နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

ချင်းတော်လှန်ရေး

ချင်းတော်လှန်ရေး

ချင်းညီနောင်အဖွဲ့တွေ စုစည်းပြီး ချင်းပြည်သူ့တပ်မတော်(CPU/CPA) ဖွဲ့စည်း

ဇန်နဝါရီလ (၁၃)ရက်။

ချင်းညီနောင်အဖွဲ့ဝင်တွေ စုစည်းပြီး ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီ CPU/CPA ကို ချင်းညီနောင်အဖွဲ့ဝင်တွေက ဒေသထဲ နိုင်ငံရေးနဲ့ စစ်ရေး ဦးဆောင်ပေးဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

ချင်းပြည်ရှိ တော်လှန်ရေးအင်အားစုတွေကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နဲ့ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC)မှာ စုစည်းပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ရေးနိုင်ငံရေးကို တပြိုင်ထဲ လုပ်ဆောင်ရာမှာ တော်လှန်ရေးကာလထဲ အစုအဖွဲ့အချို့က စစ်ရေးထက် နိုင်ငံရေးကို ပိုမိုအားစိုက်တဲ့ အခြေအနေတွေကြောင့် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအကြား ဝိဝါဒကွဲပြားတာတွေ ဖြစ်ပေါ်ခဲ့ပြီး CJDC ပျက်ပြယ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပျက်ပြယ်ပြီးနောက် ချင်းညီနောင်ကို ဖွဲ့စည်းကာ မဟာမိတ်တွေနဲ့ လက်တွဲညီညီ ပူးပေါင်းပြီး ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းတို့ကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ဖို့ စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အခုဖွဲ့စည်းတဲ့ CPU/CPA ဟာ ချင်းညီနောင်အဖွဲ့ဝင်အနေနဲ့ ဆက်လက်ပါဝင်ပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ဖို့ ရည်မှန်းချက်တူတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ စစ်ရေးနိုင်ငံရေးတွေကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

CPU/CPA မှာ ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ CDF-Mindat၊ CDF-Matupi နဲ့ CDF-Kampetlat တို့အပြင် ချင်းကာကွယ်ရေးတပ်-ဒိုရ်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ချင်းတော်လှန်ရေး

သိုင်းငင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၉ လောင်းတွေ့ရှိ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 216 Views
ဇန်နဝါရီလ (၁၆) ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး စခန်းရှင်းလင်းရေး
ချင်းတော်လှန်ရေး

ကလေး-တီးတိန်လမ်းပေါ်က သိုင်းငင်းဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 239 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်၊ ခေတ်မျက်လုံး။ စစ်ကောင်စီ တပ်စွဲထားတဲ့ ကလေး-တီးတိန်လမ်းပေါ်က သိုင်းငင်း ဗျူဟာ စခန်းကို