ဇွန်လ (၁၇)ရက်။
ဒီကနေ့ တီးတိန်မြို့ရှိ သိုင်းငင်းရွာမှာ စစ်ကော်မရှင်ရဲ့ တပ်ကြပ်ကြီးအပါအဝင် (၄)ဦး အလင်းဝင်ခဲ့တယ်လို့ CDF CDM Siyin ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သူတို့ဟာ CDF CDM Siyin ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကလေး-တီးတိန်-ဟားခါးလမ်းခွဲ သိုင်းငင်းရွာမှာ အထိုင်ချထားတဲ့ တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း (၁၀၁)ကဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကော်မရှင်တပ်ရင်းက တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် (၄)ဦးဟာ CDF CDM Siyin ဆီ လက်နက်ခံယမ်းတွေနဲ့အတူ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို CDF CDM Siyin ဘက်က ဆုငွေတွေနဲ့အတူ နွေးထွေးစွာ ချီးမြှင့်ကြိုဆိုခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒီလို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို သတင်းဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။



