နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

ဇန်နဝါရီလ (၂၆)ရက်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“တိုက်နယ်အဖွဲ့တွေကို ဒေသခံတွေက BNRA အလိုမရှိဘူးဆိုပြီးတော့ ဆန္ဒပြခိုင်းတာပေါ့။ အဲ့လိုဆန္ဒပြခိုင်းတာမှာ ဘာကြောင့်ပြခိုင်းတယ်ဆိုတာမျိုး မပါလာဘူး။ သူတို့ကတော့ အလိုမရှိဘူးလို့လဲပြောတယ်။ အကြောင်းပြချက်က မရှိဘူး”လို့ ဆိုပါတယ်။

NUG က တိုက်နယ်အဖွဲ့တွေကနေတဆင့် ဒေသခံပြည်သူတွေကို ဖိအားပေးပြီး BNRA အလိုမရှိဘူးဆိုကာ ဆန္ဒပြဖို့ စေခိုင်းနေကာ အကြောင်းပြချက် မပါဝင်ဘူးလို့ သိရပါတယ်။

နောက်ပြီး ဇန်နဝါရီလ (၂၂)ရက်နေ့ကလဲ ပုလဲမြို့ရှိ ကျေးရွာတရွာမှာ BNRA အလိုမရှိကြောင်းနဲ့ NUG ကို ထောက်ခံကြောင်း ဆန္ဒပြတာတွေရှိပေမယ့် အဲ့ဒီလုပ်ရပ်ဟာ ပြည်သူတွေရဲ့ သဘောဆန္ဒမပါဝင်ဘူးလို့ ပြောဆိုနေကြပါတယ်။

“တချို့ရွာတွေကတော့ အတင်းဖိအားပေးခံရတော့ ဆန္ဒပြတာတွေလုပ်ကြတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ သဘောဆန္ဒအမှန်မဟုတ်ဘူးပေါ့။ နောက်ပြီး ပြဖို့အကြောင်းပြချက်ကလဲ မပါဘူး။ တချို့ရွာတွေက ဆန္ဒမပြချင်တော့ အချိန်ဆွဲကြတယ်။ ဒါပေမယ့် ဒီနေ့မပြရင် နောက်နေ့ပြရမယ်ဆိုပြီး ဖိအားပေးနေတာ”လို့ ဒေသခံတဦးက ဆိုပါတယ်။

အခုလို ဆန္ဒပြတာတွေအပေါ် ဗိုလ်နဂါးဘက်က ပြန်လည်ရှင်းလင်းထားပြီး ဆန္ဒပြတာမှာ ဦးဆောင်သူတွေနဲ့ ပါဝင်တဲ့ ပြည်သူတွေဆီကနေ ကတိ (၂)ခုတောင်းခံခဲ့ပြီး အဲ့ဒီကတိတွေ ပေးနိုင်ပါက တော်လှန်ရေးက နှုတ်ထွက်မယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဗိုလ်နဂါး တောင်းခံထားတဲ့ ကတိ (၂)ခုဟာ NUG ကို ဆန္ဒပြပြည်သူတွေ ရှိလာပါက အဲ့ဒီဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်ပေးပါ့မယ်ဆိုတဲ့အချက်နဲ့ အခြားပြည်သူတွေက တောင်းဆိုလာရင် ဆန္ဒအတိုင်း လိုက်နာပြီး တာဝန်ခံ‌ခိုင်းပေးပါမယ်ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

အဲ့ဒီဆန္ဒပြပွဲတွေ မတိုင်ခင်မှာ ပုလဲမြို့နယ်ထဲ BNRA နဲ့ NUG တပ်တွေအကြား အခွန်ဂိတ်ကိစ္စတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာပါ။

ဒီလိုဖြစ်ပွားပြီးနောက် NUG ဘက်က ပုလဲနယ်ထဲက ရွာတွေမှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အလိုမရှိဘူးဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို အတင်းအကြပ် စေခိုင်းလာတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို