နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

ဆော်ဒီအာရေးဘီးယား

ဆော်ဒီအာရေးဘီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆော်ဒီအာရေဗျတွင် ဒေါ်လာ ၂.၅ ထရီလီယံတန်ဖိုးရှိ သတ္တုတွင်းထွက် အရန်အင်အား ရှိကြောင်း ပြောကြား၊ ၎င်းသည် မြေရှားသတ္ထု (Rare Earths) ပြိုင်ပွဲတွင် အဓိက ကစား သမား ဖြစ်လာနိုင်

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်

သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ရှားပါးမြေဒြပ်စင်ဆိုင်ရာ အခွင့်အရေးများ ပါဝင်မည့် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပြီးနောက် သတ္တုတွင်းထွက်ပစ္စည်းများသည် သတင်းခေါင်းကြီးပိုင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အရေးကြီးသတ္တုများနှင့် မြေရှားသတ္တုများ (Rare earth minerals) သည် စွမ်းအင်သစ် ကူးပြောင်းမှု၊ AI နည်းပညာနှင့် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဟာ့ဒ်ဝဲများအပြင် အခြားသော နည်းပညာများအတွက် အခြေခံအကျဆုံး ပစ္စည်းများဖြစ်သည်။ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA) ၏ အဆိုအရ တရုတ်နိုင်ငံသည် ကမ္ဘာ့ရှားပါးမြေဒြပ်စင် သန့်စင်မှု ထုတ်လုပ်မှု၏ ၉၀% ကျော် နှင့် တူးဖော်ထုတ်လုပ်မှု၏ ၆၀% ကျော် ကို ထိန်းချုပ်ထားသည်။

အကျိုးအမြတ်မယူသော SAFE အဖွဲ့မှ ဒါရိုက်တာ အဘီဂေးလ် ဟန်တာ (Abigail Hunter) က ရီယာ့ဒ်မြို့တွင် ကျင်းပသည့် အနာဂတ်သတ္တုတွင်းထွက်များဖိုရမ်၌ CNN သို့ ပြောကြား ရာတွင် တရုတ်နိုင်ငံသည် ဆယ်စုနှစ်များစွာကြာအောင် ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံတော်ပံ့ပိုးသည့် စီမံကိန်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အမေရိကန်ထက် အလင်းနှစ်ပေါင်းများစွာ” ရှေ့သို့ ရောက်နေကြောင်း ဖော်ပြခဲ့သည်။

သို့သော် ယခုအခါ ဆော်ဒီအာရေဗျသည် ရေနံအပေါ် စီးပွားရေးအရ မှီခိုနေရမှုကို လျှော့ချရန်နှင့် ပထဝီနိုင်ငံရေး သြဇာအာဏာ တိုးမြှင့်ရန်အတွက် သတ္တုတွင်းကဏ္ဍကို မြှင့်တင်လျက်ရှိသည်။

ဆော်ဒီ၏ ပြောကြားချက်အရ ၎င်းတို့တွင် ဒေါ်လာ ၂.၅ ထရီလီယံ တန်ဖိုးရှိ သတ္တုအရန် အင်အား ရှိသည်။ ယင်းတို့တွင် ရွှေ၊ သွပ်၊ ကြေးနီနှင့် လစ်သီယမ်တို့အပြင် လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် တာဘိုင်များနှင့် အဆင့်မြင့် ကွန်ပျူတာစနစ်များတွင် အသုံးပြုသည့် dysprosium၊ terbium၊ neodymium နှင့် praseodymium ကဲ့သို့သော မြေရှားဒြပ်စင်များလည်း ပါဝင်သည်။

S&P Global ၏ အဆိုအရ ဆော်ဒီအာရေဗျ၏ သတ္တုရှာဖွေရေးဘတ်ဂျက်သည် ၂၀၂၁ နှင့် ၂၀၂၅ ခုနှစ်ကြားတွင် ၅၉၅% အထိ မြင့်တက်လာခဲ့သည်။ သို့သော် ကနေဒါနှင့် သြစတြေးလျကဲ့သို့သော အဆင့်မြင့် သတ္တုတူးဖော်ရေးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ရှိပါသေးသည်။

“လက်တွေ့မှာတော့ သတ္တုတူးဖော်ရေးဟာ ရေရှည်ကစားရတဲ့ ပွဲမျိုးပါ” ဟု ဟန်တာက ဆိုသည်။ “သန့်စင်စက်ရုံတစ်ရုံ တည်ဆောက်ဖို့ ၃ နှစ်ကနေ ၅ နှစ်အထိ ကြာတတ်ပြီး အချို့နေရာတွေမှာ ၂၉ နှစ်အထိတောင် ကြာနိုင်ပါတယ်” ဟု ၎င်းက ထောက်ပြသည်။

နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ Maaden က လာမည့် ဆယ်စုနှစ်အတွင်း သတ္တုနှင့် သတ္တုတူးဖော်ရေးကဏ္ဍတွင် ဒေါ်လာ ၁၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ “ဒါကို ကျွန်တော်တို့ တစ်ယောက်တည်း မလုပ်နိုင်ဘူးဆိုတာကို လက်ခံဖို့ ကျွန်တော်တို့မှာ နှိမ့်ချမှု ရှိပါတယ်” ဟု Maaden စီအီးအို ဘော့ဝစ် (Bob Wilt) က ဆိုသည်။

ဆော်ဒီ၏ သတ္တုတန်ဖိုးသည် ၎င်း၏ ရေနံတန်ဖိုးနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာ ရှိသေးသော်လည်း (ဆော်ဒီသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံအရန်အင်အား ပိုင်ဆိုင် ထားသည်)၊ နိုင်ငံ၏ Vision 2030 စီမံကိန်းတွင် သတ္တုတူးဖော်ရေးကို အဓိကမဏ္ဍိုင်တစ်ခု အဖြစ် သတ်မှတ်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဝါရှင်တန်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဆော်ဒီအာရေဗျ သည် အမေရိကန်၏ အခြေခံအဆောက်အအုံ၊ နည်းပညာနှင့် စက်မှုကဏ္ဍများတွင် ဒေါ်လာ ၁ ထရီလီယံနီးပါး ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။ ယင်းသဘောတူညီချက်တွင် သတ္တုတွင်းထွက်ပစ္စည်းများဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်သည်။

ပင်တဂွန် (Pentagon) က ကျောထောက်နောက်ခံပြုထားသော MP Materials ကုမ္ပဏီသည် Maaden နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဆော်ဒီအာရေဗျတွင် သန့်စင်စက်ရုံအသစ်တစ်ခု တည်ဆောက်သွားမည် ဖြစ်သည်။

“ရေရှည်မှာတော့ ဒီဗျူဟာဟာ ချက်ချင်းအကျိုးအမြတ်အတွက် မဟုတ်ဘဲ ရေရှည်အာဏာ၊ သြဇာလွှမ်းမိုးမှုနဲ့ ရေရှည်အကျိုးအမြတ်တွေအတွက် ဖြစ်ပါတယ်” ဟု သုတေသနအဖွဲ့ တစ်ခုမှ မယ်လစ်ဆာ ဆန်ဒါဆန် (Melissa Sanderson) က သုံးသပ်ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းပြည်နယ်ရှိ ဂျူဘေးလ်စက်မှုမြို့တော်၏ ၂၀၁၉ ခုနှစ်ပုံ။ နိုင်ငံတော်သည် အရေးပါသောနှင့် ရှားပါးသတ္တုများအတွက် စူးစမ်းရှာဖွေရေး သတ္တုတူးဖော်ရေးတွင် များစွာရင်းနှီးမြှုပ်နှံနေသည်။ (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ