နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

ဇန်နဝါရီလ (၂၆)ရက်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ တိုက်နယ်အဖွဲ့တွေကို ဒေသခံတွေက BNRA အလိုမရှိဘူးဆိုပြီးတော့ ဆန္ဒပြခိုင်းတာပေါ့။ အဲ့လိုဆန္ဒပြခိုင်းတာမှာ ဘာကြောင့်ပြခိုင်းတယ်ဆိုတာမျိုး မပါလာဘူး။ သူတို့ကတော့ အလိုမရှိဘူးလို့လဲပြောတယ်။ အကြောင်းပြချက်က မရှိဘူး” လို့ ဆိုပါတယ်။

NUG က တိုက်နယ်အဖွဲ့တွေကနေတဆင့် ဒေသခံပြည်သူတွေကို ဖိအားပေးပြီး BNRA အလိုမရှိဘူးဆိုကာ ဆန္ဒပြဖို့ စေခိုင်းနေကာ အကြောင်းပြချက် မပါဝင်ဘူးလို့ သိရပါတယ်။

နောက်ပြီး ဇန်နဝါရီလ (၂၂)ရက်နေ့ကလဲ ပုလဲမြို့ရှိ ကျေးရွာတရွာမှာ BNRA အလိုမရှိကြောင်းနဲ့ NUG ကို ထောက်ခံကြောင်း ဆန္ဒပြတာတွေရှိပေမယ့် အဲ့ဒီလုပ်ရပ်ဟာ ပြည်သူတွေရဲ့ သဘောဆန္ဒမပါဝင်ဘူးလို့ ပြောဆိုနေကြပါတယ်။

“ တချို့ရွာတွေကတော့ အတင်းဖိအားပေးခံရတော့ ဆန္ဒပြတာတွေလုပ်ကြတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ သဘောဆန္ဒအမှန်မဟုတ်ဘူးပေါ့။ နောက်ပြီး ပြဖို့အကြောင်းပြချက်ကလဲ မပါဘူး။ တချို့ရွာတွေက ဆန္ဒမပြချင်တော့ အချိန်ဆွဲကြတယ်။ ဒါပေမယ့် ဒီနေ့မပြရင် နောက်နေ့ပြရမယ်ဆိုပြီး ဖိအားပေးနေတာ” လို့ ဒေသခံတဦးက ဆိုပါတယ်။

အခုလို ဆန္ဒပြတာတွေအပေါ် ဗိုလ်နဂါးဘက်က ပြန်လည်ရှင်းလင်းထားပြီး ဆန္ဒပြတာမှာ ဦးဆောင်သူတွေနဲ့ ပါဝင်တဲ့ ပြည်သူတွေဆီကနေ ကတိ (၂)ခုတောင်းခံခဲ့ပြီး အဲ့ဒီကတိတွေ ပေးနိုင်ပါက တော်လှန်ရေးက နှုတ်ထွက်မယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဗိုလ်နဂါး တောင်းခံထားတဲ့ ကတိ (၂)ခုဟာ NUG ကို ဆန္ဒပြပြည်သူတွေ ရှိလာပါက အဲ့ဒီဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်ပေးပါ့မယ်ဆိုတဲ့အချက်နဲ့ အခြားပြည်သူတွေက တောင်းဆိုလာရင် ဆန္ဒအတိုင်း လိုက်နာပြီး တာဝန်ခံ‌ခိုင်းပေးပါမယ်ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

အဲ့ဒီဆန္ဒပြပွဲတွေ မတိုင်ခင်မှာ ပုလဲမြို့နယ်ထဲ BNRA နဲ့ NUG တပ်တွေအကြား အခွန်ဂိတ်ကိစ္စတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာပါ။

ဒီလိုဖြစ်ပွားပြီးနောက် NUG ဘက်က ပုလဲနယ်ထဲက ရွာတွေမှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အလိုမရှိဘူးဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို အတင်းအကြပ် စေခိုင်းလာတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ