နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး အရှေ့အလယ်ပိုင်း အာရှ

မော်တော်ယဉ်ဈေးကွက်တွင် ဂျပန်ကို အိန္ဒိယနှင့် တရုတ်တို့ ကျော်တက်

အိန္ဒိယသည် ယမန်နှစ်တွင် ဂျပန်နိုင်ငံကို မော်တော်ယာဉ်ရောင်းချမှုတွင် ကျော်တက်သွားကြောင်း နောက်ဆုံးထုတ် စက်မှုလုပ်ငန်း အချက်အလက်အရ သိရသည်။ အိန္ဒိယသည် ပထမဆုံးအကြိမ် တတိယမြောက်အကြီးဆုံး မော်တော်ကား ဈေး ကွက် ဖြစ်လာသည်။

ပဏာမရလဒ်များအပေါ် အခြေခံ၍ အိန္ဒိယ၏ မော်တော်ကားအသစ်ရောင်းချမှုသည် အနည်းဆုံး အစီးရေ ၄.၂၅ သန်းရှိပြီး ဂျပန်နိုင်ငံတွင် ရောင်းချရမှု ၄.၂ သန်းကို ကျော်လွန်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မော်တော်ယဉ်အသစ်များ တင်ပို့ရောင်းချမှုမှာ စုစုပေါင်း ၄.၁၃ သန်းရှိကြောင်း Indian Automobile manufacturers Society မှ သိရသည်။

အိန္ဒိယ၏ အကြီးဆုံး ကားထုတ်လုပ်သူ Maruti Suzuki မှ တနင်္ဂနွေနေ့တွင် အစီရင်ခံ တင်ပြခဲ့သော ဒီဇင်ဘာလ၏ အရောင်းပမာဏကို ပေါင်းထည့်ခြင်းဖြင့် စုစုပေါင်း အစီးရေ ၄.၂၅ သန်းအထိ ရှိလာပါသည်။ Tata Motors နှင့် အခြားသော မော်တော်ကားထုတ်လုပ်သူများမှ မထုတ်ပြန်ရသေးသည့် နှစ်ကုန်ရလဒ်များနှင့်အတူ ဆိုင်းငံ့ထားသော စတုတ္ထသုံးလပတ် အရောင်းကိန်းဂဏန်းများပါဝင်ခြင်းကြောင့် အိန္ဒိယ၏ ရောင်းအားပမာဏသည် ပိုမိုမြင့်တက် လာဖွယ် ရှိသည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်ဈေးကွက်ကို တရုတ်နိုင်ငံက ဆက်လက်ဦးဆောင်ခဲ့ပြီး ကားအစီးရေ ၂၆.၂၇ သန်း ရောင်းချခဲ့ရသည်။ အမေရိကန်သည် ကားအစီးရေ ၁၅.၄ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ဂျပန်က အစီးရေ ၄.၄၄ သန်းဖြင့် တတိယနေရာတွင် ရှိနေသည်။ အိန္ဒိယ၏ မော်တော်ယာဉ်ဈေးကွက်သည် မကြာသေးမီနှစ်များအတွင်း အတက်အကျရှိသည်။ အကြမ်းဖျင်းအားဖြင့် ၂၀၁၈ ခုနှစ်တွင် ကားအစီးရေ ၄.၄ သန်း ရောင်းချခဲ့ရသော်လည်း ၂၀၁၉ ခုနှစ်တွင် ပမာဏသည် အစီးရေ ၄ သန်းအောက်သို့ ကျဆင်းသွားခဲ့ပြီး၊ အဓိကအားဖြင့် ထိုနှစ်တွင် ဘဏ်မဟုတ်သောကဏ္ဍကို ထိခိုက်စေသော အကြွေးအကျပ်အတည်းကြောင့် ဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အသွားအလာ ပိတ်ဆို့လာသောအခါ၊ မော်တော်ယာဉ်ရောင်းအားသည် အစီးရေ ၃ သန်းအောက်သို့ ကျဆင်းသွားခဲ့သည်။ ရောင်းအားသည် ၂၀၂၁ ခုနှစ်တွင် အစင်းရေ ၄ သန်းနီးပါးသို့ ပြန်လည် ရောက်ရှိခဲ့သော်လည်း မော်တော်ယာဉ်သုံးချစ်ပ်များ ပြတ်လပ်မှုသည် တိုးတက်မှုအပေါ် သက်ရောက်မှုရှိသည်။

ဟိုက်ဘရစ်ကားများ အပါအဝင် ဓာတ်ဆီဖြင့် မောင်းနှင်သည့် ယာဉ်များသည် ယမန်နှစ်က အိန္ဒိယနိုင်ငံတွင် ရောင်းချခဲ့သော ကားသစ်အများစုတွင် ပါဝင်ခဲ့သည်။ လျှပ်စစ်ကားများသည် ရှားရှားပါးပါး ရှိနေဆဲ ဖြစ်သည်။ အဆင့်မြင့်စီးပွားရေး ဈေးကွက်တွင် ရောင်းချသည့်ကားများတွင် ထည့်ထားသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့်နှိုင်းစာလျှင် အိန္ဒိယဈေးကွက် အတွက် မော်တော်ယာဉ်များတွင် ယင်းပစ္စည်းအနည်းငယ်သာကိုသာ အသုံးပြုထားရှိသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ်တွင် မော်တော်ယာဉ် ချစ်ပ်ပြားအကျပ်အတည်းကို ဖြေလျှော့လိုက်ခြင်းက ပြန်လည် နာလန်ထူလာရန်အတွက် ပံ့ပိုးပေးပါသည်။ Maruti Suzuki၊ Tata Motors နှင့် အခြားအိန္ဒိယမော်တော်ကား ထုတ်လုပ်သူများနှင့်အတူ ယမန်နှစ်က ရောင်းအား တိုးလာခဲ့သည်။

အိန္ဒိယသည် လူဦးရေ ၁.၄ ဘီလီယံနေထိုင်ရာ ၎င်း၏လူဦးရေသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံကို ကျော်လွန်ကာ ၂၀၆၀ ခုနှစ်များ အစောပိုင်းအထိ ဆက်လက်တိုးပွားလာမည်ဟု မျှော်လင့်ရသည်။ ဝင်ငွေလည်း တိုးလာခဲ့သည်။ ဗြိတိန် သုတေသနကုမ္ပဏီ Euromonitor ၏ အဆိုအရ အိန္ဒိယအိမ်ထောင်စုများ၏ ၈.၅% သည်သာ ၂၀၂၁ ခုနှစ်တွင် ခရီးသည်တင် ယာဉ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီးကားများကိုရောင်းချရန် အရောင်းတိုးတက်မှုအတွက် အခွင့်အလန်းများစွာရှိသည်ဟု ဆိုလိုသည်။ ရေနံတင်သွင်းမှုကြောင့် ကုန်သွယ်မှု လိုငွေပြနေချိန်တွင် အစိုးရက EV များအတွက် ထောက်ပံ့ငွေများ စတင်ကမ်းလှမ်းနေပြီ ဖြစ် သည်။ ဂျပန်နိုင်ငံတွင် ယမန်နှစ်က မော်တော်ယာဉ် ၄,၂၀၁,၃၂၁ စီး ရောင်းချခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၅.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Japan Automobile Dealers Association နှင့် Japan Light Motor Vehicle and Motorcycle Association တို့မှ အချက်အလက်များအရ သိရသည်။

ကိုဗစ်ကပ်ရောဂါနှင့် တရုတ်နိုင်ငံတွင် လော့ခ်ဒေါင်းချမှုများကြောင့် ထုတ်လုပ်မှုကို အလွန်အမင်း ဖြတ်တောက်ခဲ့ပြီး ကားထုတ်လုပ်သူများသည် ဝယ်လိုအားကို မဖြည့်ဆည်းနိုင်ခဲ့ကြပေ။ ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်ရောင်းချမှုသည် ၁၉၉၀ ခုနှစ်တွင် အစီးရေ ၇.၇၇ သန်းဖြင့် အထွတ်အထိပ်သို့ ရှိနေခဲ့ရာမှ ကျဆင်းသွားခဲ့ပြီး ယင်းမှာ အရောင်းရဆုံး ကာလတစ်လျှောက် ထက်ဝက်နီးပါး ကျဆင်းသွားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံ၏ ကျဆင်းနေသောလူဦးရေသည် မကြာမီ ကာလအတွင်း အရောင်းတွင် သိသာထင်ရှားသော ပြန်လည်ဦးမော့လာမည့် အလားအလာ အနည်းငယ်ကိုသာ ပေးစွမ်းပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် ဂျပန်နိုင်ငံကို ကျော်ဖြတ်ကာ ဒုတိယအကြီးဆုံး မော်တော်ယာဉ်ဈေးကွက် ဖြစ်လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ကို ကျော်တက်ကာ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ဖြစ်လာခဲ့သည်။

Nikki Asia ၏ India tops Japan to become world’s No. 3 auto market ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 30 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ ‘နောက်တစ်ဆင့်’ သို့ ကူးပြောင်းတော့မည်ဟု ဆို

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏ အီရန်စစ်ပွဲ ဆင်နွှဲမှုကို ကန့်သတ်ထိန်းချုပ်မည့် လုပ်ငန်းစဉ်မှာ အောက်လွှတ်တော်တွင် အတည်ပြုရန် ပျက်ပြားသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ထရမ့်က အီရန်၏ နောက်ထပ်ခေါင်းဆောင်သစ်ကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ “ဒုံးကျည်များနှင့် ဒရုန်းအုပ်စုများ” ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 54 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး၊ ယင်းမှာ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အလားတူစာရင်းတွင် ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 55 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် အီရန်နှင့်စစ်ပွဲ: အစ္စရေးသည် လေဘနွန်အတွင်း ထိုးစစ်များကို အရှိန်မြှင့်နေစဉ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 67 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်