နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်

ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့် ပုံဖြစ်သည်။ ထိုဓာတ်ပုံတစ်ပုံအပြင် အခြား သတင်းထောက်များ၊ ထုတ်ပြန်ချက်များ သို့မဟုတ် မေးခွန်းများ မေးမြန်းခွင့်ရသည့် အစုအဖွဲ့ များ မရှိခဲ့ပေ။

ထိုသို့ လျှို့ဝှက်ထားခြင်းက နက်တန်ယာဟု၏ တောင်းဆိုချက်အရ တစ်ပတ်စော၍ ပြုလုပ်ခဲ့ရသော အလွန်အရေးကြီးသည့် အဆိုပါတွေ့ဆုံမှုကို ပို၍စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်။ အမေရိကန်သည် တီဟီရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အရှေ့အလယ်ပိုင်းတွင် ၎င်း၏ စစ်အင်အားကို ဆက်လက်တိုးမြှင့်ထားဆဲဖြစ်သည်။

ကင်မရာများကို ရှောင်လေ့မရှိသော ထရမ့်သည် တွေ့ဆုံမှုအပြီးတွင် လူမှုကွန်ရက်၌သာ မှတ်ချက်ပေးခဲ့သည်။ နက်တန်ယာဟု၏ရုံးကမူ အသေးစိတ်အချက်အလက်များကို မဖော်ပြဘဲ “ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေး” ကို ထပ်လောင်း အတည် ပြုသည့် အကျဉ်းချုပ်ထုတ်ပြန်ချက်တစ်ခုသာ ထုတ်ပြန်ခဲ့သည်။

ထရမ့်၏ Truth Social ထုတ်ပြန်ချက်တွင် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် သူ၏ တိုက်တွန်းမှုကို ဖော်ပြထားရာ၊ ၎င်းမှာ မည်သည့်နျူကလီးယား သဘောတူညီချက်ကိုမဆို ကာလရှည်ကြာ ကန့်ကွက်လာခဲ့ပြီး ဝါရှင်တန်ခရီးစဉ်အတွင်း အီရန်အပေါ် နောက်ထပ် တစ်ကြိမ် တိုက်ခိုက်မည့် အစီအစဉ်များကို ဆွေးနွေးလိုသော နက်တန်ယာဟု၏ ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေပုံရသည်။

နက်တန်ယာဟုက ထရမ့်ထံသို့ သူ၏ စိုးရိမ်ပူပန်မှုများကို ပြောကြားခဲ့ကြောင်း နောက်ပိုင်း တွင် ဝန်ခံခဲ့သည်။ “ သူက ကျွန်တော့်ရဲ့ သဘောထားကို ကြားချင်ခဲ့တာပါ” ဟု နက်တန်ယာဟု က အစ္စရေးသို့ မထွက်ခွာမီ ကြာသပတေးနေ့က ပြောကြားခဲ့သည်။ “ အီရန်နဲ့ချုပ်ဆိုမယ့် ဘယ်လို သဘောတူညီချက်မျိုးရဲ့ အရည်အသွေးကိုမဆို ကျွန်တော် ယေဘုယျအားဖြင့် သံသယရှိတယ်ဆိုတာကို ကျွန်တော် ဖုံးကွယ်မထားပါဘူး။”

အနာဂတ် သဘောတူညီချက်မှန်သမျှသည် အီရန်၏ နျူကလီးယား အစီအစဉ်သာမက ၎င်း၏ ဘဲလစ်စတစ်ဒုံးကျည် အစီအစဉ်နှင့် ဒေသတွင်း လက်ဝေခံအဖွဲ့အစည်းများ အရေးကိုပါ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယင်းမှာ အစ္စရေး၏ လုံခြုံရေးအတွက်သာမက ဒေသတွင်း တည်ငြိမ်ရေးအတွက်ပါ အရေးကြီးကြောင်း သူက အလေးပေးပြောကြားခဲ့သည်။

သီးသန့်တွေ့ဆုံမှုနှင့် ကင်မရာများမရှိခြင်းက ခေါင်းဆောင်နှစ်ဦးအကြား သဘောထားကွဲလွဲမှု များ ကို ဖုံးကွယ်ရန်လား သို့မဟုတ် အနာဂတ်လုပ်ဆောင်ချက်များကို တိတ်တဆိတ် ညှိနှိုင်းရန်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

သို့သော် ကင်မရာများမရှိစေကာမူ အိမ်ဖြူတော်တွင် တွေ့ဆုံခြင်းသည် နက်တန်ယာဟု၏ လက်ရှိနိုင်ငံရေး လိုအပ်ချက်ဖြစ်သော ပြည်တွင်းသတင်းစကားအတွက် အထောက်အကူ ဖြစ်စေသည်၊ ရွေးကောက်ပွဲနှစ်တွင် ပို၍ပင် အရေးပါသည်။ သူသည် ရာထူးသို့ ပြန်လည် ရောက်ရှိကတည်းက ထရမ့်နှင့် ခုနစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြောင်း လူသိရှင်ကြား ကြွားဝါ လေ့ရှိပြီး ယင်းမှာ အခြားကမ္ဘာ့ခေါင်းဆောင်များထက် ပိုမိုများပြားသည်။ သမ္မတနှင့် တွေ့ဆုံမှုတိုင်းသည် သတင်းခေါင်းကြီးပိုင်းများတွင် ရက်ပေါင်းများစွာ နေရာယူနိုင် သောကြောင့် ဝန်ကြီးချုပ်အနေဖြင့် နေရပ်ပြန်ရောက်ချိန်တွင် ရင်ဆိုင်ရမည့် ပြည်တွင်း နိုင်ငံရေး ပြဿနာများကို ခဏတာဖြစ်စေ ရှောင်လွှဲနိုင်စေသည်။

ဗုဒ္ဓဟူးနေ့က သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုတို့ တွေ့ဆုံမှုတွင် မည်သည်တို့ကို ဆွေးနွေးခဲ့သည်ကို နှစ်ဖက်စလုံးက အသေးစိတ် မပြောကြား ခဲ့ပေ။

ရွေးကောက်ပွဲများကို အောက်တိုဘာလနှောင်းပိုင်းတွင် ကျင်းပရန် သတ်မှတ်ထားပြီး နက်တန်ယာဟုက သူ၏ သက်တမ်းကုန်ဆုံးသည်အထိ တာဝန်ထမ်းဆောင်ရန် ရည်မှန်း ထားကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ပြောကြားထားသည်။ သို့သော် သူ၏ ညွန့်ပေါင်းအစိုးရသည် မတ်လ ၃၁ ရက်တွင် အတည်ပြုရန် လိုအပ်သော ၂၀၂၆ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်နှင့် ပတ်သက်၍ ပြိုကွဲမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ဘတ်ဂျက်ကို အတည်မပြုနိုင်ပါက လွှတ်တော် (Knesset) အလိုအလျောက် ပျက်ပြယ် မည်ဖြစ်ပြီး ရွေးကောက်ပွဲများကို ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဖြစ်ရာ ဇွန်လတွင် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေ ရှိသည်။

နက်တန်ယာဟု၏ ညွန့်ပေါင်းအစိုးရအတွင်းရှိ အဓိကမိတ်ဖက်များဖြစ်သော အစွန်းရောက် ဘာသာရေးပါတီများ (Ultra-Orthodox) သည် ၎င်းတို့၏နောက်လိုက်များကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပေးရန် ဘတ်ဂျက်အပေါ် ထောက်ခံမှုနှင့် လဲလှယ်ရန် တောင်းဆိုထားသည်။ လပေါင်းများစွာ ဆွေးနွေးခဲ့သော်လည်း ညွန့်ပေါင်းအစိုးရနှင့် တရားရုံးချုပ်တို့ နှစ်ဖက်စလုံး လက်ခံနိုင်သည့် သဘောတူညီချက် မရရှိသေးပေ။ တရားရုံးချုပ်ကမူ စစ်မှုထမ်းရန် ပျက်ကွက်သူများကို အရေးယူရန် အမိန့်ပေးထားသည်။ လက်တွေ့ကျသော သဘောတူညီချက် မရှိသဖြင့် နိုင်ငံရေးလေ့လာသူ အများစုက နက်တန်ယာဟု အစိုးရအတွက် အချိန်ကုန်ဆုံးနေပြီဟု ယူဆကြသည်။

ယခင်က လက်ယာစွန်းနိုင်ငံရေးသမား အီတာမာဘင်ဂါဗီယာကို အကြံပေးခဲ့သူ နိုင်ငံရေး အတိုင်ပင်ခံ နီဗိုကိုဟင်က ဘတ်ဂျက်အောင်မြင်လျှင်ပင် ညွန့်ပေါင်းအစိုးရ ပြိုကွဲပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ရွေးကောက်ပွဲ ခေါ်ယူရလိမ့်မည်ဟု ခန့်မှန်းထားသည်။

“ ဟာရီဒီ (Haredim) တွေက ပိုက်ဆံလိုအပ်တဲ့အတွက် ဘတ်ဂျက်ကတော့ အတည်ဖြစ်သွား နိုင်ပါတယ်” ဟု ကိုဟင်က ပြောသည်။ “ ဒါပေမဲ့ သူတို့ စစ်မှုထမ်းဥပဒေကို မရနိုင်တဲ့အတွက် ညွန့်ပေါင်းအစိုးရကနေ ခွဲထွက်ပါလိမ့်မယ်။ နောက်တစ်လခွဲလောက်ဆိုရင် လွှတ်တော် ပျက်ပြယ်သွားလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။”

နက်တန်ယာဟု၏ ရွေးကောက်ပွဲဗျူဟာ၏ အဓိကမဏ္ဍိုင်မှာ ထရမ့်နှင့် ဆက်ဆံရေးဖြစ်ပြီး၊ ၎င်းမှာ သူသည် ပြိုင်ဘက်များနှင့်မတူ “ အဆင့်အတန်း မြင့်မားသူ” ဖြစ်ကြောင်း သက်သေပြ ရန်ဖြစ်သည်ဟု ကိုဟင်က ဆိုသည်။

နက်တန်ယာဟု၏ လီကွတ် (Likud) ပါတီအတွင်းရှိ တာဝန်ရှိသူများက ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲအချိန်ဇယား ဆုံးဖြတ်ချက်သည် ထရမ့်နှင့် ဆက်ဆံရေးအပေါ်တွင် များစွာမူတည်နေသည်ဟု ယုံကြည်ကြသည်။ “ ထရမ့်ဆီက ပြန်လာတဲ့အခါမှသာ နေတန်ယာဟုက သူ့ရဲ့ ညွန့်ပေါင်းအစိုးရကို ဆက်ထိန်းထားဖို့ ဘယ်လောက်အထိ ကြိုးစားမလဲဆိုတာ ဆုံးဖြတ်မှာပါ” ဟု လီကွတ်ပါတီမှ အဆင့်မြင့်သတင်းမြစ်တစ်ခုက ပြောသည်။

နက်တန်ယာဟုသည် ထရမ့်ကို မေလတွင် ကျင်းပမည့် အစ္စရေးလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရန်နှင့် အစ္စရေးနိုင်ငံသားမဟုတ်သူတစ်ဦးအား ပထမဆုံးအကြိမ် ပေးအပ်မည့် ဂုဏ်သရေရှိ ‘အစ္စရေးဆု’ (Israel Prize) ကို လက်ခံရယူရန် ဖိတ်ကြားထား သည်။ ထရမ့်က လက်ခံခြင်း မရှိသေးသော်လည်း အကယ်၍ သူသာ လက်ခံခဲ့လျှင် ဝန်ကြီးချုပ်သည် ထိုခရီးစဉ်နှင့် နီးကပ်စွာ ရွေးကောက်ပွဲ ကျင်းပလိုလိမ့်မည်ဖြစ်ကြောင်း၊ ဂျေရုဆလင်တွင် ခေါင်းဆောင်နှစ်ဦး အတူရှိနေသည့် ပုံရိပ်များကို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အသုံးပြုလိမ့်မည်ဖြစ်ကြောင်း အဆိုပါ သတင်းမြစ်က ခန့်မှန်းသည်။

ခေါင်းဆောင်နှစ်ဦး၏ ဆက်ဆံရေးမှာ အပေါ်ယံမြင်ရသည်ထက် ပို၍ “ အပြန်အလှန် အကျိုးစီးပွား” (transactional) ဆန်သည်ဟု အစ္စရေးနိုင်ငံရေးလောကမှ ဝါရင့်တစ်ဦးက ဆိုသည်။ ထရမ့်နှင့် နက်တန်ယာဟု၏ လက်ရှိဆက်ဆံရေးကို “ အထောက်အထားမဲ့ သဘောတူညီချက်တစ်ခု” အဖြစ် သူက ဖော်ပြသည်။

ထရမ့်က အိမ်ဖြူတော်တွင် တွေ့ဆုံခြင်းနှင့် နက်တန်ယာဟု၏ အဂတိလိုက်စားမှုအမှုတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုခြင်းတို့ဖြင့် ထောက်ခံမှုကို အတိအလင်း ပြသ နေသော်လည်း၊ အခြားတစ်ဖက်တွင် ဂါဇာအပစ်အခတ်ရပ်စဲရေး၊ အီရန်နှင့် သံတမန်ရေး ပြန်လည်စတင်ရေးနှင့် ဆီးရီးယားတွင် တင်းမာမှုများ လျှော့ချရေးတို့ကဲ့သို့ နက်တန်ယာဟု ယခင်က ကန့်ကွက်ခဲ့သည့် ကိစ္စရပ်များကို အမေရိကန်၏ မူဝါဒအတိုင်း လွတ်လပ်စွာ ဆောင်ရွက်နေသည်။

“ အများပြည်သူရှေ့မှာတော့ ထရမ့်က (နက်တန်ယာဟုကို) လိုသလို တွေ့ဆုံခွင့်တွေပေးပြီး ဖေးမပြနေပါတယ်” ဟု အဆိုပါ ဝါရင့်နိုင်ငံရေးသမားက ပြောသည်။ အပြန်အလှန်အားဖြင့် နက်တန်ယာဟုသည် အခြားအမေရိကန်သမ္မတသာ ဖြစ်ခဲ့လျှင် “ အစ္စရေးရဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေပါတယ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်မည့် ကိစ္စရပ်များကို ထရမ့်လက်ထက်တွင် ဝေဖန်ခြင်းမပြုဘဲ ရှောင်ကြဉ်နေသည်။ ထရမ့်ကို ဝေဖန်လိုက်ပါက သူ၏ အဓိက ရွေးကောက်ပွဲ အင်အားစုတစ်ခုကို ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။

ကြာသပတေးနေ့တွင် ထရမ့်က အစ္စရေးသမ္မတကို နက်တန်ယာဟုအား လွတ်ငြိမ်းချမ်း သာခွင့် မပေးသည့်အတွက် “ အရှက်ရစရာကောင်းသူ” ဟု ခေါ်ဆိုခဲ့သည်။

ထရမ့်သည် နက်တန်ယာဟုကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတ အိုင်ဇက်ဟာဇော့ကို လပေါင်းများစွာ ဖိအားပေးနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ နောက်ဆုံးတိုက်ခိုက်မှုမှာ အိမ်ဖြူတော်တွင် နက်တန်ယာဟုနှင့် တွေ့ဆုံပြီး နောက်တစ်နေ့တွင် ပေါ်ပေါက်လာသည့် ပိုမိုပြင်းထန်သော ဖိအားပေးမှုဖြစ်သည်။

ယင်းကို တုံ့ပြန်သည့်အနေဖြင့် ဟာဇော့၏ရုံးက ၎င်းသည် “ ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်မျှ မချရသေးကြောင်း” ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။ ဆုံးဖြတ်ချက်ချသည့်အခါတွင်လည်း “ ပြင်ပ သို့မဟုတ် ပြည်တွင်း ဖိအားပေးမှု တစ်စုံတစ်ရာ မပါဘဲ” ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုနှင့် ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော