နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

ဂျာမဏီ

ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်

ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို အနားယူစေချင်သည့် ဆန္ဒရှိနေသည်ကို နားလည်ပေး၍ ရနိုင်ပါသည်။

ပြီးခဲ့သည့် စနေနေ့က ဂရင်းလန်းကျွန်း (Greenland) ကို သိမ်းပိုက်ရန် သွင်းကုန်ခွန်များဖြင့် ခြိမ်းခြောက်ခဲ့ချိန်မှစ၍ ထရမ့်၏ ထုံးတမ်းစဉ်လာများကို ရိုက်ချိုးဖျက်ဆီးသည့် အပြုအမူ များကြောင့် ကမ္ဘာ့စနစ်ဟောင်း၏ စံနှုန်းများသည် လွင့်စင်သွားခဲ့ပြီဖြစ်ကြောင်း အနောက်အုပ်စုက သံသယဖြစ်စရာမလိုအောင် သိရှိသွားခဲ့သည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး (Mark Carney) ကမူ ၎င်းကို “အပြောင်းအလဲတစ်ခုမဟုတ်ဘဲ အက်ကြောင်းတစ်ခု” ဟု ပြတ်သားစွာ ဖော်ပြခဲ့သည်။

ယင်း၏အစား ပိုမိုရက်စက်ပြီး ဥပဒေမဲ့မှုဆန်ဆန် အားကြီးသူအနိုင်ယူသည့် နယ်ပယ်တစ်ခု သို့ ရောက်ရှိလာကာ ကမ္ဘာဟောင်း၏ ကျောက်ဆောင်တစ်ခုဖြစ်သော ‘အတ္တလန္တိတ်ကို ဖြတ်ကျော် တည်ဆောက်ထားသည့် ယုံကြည်မှု’ သည်လည်း မရှိတော့ပေ။

မကြုံစဖူး ဖြစ်ရပ်များ

၂၀၁၉ ခုနှစ်ကတည်းက ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်းနယ်မြေကို ရယူလိုသည့် ဆန္ဒရှိကြောင်း ထရမ့်က ရှင်းလင်းစွာ ပြသခဲ့ဖူးသည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်အတွင်း နေတိုး (NATO) မဟာမိတ်တစ်ဦးအပေါ် ဗိုလ်ကျခြိမ်းခြောက်လာမှုက ဥရောပကို တုန်လှုပ်သွားစေ ခဲ့သည်။

“နည်းလမ်းတစ်ခုမဟုတ်တစ်ခုနဲ့ ငါတို့ ဂရင်းလန်းကို ရမှာပါ၊ ခက်ခက်ခဲခဲ လုပ်ရမယ်ဆိုရင် တောင် လုပ်မှာပဲ” ဟု ထရမ့်က ကတိပြုခဲ့သည်။

ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်၏ အဆိုအရ “ကျွန်တော်တို့ဟာ ကျူးကျော်မှုနဲ့ သွင်းကုန် ခွန် ခြိမ်းခြောက်မှုတွေနဲ့အတူ တင်းမာမှုတွေနဲ့ သီတင်းပတ်ကို စတင်ခဲ့ရပါတယ်” ဟု ဆိုသည်။ ထရမ့်မတိုင်မီက မတွေးဝံ့စရာဖြစ်ခဲ့သည့် အခြေအနေများနောက်တွင် ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ် (Donald Tusk) ကဲ့သို့သော မဟာမိတ်များက ‘အလျှော့ပေး စေ့စပ်ခြင်း’ (Appeasement) ဟူသော စကားလုံးကို အသုံးပြုလာကြသည်။ ၎င်းသည် ဥရောပ သမိုင်းတွင် နာကျင်စရာကောင်းသော စကားလုံးဖြစ်ပြီး “ဥရောပအနေနဲ့ ရန်သူအပေါ်မှာရော မဟာမိတ်အပေါ်မှာပါ အားနည်းနေလို့ မဖြစ်ဘူး” ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

“ဒါဟာ ဖန်တီးလိုက်တဲ့ လက်တွေ့ဘဝသစ်တစ်ခုပါပဲ။ မကြာခဏဆိုသလို မတည်မငြိမ်ဖြစ် နေတဲ့ အခြေအနေမျိုးပါ” ဟု အီးယူ (EU) ထိပ်တန်းသံတမန်တစ်ဦးက အမေရိကန်အစိုးရ၏ ထူးခြားဖောက်ထွက်နေသော ပြောဆိုမှုများကို ကိုးကား၍ ကြာသပတေးနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ဥရောပနှင့် ဆက်ဆံရေးကို တင်းမာစေခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ပြောဆိုချက်များကို ပဲ့တင်ထပ်စေကာ ယူကရိန်းသို့ အကူအညီပေးမှုများကို ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် နီးကပ်သော မိတ်ဖက်များအပေါ် သွင်းကုန်ခွန်များ စည်းကြပ်ခြင်းနှင့် လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ ရိုင်းစိုင်းသော စော်ကားမှုများကို ပြုလုပ်ခဲ့သည်။

အီးယူခေါင်းဆောင်များ၏ ကြာသပတေးနေ့ ညနှောင်းပိုင်း အစည်းအဝေးအပြီးတွင် အီးယူကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက မိတ်ဖက်များနှင့် ဆက်ဆံရေးကို “ရင်းနှီးဖော်ရွေပြီး လေးစားမှုရှိသော နည်းလမ်း” ဖြင့် ကိုင်တွယ်ရမည်ဖြစ်ကြောင်း အားလုံးက သဘောတူခဲ့ကြသည်ဟု ဆိုသည်။ (ယင်းသည် ထရမ့်၏ အိမ်ဖြူတော်မှ ပြုမူနေသော ရိုင်းစိုင်းသည့် တိုက်ခိုက်မှုများနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။)

နောက်ဆုံးတွင် အမှန်တရားကို သဘောပေါက်လာကြပုံရသည်။ အမေရိကန်သည် ယခင်က ကဲ့သို့ ယုံကြည်အားကိုးရသော မိတ်ဆွေတစ်ဦး မဟုတ်တော့ပေ။

အီးယူ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas) က “ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးဟာ ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံလိုက်ရတာ သေချာပါတယ်” ဟု ဆိုသည်။

အီးယူကောင်စီ ဥက္ကဋ္ဌဟောင်း ချားလ်စ် မိချယ် (Charles Michel) အတွက်မူ ပို၍ပင် ပြတ်သားနေသည်။ “ကျွန်တော်တို့ ဆယ်စုနှစ်ပေါင်းများစွာ သိခဲ့တဲ့ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးဟာ သေဆုံးသွားပါပြီ” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

ထရမ့်၏ ဂရင်းလန်း ခြိမ်းခြောက်မှုက အဖြေကို ရှင်းလင်းစေခဲ့သည်။ “ခင်ဗျားက ဂရင်းလန်း ကိုတောင် ဒီလိုလုပ်နေတယ်ဆိုရင် အက်စတိုးနီးယားကို အမေရိကန်က ကာကွယ်ပေး လိမ့်မယ် လို့ ဘယ်သူမှ ယုံမှာမဟုတ်တော့ဘူး” ဟု အီးယူသံတမန်တစ်ဦးက ဆိုသည်။

လမ်းစဉ်သစ်

ထရမ့်၏ ရည်မှန်းချက်များနှင့် ရင်ဆိုင်ရချိန်တွင် ဥရောပအတွက် ရွေးချယ်စရာမှာ – အာခံရန် သို့မဟုတ် လက်အောက်ခံရန်သာ ရှိတော့သည်။

“အလျှော့ပေးခြင်းဟာ ဘာရလဒ်မှ ထွက်မလာဘဲ အရှက်ရဖို့ပဲ ရှိတယ်” ဟု တပ်စ်ခ်က ပြောခဲ့သလို၊ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ဘတ် ဒီ ဝီဗာ (Bart De Wever) ကလည်း အမေရိကန်၏ “ဒုက္ခရောက်နေသော ကျွန်” ဖြစ်မည့်အစား “ပျော်ရွှင်သော လက်အောက်ခံ” ဖြစ်ရတာကို ပိုသဘောကျကြောင်း ဒါးဗို့စ် (Davos) တွင် ပြောကြားခဲ့သည်။

ဥရောပသားများသည် နောက်ဆုံးတွင် အိမ်ဖြူတော်၏ အလိုကျအတိုင်း ဖြစ်နေရခြင်းမှ ကင်းလွတ်ကာ အထူးသဖြင့် ကာကွယ်ရေးကိစ္စများတွင် ကိုယ်ပိုင်လွတ်လပ်ခွင့် လိုအပ် ကြောင်း စုစည်းမိသွားကြသည်။ ၂၀၂၅ ခုနှစ်က အမေရိကန်ကို ချော့မော့ပေါင်းခဲ့သည့် ချဉ်းကပ်မှုမျိုးကိုလည်း စွန့်လွှတ်ရန် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။

မက်ခရွန်က အမေရိကန်၏ သွင်းကုန်ခွန် စည်းကြပ်မှုများကို “အခြေခံအားဖြင့် လက်ခံနိုင်စရာမရှိ” ဟု ဒါးဗို့စ်တွင် ဝေဖန်ခဲ့ပြီး “ကျွန်တော်တို့က ဗိုလ်ကျသူတွေထက် လေးစားမှုပြုသူကို ပိုနှစ်သက်ပါတယ်” ဟု ထရမ့်ကို တိုက်ရိုက် ရည်ညွှန်းပြောဆိုခဲ့သည်။

အဟောင်းကို ဖက်တွယ်ထားခြင်း

ထရမ့်၏ ကြုံးဝါးမှုများ ရှိနေသော်လည်း ဥရောပသည် ယခင်က ရှိခဲ့သည့် ခြိမ်းခြောက်မှု များနှင့် ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။ ရုရှားသည် ကိယက်ဗ်မြို့ကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေပြီး ဘောလ်တစ်ပင်လယ်ရှိ အခြေခံအဆောက်အအုံများမှာလည်း ခြိမ်းခြောက်ခံနေရသည်။

အမေရိကန်၏ စစ်ရေးနှင့် စီးပွားရေးအင်အားမှာ ဥရောပအတွက် အရေးပါနေဆဲဖြစ်ပြီး ရုရှားနှင့် တစ်ကိုယ်တော် ရင်ဆိုင်ရန် ဥရောပက အဆင်မသင့်သေးပေ။ ထို့ကြောင့် အချို့က ထရမ့်နှင့် ရန်သူမဖြစ်လိုကြပေ။ ဂျာမနီအဓိပတိ ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) ကမူ ထရမ့် စိတ်ပြောင်းသွားသည့်အတွက် “ကျေးဇူးတင်ကြောင်း” ပြောကြားခဲ့သည်။

လစ်သူယေးနီးယား သမ္မတ ဂီတာနပ်စ် နော်ဆီဒါ (Gitanas Nauseda) ကမူ “ထိပ်တိုက် တွေ့တာထက် ပူးပေါင်းဆောင်ရွက်တာက အဓိက စကားလုံး ဖြစ်သင့်ပါတယ်။ အမေရိကန် ဟာ ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံး မိတ်ဆွေ ဖြစ်နေဆဲပါ” ဟု ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒါးဗို့စ်၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၏ ဘေးထွက်အစည်းအဝေးတွင် သမ္မတဒေါ်နယ်ထရမ့်နှင့် နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရုတ်တို့ ဆွေးနွေးနေစဉ်။(ပုံ)

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့တွင် ကျင်းပသော ၅၆ ကြိမ်မြောက် နှစ်ပတ်လည် ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက