်ဘက်ကွပ်ကဲမှုစခန်းသို့ သွားရောက်စဉ် ပူတင်အား ရုရှားတပ်ဖွဲ့များသည် ပိုကရော့ဗ်စ်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ခရမ်လင်နန်းတော် ပြောရေး ဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က တနင်္လာနေ့တွင် ပြောကြား ခဲ့သည်။ ခရမ်လင်နန်းတော်က ဤ အောင်မြင်မှု ကို အစောပိုင်းတွင် အဘယ်ကြောင့် မကြေညာခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။

ခရမ်လင်နန်းတော်က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပြီး CNN မှ ပထဝီဝင်အနေအထားအရ အတည်ပြုထားသော ဗီဒီယို တွင် ရုရှားစစ်သားများသည် ပိုကရော့ဗ်စ်မြို့လယ်တွင် ရုရှားအလံကို ဖြန့်ချနေသည်ကို ပြသထားပြီး၊ ၎င်းနေရာသည် ရုရှားစစ်သားများ မြို့တောင်ဘက်မှတဖြည်းဖြည်းချင်း တိုးဝင်လာသည်နှင့်အမျှ မော်စကို၏ ထိန်းချုပ်မှု အောက်တွင် အချိန်အတန်ကြာ ရှိနေခဲ့သော ဧရိယာ ဖြစ်သည်။

ပိုကရော့ဗ်စ်၏ မဟာဗျူဟာကျသော တန်ဖိုး

လမ်းနှင့် ရထားလမ်း ဆက်သွယ်မှုများ ကြောင့် ပိုကရော့ဗ်စ်ကို ယူကရိန်းများအတွက် အရေးပါသော မြို့တစ်မြို့ အဖြစ် အချိန်အတော်ကြာ သတ်မှတ်ခဲ့သည်။ သို့သော် အဓိက အဝေးပြေးလမ်းမကြီးနှင့် ရထားလမ်းပေါ်တွင် မကြာခဏ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ကြောင့် ကီးယက် (Kyiv) သည် အခြားသော ထောက်ပံ့ရေးလမ်းကြောင်း များကို ရှာဖွေရန် အပြင်းအထန်ကျိုးစား လုပ်ဆောင် ခဲ့ရာ မြို့၏ မဟာဗျူဟာကျသော တန်ဖိုးကို လျော့ကျစေခဲ့သည်။

ပက်စ်ကော့ဗ်၏ အဆိုအရ ပူတင်၏ တနင်္ဂနွေနေ့ ခရီးစဉ်အတွင်း ရုရှားခေါင်းဆောင်က ၎င်းတို့၏ အောင်မြင်သော လုပ်ဆောင်ချက်များ” အတွက် တပ်မှူးများနှင့် စစ်မှုထမ်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“ပိုကရော့ဗ်စ်မှာ စစ်ဆင်ရေးတွေရဲ့ ရလဒ်တွေအတွက် — ခင်ဗျားတို့ကိုရော၊ စစ်ဘက်အဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့ အမှုထမ်းအားလုံးကိုရော၊ တိုက်ခိုက်ရေးတာဝန်တွေ ထမ်းဆောင်နေကြတဲ့ ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးသမားတွေ၊ ကျွန်တော်တို့ရဲ့ ရဲဘော်တွေကိုရော — ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ပိုကရော့ဗ်စ်တွင် အောင်မြင်မှုရရှိခြင်းသည် စစ်ပွဲ၏ ရည်မှန်းချက်အားလုံးဆီသို့ တည်ငြိမ်သော တိုးတက်မှု” ကို အာမခံနိုင်မည်ဖြစ်ကြောင်း ပူတင်က ထပ်လောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို