နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်

ဒေလီမြို့တော်၏ ရေအကျပ်အတည်း

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder Kumar) သည် နေ့စဉ် ခြေကျင်းဝတ်အထိ နစ်သော ရွှံ့နွံများကို ဖြတ်သန်းသွားလာနေရသော်လည်း ၎င်း၏နေအိမ် အတွင်း၌မူ သောက်သုံးရန် ရေတစ်စက်မျှ မရှိပေ။

“သုံးရက်မှ တစ်ကြိမ်ပဲ ရေလာတယ်၊ အဲဒီလိုလာတဲ့အခါမှာလည်း တစ်နာရီလောက်ပဲ ရေကြည်ရတယ်” ဟု ကူးမားက CNN သို့ ပြောကြားခဲ့သည်။ “ရေချိုးဖို့တောင် ခက်ခဲ ပါတယ်။ တစ်ခါတလေ ရေက အမည်းရောင်တွေ ထွက်လာတတ်လို့ ၄ ရက် ဒါမှမဟုတ် ၅ ရက်မှ တစ်ခါပဲ ရေချိုးဖြစ်တော့တယ်” ဟု ဆိုသည်။

ယမုံနာမြစ် ညစ်ညမ်းမှုနှင့် အကျိုးဆက်များ

ယခုကဲ့သို့ ရေပြတ်လပ်ရခြင်းမှာ ယမုံနာ (Yamuna) မြစ်အတွင်း အမိုးနီးယား (Ammonia) ပါဝင်မှု မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ စက်မှုလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများကြောင့် မြစ်ရေမှာ အလွန်အမင်း ညစ်ညမ်းလာကာ မြို့တော်၏ အဓိက ရေပေးဝေရေး စက်ရုံ ၉ ရုံအနက် ၆ ရုံကို ယာယီပိတ်ထားခဲ့ရသည်။

ထိခိုက်မှုအတိုင်းအတာအနေနှင့် လူဦးရေ ၂ သန်းခန့် နေထိုင်သည့် ရပ်ကွက်ပေါင်း ၄၃ ခုတွင် ရေပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရသည်။ရေအရည်အသွေးသည်လက်ရှိရရှိနေသော ရေအချို့မှာ အဝါရောင်သန်းနေပြီး ဥပုပ်နံ့ကဲ့သို့ အနံ့ဆိုးများ ထွက်နေကြောင်း ဒေသခံများက ဆိုသည်။ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး “လူတိုင်း ကျန်းမာရေးတွေ ထိခိုက်ကုန်ပြီ၊ ဒီမှာ အရာအားလုံးက ညစ်ပတ်နေတာပဲ” ဟု ဒေသခံတစ်ဦးဖြစ်သူ ရှာရှီ ဘာလာ (Shashi Bala) က ပြောသည်။

ရေပြဿနာသည်ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော ပြဿနာဖြစ်သည်။

ယမူနာမြစ်သည် ဒေလီမြို့အတွက် လိုအပ်သော ရေပမာဏ၏ ၄၀% ခန့်ကို ထောက်ပံ့ ပေးထားသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ အဆိပ်သင့် ဓာတုပစ္စည်းများနှင့် မသန့်စင် ရသေးသော မိလ္လာစွန့်ပစ်မှုများကြောင့် ပျက်စီးနေခဲ့သည်။

ဒေလီဟာ ယမုံနာမြစ် စီးဆင်းနေလို့ မြို့ဖြစ်လာတာပါ။ အခုတော့ ကျွန်တော်တို့က ဒီမြစ်ကို ဖျက်ဆီးလိုက်ကြပြီ”ဟု စေတနာ့ဝန်ထမ်း ပန်ကပ် ကူးမား (Pankaj Kumar)ကဆိုသည်။

စိန်ခေါ်မှုများနှင့် အနာဂတ်အစီအစဉ်

စနစ်တကျ မဟုတ်သော မြို့ပြတိုးချဲ့မှုများကြောင့် လူသန်းပေါင်းများစွာမှာ ပိုက်လိုင်းစနစ်နှင့် ရေနုတ်မြောင်းစနစ် မရှိသည့် ရပ်ကွက်များတွင် နေထိုင်နေကြရသည်။ ၎င်းတို့၏ စွန့်ပစ် ပစ္စည်းများသည် မြေဆီလွှာအတွင်း စိမ့်ဝင်ကာ မြေအောက်ရေကိုပါ အဆိပ်သင့်စေကြောင်း ၂၀၂၂ ခုနှစ် လေ့လာမှုတစ်ခုက ဖော်ပြသည်။

အစိုးရ၏ တုံ့ပြန်မှုကိုကြည့်လျှင် ဒေလီရေပေးဝေရေးအဖွဲ့ (Delhi Water Board) က ရေပေးဝေမှုများကို ပြန်လည်လုပ်ဆောင်နေပြီဟု ဆိုသော်လည်း အချို့ဒေသများတွင် ပိုက်လိုင်းဖိအား မမှန်ကန်မှုများ ရှိနေဆဲဖြစ်သည်။ အစိုးရအနေဖြင့် ၂၀၂၈ ခုနှစ်တွင် မိလ္လာသန့်စင်မှု လုပ်ငန်းစဉ်ကို နှစ်ဆတိုးမြှင့်ရန်နှင့် ရပ်ကွက်အားလုံးတွင် ရေဆိုးထုတ် စနစ်များ တပ်ဆင်ရန် ရည်မှန်းထားသည်။

မှတ်ချက်။ မြန်မာနိုင်ငံတွင် ဒေလီမြို့၏ဖြစ်ပျက်နေမှုကိုသင်္ခန်းစာအဖြစ်သတိထားသင့်ပြီး အထူးသဖြင့်ရန်ကုန်မြို့တွင်ရေဆိုးထုတ်မှုစံနစ်တကျမရှိခြင်း၊ စက်ရုံအလုပ်ရုံများနှင့် ကန်တော်ကြီး၊ ကန်တော်မင် (ဦးဥတ္တမပန်းခြံ)တို့တွင်ရှိ စားသောက်ဆိုင်များမှ စွန့်ပစ် ရေဆိုးများကြောင့်ကန်ရေများအစိမ်းပုတ်‌ရောင်များဖြစ်နေခြင်း၊ ရေသွားရေလာ မကောင်းသဖြင့်လမ်းများတွင်မိုးတွင်းရေလွှမ်းခြင်းတို့ဖြစ်ပေါ်လျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ညစ်ညမ်းနေသော ယမုနာမြစ်၏ မနက်ခင်းမြင်ကွင်း။(ပုံ)

ယမုံနာမြစ်ကမ်းနံဘေးတွင် အဆိပ်သင့်ရေမြှုပ်များ ပေကျံနေသော ပန်ကက်ဂျ် ကူမား။ အီရှာ မီထရာ/CNN(ပုံ)

ရာဗင်ဒါ ကူမားသည် ဒေလီ၊ ရှာမာ အန်ကလဗ်ရှိ ၎င်း၏နေအိမ်အပြင်ဘက်ရှိ ရေကိုဖြတ်ကူးရန် လှေကားထစ်များကို အသုံးပြုသည်။ အီရှာ မီထရာ/CNN (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက