နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မင်နီဆိုတာ (Minnesota) သတ်ဖြတ်မှုအပေါ် ကန့်ကွက်မှုများပြင်းထန်လာချိန်တွင် အိမ်ဖြူတော်က နောက်ဆုတ်မည့် အလားအလာများ စတင်ပြသလာ

CNN -၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက်

သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက မင်နီဆိုတာပြည်နယ်သို့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ အလုံးအရင်းနှင့်စေလွှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုတ်မည့်လက္ခဏာများကို တနင်္လာနေ့တွင် ပြသခဲ့သည်။ ၎င်းသည် မြေပြင်မှ နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ကို အစားထိုးလဲလှယ်ခဲ့ပြီး ပြည်နယ်၏ ဒီမိုကရက်တစ် ရွေးကောက်ခံအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း အရိပ်အယောင်ပြသခဲ့သည်။

အဲလက်စ် ပရက်တီ (Alex Pretti) အမည်ရှိ ICU သူနာပြုတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့မှု အပေါ် လူထုကန့်ကွက်မှုများကို ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ်အတွင်း ယခုကဲ့သို့ လုပ်ဆောင် ချက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရန့်အစိုးရ တာဝန်ရှိသူများသည် အဆိုပါသူနာပြုကို “ ပြည်တွင်း အကြမ်းဖက်သမား” အဖြစ် အစောပိုင်းက မှားယွင်းစွာ စွပ်စွဲခဲ့ကြသည်။ သို့သော် အစိုးရအဖွဲ့သည် အပြစ်ပုံချရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ရာ မြေပြင်တွင် အခြေအနေ မည်မျှအထိ ပြောင်းလဲသွားမည်နည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ပထမဆုံးစမ်းသပ်မှုမှာ အင်္ဂါနေ့တွင် ဖြစ်လာနိုင်သည်။ မင်နီယာပိုလစ် (Minneapolis) မြို့ကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သော မြေပြင်အင်အားသုံးနှိမ်နင်းမှုကို ကိုင်တွယ်ရန် ထရန့်က နယ်စပ် ရေးရာ အရာရှိချုပ် တွမ် ဟိုးမန်း (Tom Homan) ကို စေလွှတ်လိုက်ပြီးနောက် နယ်စပ် ကင်းလှည့်ရေးအဖွဲ့ခေါင်းဆောင် ဂရီဂိုရီ ဘိုဗီနို (Gregory Bovino) နှင့် ၎င်း၏အေးဂျင့် အချို့ သည် မြို့မှစတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သိရှိသည့် သတင်းရင်းမြစ် သုံးခုက CNN သို့ ပြောကြားခဲ့သည်။ ဘိုဗီနိုကို ဘေးဖယ်လိုက်ခြင်းသည် ၎င်းတွန်းအား ပေးခဲ့ သော အင်အားပြင်းပြင်းထန်ထန်နှိမ်နင်းသည့် နည်းလမ်းမှ လမ်းခွဲလိုက်ခြင်း ဖြစ်နိုင်ပါသည်။

ခေါင်းဆောင်မှုအပြောင်းအလဲသည် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနရှိ အချို့သော သူများ အတွက် စိတ်သက်သာရာရစေခဲ့သည်။ ၎င်းတို့သည် ဟိုးမန်းကို ဖက်ဒရယ်ဥပဒေစိုးမိုးရေး တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူအဖြစ် ရှုမြင်ကြသည်။ ထို့အပြင် လွှတ်တော်ရှိ ရီပတ်ပလီကန် ခေါင်းဆောင်များ၏ ချီးကျူးမှုကိုလည်း ရရှိခဲ့သည်။

စနေနေ့က ပရက်တီ အသတ်ခံရမှုကြောင့် အကျိုးဆက်များကို ထိန်းချုပ်ရန် မကြိုးပမ်းမီကတည်းက ထရန့်အပါအဝင် အိမ်ဖြူတော်အရာရှိအချို့သည် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များအပေါ် လူထု၏ ပြောဆိုဝေဖန်မှုများအပေါ် မကျေမနပ်နေခဲ့ကြောင်း ဆွေးနွေးမှုများကို သိရှိသူတစ်ဦးက ပြောသည်။

တနင်္လာနေ့တွင် ထရန့်သည် မင်နီဆိုတာ အုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ် (Tim Walz) နှင့် စကားပြောခဲ့သည်။ ၎င်းသည် ဒီမိုကရက်တစ်တစ်ဦးဖြစ်သူ ဝေါ့ဇ်နှင့် ကာလရှည်ကြာ ဖြစ်ပွားနေသော ပုဂ္ဂိုလ်ရေးရန်ငြိုးများကို ဘေးဖယ်ထားကာ ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် ဖက်ဒရယ်အေးဂျင့်အချို့ကို ပြည်နယ်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

“ အင်မတန်ကောင်းမွန်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ အမြင်ချင်း တူညီမှုရှိခဲ့ကြပါတယ်” ဟု ထရန့်က သူ၏ Truth Social စာမျက်နှာတွင် ရေးသားခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့်လများအတွင်းက အဆိုပါပြည်နယ်အုပ်ချုပ်ရေးမှူးကို “ အကျင့်ပျက်ခြစားသူ” နှင့် “ လုံးဝအရည်အချင်းမရှိသူ” ဟု ကဲ့ရဲ့ခဲ့ဖူးသည်။

ထိုနေ့နှောင်းပိုင်းတွင် သူသည် မင်နီယာပိုလစ် မြို့တော်ဝန် ဂျေကော့ ဖရေး (Jacob Frey) နှင့်လည်း စကားပြောခဲ့ပြီး “ အင်မတန်ကောင်းမွန်သော” စကားပြောဆိုမှုဟု ဆိုကာ “ တိုးတက်မှုများစွာ ရရှိနေပြီ” ဟု ရေးသားခဲ့သည်။

ယခုလှုပ်ရှားမှုများကို ခြုံငုံကြည့်လျှင် ဆန္ဒပြသူများနှင့် နေ့စဉ်ရင်ဆိုင်တွေ့နေရခြင်း၊ အစိုးရ အရာရှိများနှင့် ထရန့်၏ ရင်းနှီးသောမဟာမိတ်များကိုပင် စိတ်မသက်မသာ ဖြစ်စေသည့် အကြမ်းဖက်မှုမြင်ကွင်းများ ဖြစ်ပေါ်စေခဲ့သော လုပ်ဆောင်ချက်များအပေါ် အိမ်ဖြူတော်က ပထမဆုံးအကြိမ် လူသိရှင်ကြား ပြန်လည်သုံးသပ်လာခြင်း ဖြစ်သည်။

“ အမှားအယွင်းတွေ ရှိနိုင်တယ်၊ ရှုပ်ထွေးမှုတွေ ရှိနိုင်တယ်၊ ဒါပေမဲ့ ပြည်တွင်းလုံခြုံရေးဝန်ကြီး ဌာနအနေနဲ့ ဒါကို အကောင်းဆုံး မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်” ဟု လူဝင်မှု ကြီးကြပ် ရေး လေ့လာရေး ဗဟိုဌာနမှ ညွှန်ကြားရေးမှူး မတ်ခ် ကရီကိုရီယန် (Mark Krikorian) က ပြောသည်။ ၎င်းသည် အထူးသဖြင့် ပရက်တီကို ရန်လိုတိုက်ခိုက်သူအဖြစ် အလျင်စလို ပုံဖော်ခဲ့ခြင်းကို ဝေဖန်ခဲ့ပြီး “ တကယ့်အထောက်အထားရှိမှသာ အဲဒီလိုမျိုး ပြောသင့်တာပါ” ဟု ဆိုသည်။

ပရက်တီ အသတ်ခံရပြီးနောက် ရစ်ပတ်ဘလီကန် လွှတ်တော်အမတ်များနှင့် မဟာမိတ်များ သည် အစိုးရကို လူသိရှင်ကြားရော သီးသန့်ပါ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ပိုမိုနက်ရှိုင်း လာသော အကျပ်အတည်းသည် အိမ်ဖြူတော်၏ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပြီး ပါတီအတွက် ပြုပြင်မရနိုင်သော ပျက်စီးမှုများ ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့ကြသည်။

မြေပြင်တွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာမည်ကို စိုးရိမ်ရုံသာမက ယခုကဲ့သို့ အင်အားသုံး နှိမ်နင်းမှုများသည် နိုင်ငံရေးအရ အကျိုးသက်ရောက်မှု ဆိုးရွားနိုင်သည်ဟု ရစ်ပတ်ဘလီကန်များက မကျေမနပ် ပြောဆိုကြသည်။ ယင်းလုပ်ရပ်များသည် မင်နီဆိုတာသို့ အေးဂျင့်များ စေလွှတ်ရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သော လိမ်လည်မှုအရှုပ်တော်ပုံကို ဖော်ထုတ်ရန် ကြိုးပမ်းချက်များကို ဖုံးလွှမ်းသွားစေပြီး ထရန့်၏ အခြားလုပ်ငန်းစဉ်များကိုပါ ပိုမိုရှုပ်ထွေးစေသည်ဟု ဆိုကြသည်။ အမှန်တကယ်ပင် ဆီးနိတ်ဒီမိုကရက်များသည် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ဥပဒေကြမ်းကို ကန့်ကွက်မည်ဟု ခြိမ်းခြောက်နေကြရာ ရက်ပိုင်းအတွင်း အစိုးရယန္တရား ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေကို ဖြစ်ပေါ်စေသည်။

ထရန့်၏ သစ္စာရှိမဟာမိတ်များအပါအဝင် ရစ်ပတ်ဘလီကန်အမတ်အချို့သည် ပစ်ခတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တောင်းဆိုလာကြပြီး အချို့က လွှတ်တော်တွင် ကြားနာမှုများ ပြုလုပ်ရန် တွန်းအားပေးနေကြသည်။

“ နိုင်ငံရေးသမားတွေ၊ ဆန္ဒပြသူတွေနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေ အားလုံးမှာ မင်နီဆိုတာရဲ့ တင်းမာနေတဲ့ အခြေအနေကို လျှော့ချဖို့ တာဝန်ရှိပါတယ်” ဟု တောင်ဒါကိုတာမှ လွှတ်တော် အမတ် ဒတ်စတီ ဂျွန်ဆင် (Dusty Johnson) က X တွင် ရေးသားခဲ့သည်။ “ အရာရှိတွေ ပါဝင်တဲ့ ဘယ်လိုပစ်ခတ်မှုမျိုးမှာမဆို သေချာစုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်” ဟုလည်း ဆိုသည်။

အစိုးရအရာရှိများသည် ပရက်တီအား ဖက်ဒရယ်အေးဂျင့်များကို သေနတ်ဖြင့် ချိန်ရွယ် တိုက်ခိုက်သူအဖြစ် အစောပိုင်းက ပုံဖော်ခဲ့ရာမှ တနင်္လာနေ့တွင် သိသိသာသာ ပြောင်းလဲ လာခဲ့သည်။ သို့သော် သူသည် သေစေနိုင်သော ရင်ဆိုင်မှုကို ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟုတော့ ဆက်လက် ပြောဆိုနေကြဆဲဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ် (Karoline Leavitt) က ထရန့်သည် ပရက်တီကို ပြည်တွင်းအကြမ်းဖက်သမားအဖြစ် မသတ်မှတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နုမ်း (Kristi Noem) အပါအဝင် အခြားအစိုးရ အရာရှိများက ဘာကြောင့် အဲဒီလို သတ်မှတ်ခဲ့သလဲဆိုတာကို ရှင်းပြဖို့ ငြင်းဆိုခဲ့သည်။ ဖက်ဒရယ်ဌာနအသီးသီးက ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းလည်း သူမက အလေးပေးပြောကြားခဲ့သည်။

သို့သော် လဲဗစ်သည် ဒီလအစောပိုင်းက ရီနေး ဂွတ် (Renee Good) နှင့် အခု ပရက်တီတို့ အပစ်သတ်ခံရစေသည့် ပေါက်ကွဲလွယ်သော ပတ်ဝန်းကျင်ကို ဖန်တီးခဲ့မှုအတွက် ဒီမိုကရက်များနှင့် ဒေသခံဆန္ဒပြသူများကိုသာ အပြစ်တင်ခဲ့သည်။

“ ဒီအဖြစ်ဆိုးဟာ မင်နီဆိုတာက ဒီမိုကရက်ခေါင်းဆောင်တွေရဲ့ တမင်တကာ ရန်လိုတဲ့ ခုခံမှုတွေကြောင့် ဖြစ်ပွားခဲ့တာပါ” ဟု ဝေါ့ဇ်နှင့် ဖရေးတို့၏ အမည်ကို တိုက်ရိုက်ဖော်ပြကာ လဲဗစ်က ပြောကြားခဲ့သည်။

တိုက်ရိုက်တာဝန်ယူမှုကို ရှောင်လွှဲနေစဉ်အတွင်း ပြောဆိုချက်များကို အနည်းငယ်လျှော့ချရန် ကြိုးပမ်းမှုသည် ထရန့်၏ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များကို ပျက်စီးစေပြီး သူ၏ အင်အားအကောင်းဆုံး အချက်ဖြစ်ခဲ့သည့် ကိစ္စရပ်အပေါ် သူ၏ ရပ်တည်ချက်ကို ထိခိုက်စေနိုင်သည့် မတည်ငြိမ်သောအခြေအနေကို စီမံခန့်ခွဲရာတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုကို ပြသနေသည်။

လွန်ခဲ့သည့် လများအတွင်း ကောက်ယူခဲ့သော လူထုသဘောထားစစ်တမ်းများအရ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) နှင့် ၎င်းတို့၏ မြေပြင်နှိမ်နင်းမှုများအပေါ် မထောက်ခံမှု မြင့်တက်လာကြောင်း တွေ့ရှိရသည်။ တောင်ဘက်နယ်စပ်ကို လုံခြုံအောင် လုပ်ရန် အစိုးရ၏ အစောပိုင်းကြိုးပမ်းမှုများကို ထောက်ခံခဲ့သူများကြားမှာပင် ယခုကဲ့သို့ မထောက်ခံမှုများ ရှိနေသည်။

ရီနေး ဂွတ် အသတ်ခံရပြီးနောက် ထိုကိန်းဂဏန်းများမှာ ပိုမိုဆိုးရွားလာသည်။ အမေရိကန်ပြည်သူ အနည်းငယ်ကသာ အစိုးရ၏ အင်အားသုံးမှုမှာ မှန်ကန်သည်ဟု ယူဆကြသည်။ ဒီလအစောပိုင်းက CNN စစ်တမ်းအရ ဖြေဆိုသူ ၅၆ ရာခိုင်နှုန်းက အဆိုပါလုပ်ရပ်ကို “ မသင့်လျော်ဘူး” ဟု မြင်ကြပြီး ၂၆ ရာခိုင်နှုန်းကသာ “ သင့်လျော်တယ်” ဟု ယူဆကြသည်။

ထရန့်၏ လူယုံများနှင့် လွှတ်တော်အတွင်းရှိ ရစ်ပတ်ဘလီကန်အချို့သည် နုမ်း နှင့် ဘိုဗီနိုတို့လက်အောက်တွင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး အကျိုးမဲ့ဖြစ်ခဲ့ရသည့် လုပ်ငန်းစဉ်များကို ပြန်လည်တည်ငြိမ်အောင်လုပ်ရန် ဟိုးမန်းကို ခန့်အပ်လိုက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြကြောင်း ဆွေးနွေးမှုများကို သိရှိသူများက ဆိုသည်။

“ ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုပါ၊ မင်နီဆိုတာမှာ အခြေအနေတွေ အေးချမ်းသွားပြီး တည်ငြိမ်မှု ပြန်ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆီးနိတ်အမတ်များ၏ ခေါင်းဆောင် ဂျွန် သွန်း (John Thune) က X တွင် ရေးသားခဲ့သည်။

ICE အရာရှိဟောင်း တစ်ဦးဖြစ်သူ ဟိုးမန်းသည် တရားမဝင် လူဝင်မှုကြီးကြပ်ရေးအပေါ် ပြတ်ပြတ်သားသား ကိုင်တွယ်လိုသူဖြစ်သည်။ သို့သော် ဘိုဗီနို လုပ်ဆောင်ခဲ့သလို ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့စေသည့် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများထက် ပိုမိုပစ်မှတ်ထားသော လုပ်ငန်းစဉ်များကိုသာ ဟိုးမန်းက ပိုမိုနှစ်သက်လေ့ရှိသည်။

ဟိုးမန်းသည် မင်နီဆိုတာသို့ ရောက်ရှိလျှင် ဝေါ့ဇ် နှင့် ဖရေး တို့နှင့် တွေ့ဆုံရန် ရှိနေသော်လည်း မြေပြင်တွင် ဘာတွေပြောင်းလဲသွားမလဲဆိုသည်မှာ မသေချာသေးပေ။ အိမ်ဖြူတော်ကတော့ တရားမဝင်နေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရာတွင် ပြည်နယ်နှင့် ဒေသခံအရာရှိများထံမှ ပိုမိုပူးပေါင်းဆောင်ရွက်မှုကို လိုချင်နေသည်။ ဝေါ့ဇ်နှင့် ဖရေးတို့ကမူ ၎င်းတို့သည် ဖက်ဒရယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီးဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားကြသည်။

သို့သော် ဟိုးမန်း ရင်ဆိုင်ရမည့် အရေးတကြီးဆုံးတာဝန်မှာ ရက်သတ္တပတ်ပေါင်းများစွာ စုပုံနေခဲ့သည့် မြေပြင်မှ တင်းမာမှုများကို လျှော့ချရန်ဖြစ်ကြောင်း မဟာမိတ်များက ဆိုသည်။ အဆိုပါတင်းမာမှုများသည် ထရန့်နှင့် သူ၏ ပြည်နှင်ဒဏ်ပေးရေး လှုပ်ရှားမှုအပေါ် ဆန့်ကျင်လာကြသည့် တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကို ခံနေရပြီဖြစ်သည်။

“ တစ်နည်းအားဖြင့် ပြောရရင် နေ့တိုင်းဟာ ရွေးကောက်ပွဲနေ့ပါပဲ၊ ငါတို့ ဒီမူဝါဒနဲ့ နိုင်ခဲ့တာပဲ၊ ဒါကြောင့် နောက်နှစ်နှစ်အတွင်း ငါတို့ကြိုက်တာလုပ်လို့ရတယ်လို့ ပြောလို့မရပါဘူး” ဟု ကရီကိုရီယန် က ပြောသည်။ “ လူတွေက မကြိုက်ဘူးဆိုရင် သူတို့ကို ဆက်ပြီး ဆွဲဆောင်နားချနေဖို့ လိုပါတယ်”

ဇန်နဝါရီ ၂၃ ရက်တွင် ဓာတ်ဆီဆိုင်တစ်ခုတွင် ဖက်ဒရယ်အရာရှိများနှင့်အတူ အကောက်ခွန်နှင့် နယ်စပ်ကင်းလှည့်ရဲအရာရှိချုပ် ဂရက် ဘိုဗီနို (Greg Bovino) ရပ်နေသည်။ Katie G. Nelson/SOPA Images/Sipa USA/AP (ပုံ)

မင်နီယာပိုလစ်မြို့တော်ဝန် ဂျက်ကော့ဘ် ဖရေးသည် ဇန်နဝါရီ ၂၄ ရက်တွင် မင်နီယာပိုလစ်၌ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားနေစဉ်။ WCCO(ပုံ)

မင်နီယာပိုလစ်မြို့ရှိ အဲလက်စ် ပရက်တီ (Alex Pretti) ပစ်သတ်ခံရသည့်နေရာတွင် ယာယီအောက်မေ့ဖွယ်အဆောက်အအုံတစ်ခုမှ ဓာတ်ပုံတစ်ပုံ။ Tim Evans/Reuters(ပုံ)

ဇန်နဝါရီ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt။ Win McNamee/Getty Images(ပုံ)

ဇန်နဝါရီ ၁၄ ရက်တွင် အိမ်ဖြူတော်အပြင်ဘက်တွင် မီဒီယာများနှင့် စကားပြောဆိုနေစဉ် သမ္မတဒေါ်နယ်ထရမ့်၏ နယ်စပ်ရေးရာဇာ တွမ်ဟိုမန်း ကြည့်နေပုံ။ (Evelyn Hockstein/Reuters) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား