နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆

လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။ ယင်းလုပ်ရပ်သည် ယခင်အိုလံပစ်ပွဲများတွင်လည်း လုပ်ဆောင်လေ့ ရှိသည့် အလေ့အထဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားထားသည်။

မင်နီယာပိုလစ်မြို့တွင် ဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုများအတွင်း လူနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားပြီးနောက်၊ လက်ရှိနှင့် ယခင် လွှတ်တော်အမတ်များက အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီအနေဖြင့် ကြားဝင်စွက်ဖက်ပြီး အဆိုပါအေးဂျင့်များ လာရောက်မှုကို ပိတ်ပင်ရန် တိုက်တွန်းခဲ့ကြသည်။

အီတလီဝန်ကြီးချုပ်ဟောင်း ဂျူဆက်ပေ ကွန်တီကလည်း အမေရိကန်တွင် ICE အေဂျင်စီ၏ ရန်လိုသော နည်းလမ်းများ ပိုမိုအသုံးပြုလာခြင်းအပေါ် မူတည်၍ အီတလီအစိုးရအနေဖြင့် “ကိုယ်ပိုင်ကန့်သတ်ချက်များ သတ်မှတ်ရန်” နှင့် “ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန်” တိုက်တွန်းခဲ့သည်။

“အမေရိကန်မှာ လမ်းပေါ်က အကြမ်းဖက်မှုတွေနဲ့ လူသတ်မှုတွေ ဖြစ်ပွားနေတာကြောင့်… ဒါကို ငါတို့ ခွင့်မပြုနိုင်ဘူး” ဟု ကွန်တီက အင်္ဂါနေ့တွင် X လူမှုကွန်ရက်၌ ပို့စ်တင်ခဲ့သည်။ “ဦးညွှတ်နေရတာတွေ တော်လောက်ပြီ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ တာဝန်ရှိသူများနှင့် ရောမမြို့ရှိ အမေရိကန် သံတမန်များကမူ အိုလံပစ်ပွဲတွင် ICE အေးဂျင့်များ၏ အခန်းကဏ္ဍကို ရှင်းလင်းရန် ကြိုးပမ်းခဲ့ကြသည်။

ICE ၏ ဌာနခွဲတစ်ခုဖြစ်သော ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ (HSI) သည် အိုလံပစ်ပွဲ၌ “လုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍ” မှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ အတည်ပြု ခဲ့သည်။ “သူတို့က နိုင်ငံခြားတိုင်းပြည်မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေး လုပ်ငန်း တွေကို လုပ်ဆောင်မှာ မဟုတ်တာကတော့ ရှင်းပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

အီတလီ ပြည်ထဲရေးဝန်ကြီးနှင့် အင်္ဂါနေ့တွင် တွေ့ဆုံပြီးနောက် အီတလီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် တီလ်မန်း ဖာတစ်တာက HSI ၏ အခန်းကဏ္ဍသည် “အကြံပေးခြင်းနှင့် ထောက်လှမ်းရေးကိုသာ အခြေခံမည်ဖြစ်ပြီး ကင်းလှည့်ခြင်း သို့မဟုတ် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ ပါဝင်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပြောကြားရာတွင် HSI အပါအဝင် ဖက်ဒရယ်အေဂျင်စီများသည် ယခင်အိုလံပစ်ပွဲများတွင်လည်း အမေရိကန် သံတမန်များ၏ လုံခြုံရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြောင်း ဆိုသည်။

နိုင်ငံခြားရေးဌာနက မီလန်မြို့ရှိ အမေရိကန်လုံခြုံရေး လုပ်ငန်းစဉ်များကို ၎င်းတို့၏ သံတမန်လုံခြုံရေးဝန်ဆောင်မှု (DSS) က ဦးဆောင်နေကြောင်း ပြောကြားခဲ့သည်။

“အိုလံပစ်ပွဲမှာ ICE ရဲ့ HSI အဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေကို စိစစ်ဖို့နဲ့ လျှော့ချဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ DSS နဲ့ အိမ်ရှင်နိုင်ငံကို ကူညီပံ့ပိုးပေးနေတာပါ” ဟု DHS ပြောရေးဆိုခွင့်ရှိသူ ထရစ်ရှာ မက်လော့လင်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “လုံခြုံရေး လုပ်ငန်းစဉ်အားလုံးဟာ အီတလီအာဏာပိုင်တွေရဲ့ လက်အောက်မှာပဲ ရှိနေမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြား သည်။

အမေရိကန် အိုလံပစ်နှင့် ပါရာလံပစ် ကော်မတီကမူ ၎င်းတို့သည် အိုလံပစ်ပွဲ စီစဉ်ဆောင်ရွက် ရာတွင် ICE အပါအဝင် “အမေရိကန် ပြည်တွင်းဥပဒေစိုးမိုးရေး သို့မဟုတ် လူဝင်မှု ကြီးကြပ်ရေး အေဂျင်စီများ” နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း CNN သို့ ထုတ်ပြန်ချက်တွင် အလေးပေးပြောကြားခဲ့သည်။

သတ်ဖြတ်တတ်သော ပြည်သူ့စစ်’

ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီလန်မြို့သို့ ICE စေလွှတ်မည့်သတင်း အီတလီမီဒီယာများ တွင် ထွက်ပေါ်လာပြီးနောက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ လုပ်ပိုင်ခွင့်နှင့် အင်အားသုံးမှုအပေါ် စိုးရိမ်မှုများကြောင့် ဝေဖန်မှုများနှင့် ကန့်ကွက်လွှာများ ပေါ်ထွက် လာခဲ့ သည်။

မီလန်မြို့တော်ဝန် ဂျူဆက်ပေ ဆာလာက အိုလံပစ်လုံခြုံရေးအတွက် “ICE ကို မလိုအပ်ကြောင်း” နှင့် “သူတို့ကို မီလန်မှာ ကြိုဆိုမှာမဟုတ်ဘူး” ဟု ပြည်တွင်းရေဒီယိုသို့ ပြောကြားခဲ့သည်။

“ဒါဟာ လူသတ်တတ်တဲ့ ပြည်သူ့စစ်အဖွဲ့ပဲ” ဟု ဆာလာက အင်္ဂါနေ့တွင် RTL 102.5 ရေဒီယိုသို့ ပြောကြားခဲ့သည်။ “ငါတို့က ထရန့်ကို ‘မရဘူး’ လို့ ပြောလို့ရမလား? ဒါဟာ ဆက်ဆံရေးဖြတ်တောက်ဖို့ ဒါမှမဟုတ် သံတမန်ရေးရာ ပြဿနာဖြစ်အောင် လုပ်ဖို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ ‘မရဘူး’ လို့ ပြောလို့ရမလား?”

“သူတို့က ငါတို့ရဲ့ ဒီမိုကရေစီနည်းကျ လုံခြုံရေးစီမံခန့်ခွဲမှုပုံစံနဲ့ ကိုက်ညီမယ်လို့ အာမ မခံနိုင်တဲ့အတွက် သူတို့ အီတလီကို မလာသင့်ဘူးလို့ ကျွန်တော်ယုံကြည်တယ်” ဟု ဆာလာက ထပ်လောင်းပြောကြားခဲ့သည်။

အခြားအီတလီ လွှတ်တော်အမတ်တစ်ဦးကလည်း ICE အေးဂျင့်များသည် “အီတလီမြေကို ခြေမချရဘူး” ဟု သတိပေးခဲ့သည်။ “ဒါဟာ အကြမ်းဖက်တတ်ပြီး၊ လေ့ကျင့်မှုမရှိဘဲ ထိန်းချုပ်မရတဲ့ ပြည်သူ့စစ်အဖွဲ့ပဲ” ဟု ဝါရင့်နိုင်ငံရေးသမား ကာလို ကလန်ဒါက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မင်နီယာပိုလစ်မြို့တွင် အိမ်ဖြူတော်၏ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ရပ်တန့်ရန် ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ်အတွင်း ICE အေးဂျင့်များက အမေရိကန်နိုင်ငံသား နှစ်ဦးကို ပစ်သတ်ခဲ့သည်။

မီလန်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား အချို့ကလည်း အာဏာပိုင်များ၏ လုပ်ရပ်အပေါ် မယုံကြည်နိုင်ဘဲ ဖြစ်နေကြပြီး၊ သမ္မတ ဒေါ်နယ်ထရန့်၏ ပြည်တွင်းနှင့် ပြည်ပမူဝါဒများအောက်တွင် ၎င်းတို့နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ လက်စားချေခံရမည်ကို စိုးရိမ်သဖြင့် ၎င်းတို့၏ အမည်ကို ထုတ်ဖော်ခြင်းမပြုရန် CNN သို့ တောင်းဆိုခဲ့ကြသည်။

“ကျွန်မ တကယ်ကို ဇဝေဇဝါဖြစ်နေတယ်၊ ဘာကြောင့် ICE အေးဂျင့်တွေက အီတလီကို လာရမှာလဲ? သူတို့မှာ ဒီမှာ လုပ်ပိုင်ခွင့် မရှိဘူးလေ” ဟု ၎င်းတို့အနက် တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့တွင် တွေ့ရသည့် အီတလီဝန်ကြီးချုပ်ဟောင်း ဂျူဆက်ပေ ကွန်တီ၏ပုံ၊ သူက၎င်းတို့နိုင်ငံအစိုးရအနေဖြင့် ကြားဝင်ဆောင်ရွက်ရန်နှင့် “ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို သတ်မှတ်ရန်” တိုက်တွန်းခဲ့သည်(ပုံ)

မီလန်မြို့တော်ဝန် ဂျူဆက်ပေ ဆာလာက ICE ကို “သတ်ဖြတ်တတ်သော ပြည်သူ့စစ်” ဟု ဖေဖော်ဝါရီလ အိုလံပစ်ပွဲသို့ စေလွှတ်မှုအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သည်(ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက