နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်ဒေသရှိ အိုးဘို​ရွာကို စစ်ကောင်စီက သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီး ၊ နေအိမ် ၇၀ ခန့် ပျက်စီး
ဒေသခံများကိုလည်း ပစ်ခတ်သတ်ဖြတ်၊ အသက်(၈၆) နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်

မကွေးတိုင်း မြိုင်မြို့နယ်က အိုးဘိုကျေးရွာကို စစ်ကောင်စီတပ်က သုံးကြိမ်မြောက် မီးရှို့ ဖျက်ဆီးလိုက်ကြောင်းသိရသည်။ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နွေဦးတော်လှန်ရေး – မြိုင် အဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

Photo နွေဦးတော်လှန်ရေး (မြိုင်)- အိုးဘိုရွာ မီးလောင်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဥ်။


ဒီဇင်ဘာ (၃၀) ရက် ယနေ့ မနက် ၄ နာရီ မိနစ် ၂၀ က ကန်နီရွာရှိ ပျူစောထီး အဖွဲ့ နှင့် စစ်ကောင်စီတပ်များက အိုးဘိုရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းကလည်း မြိုင်မြို့နယ် မြောက်ပိုင်းရှိ မန်းကျည်းလေးပင်ရွာကို မီးရှို့ခဲ့ရာ နေအိမ် ၃၆ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။ ဆက်တိုက်ဆိုသလို မွန်းလွဲပိုင်းတွင် ကန်နက်ကျေးရွာကို လေးကြိမ်မြောက် ထပ်မံမီးတင်ရှို့ခံရာ နေအိမ် ၂၈ လုံး ဆုံးရှု့းခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

Photo နွေဦးတော်လှန်ရေး (မြိုင်)- အိုးဘိုရွာ မီးလောင်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဥ်။


စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ်၊ ဖောင်းကားကျေးရွာမှ ဒေသခံပြည်သူလေးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။ ထို့အပြင် တောင်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ CDM ဆရာမ၏ ဖခင်ဖြစ်သူ အသက် (၈၆) နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့အပြင် တောင်ရွာရှိ နေအိမ် ၄၅ လုံး၊ ကားနှင့်ဆိုင်ကယ်များ၊ မြေပဲတင်း ၊ စပါးတင်း၊ နှမ်းတင်းများကိုလည်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများကပြောဆိုသည်။


စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာ ကို စစ်​ကြောင်းထိုး ဝင်ရောက် ခဲ့သည်။ ထိုသို့ ဝင်ရောက်ခြင်းကြောင့် ကင်းကျေးရွာမှ အမျိုးသား တစ်ဦး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါ စစ်ကြောင်းကြောင့် ထွက်ပြေးခဲ့သည့် အသက်(၈၀)ခန့် အဘွားအိုတစ်ဦးလည်း အမောဖောက် သေဆုံးခဲ့ရကြောင်း သိရသည်။

MoeZ/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 4 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့
မြန်မာသတင်း

ပြန်လွတ်လာတဲ့ နိုင်/ကျဉ်းသူတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ကန့်သတ်ထား

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ ထောင်တွေကနေ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေဟာ ဖမ်းဆီးခံထားရချိန် မှတ်ပုံတင်ကဒ်တွေ သိမ်းဆည်းခံရသလို ပြန်လွတ်လာတဲ့အချိန်မှာ ပြန်မပေးသလို အသစ်လျှောက်ရာမှာလဲ