ဖေဖော်ဝါရီလ (၂၆)ရက်။
မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လာမောက်လာရွာနဲ့ လွယ်ယင်းမင်္ဂလာရွာထဲ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ မိုးဗြဲ-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နယ်မြေစိုးမိုးဖို့အတွက် အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေ အသုံးပြုပြီးတော့ စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထား ရမ်းသမ်းပစ်ခတ်နေတာ” လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဟာ နယ်မြေစိုးမိုးဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားကာ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။
အခုလို ရမ်းသန်းပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထား နေထိုင်ကြဖို့ မိုးဗြဲ-PDF က အသိပေးထားပါတယ်။
နောက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလဲ နယ်မြေရှင်းလင်းဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီအပါအဝင် PNO ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ကန်သတ်ထားတဲ့ နယ်မြေထဲ ဖြတ်သန်းသွားလာတာ လုံးဝမလုပ်ကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။








