နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်

အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု များဖြင့် လင်းထိန်သွားခဲ့သည်။ CNN သတင်းထောက်များသည် မြို့တော်အတွင်း မည်းမှောင် နေသော မီးခိုးလုံးကြီးများကို မြင်တွေ့ခဲ့ရပြီး၊ လူစည်ကားသော ဈေးဝယ်လမ်းမတစ်ခု ထိမှန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ တဟီရန်မြို့ခံများကမူ စစ်ပွဲစတင် ကတည်းက “ အဆိုးရွားဆုံးည” ကို ကြုံတွေ့ခဲ့ရသည်ဟု CNN ကို ပြောကြားခဲ့သည်။

ဘေရွတ်တွင် ထိတ်လန့်တုန်လှုပ်မှုများ။ အစ္စရေးက လက်ဘနွန်မြို့တော်တောင်ဘက် ဆင်ခြေဖုံးရှိ ဟစ်ဇ်ဘိုလာအခြေစိုက်စခန်းများကို တစ်ညလုံး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ဘေရွတ်မြို့၌ တိုက်ခိုက်မှုအသစ်များ ထပ်မံဖြစ်ပွားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား အကျပ်အတည်း။ စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုများ ပြတ်တောက်နေသော်လည်း အမေရိကန်တွင် ဓာတ်ဆီစျေးနှုန်းများ မြင့်တက်လာခြင်းမှာ ၎င်းအား စိတ်အနှောင့်အယှက်မဖြစ်စေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အကြီးဆုံး သင်္ဘောလိုင်းကုမ္ပဏီကြီး နှစ်ခုမှာ ပါရှန်ပင်လယ်ကွေ့သို့ ဦးတည်သည့် ကုန်စည်များကို လက်ခံခြင်းမပြုတော့ပေ။

အီရန်၏ ခေါင်းဆောင်သစ်။  နိုင်ငံကို ဦးဆောင်နေသည့် သုံးဦးကော်မတီသည် ဘာသာရေးခေါင်းဆောင်သစ်တစ်ဦးကို မိတ်ဆက်ရန် ပြင်ဆင်နေသည်။ ထရမ့်က ၎င်းအနေဖြင့် ထိုကိစ္စတွင် ပါဝင်ပြောဆိုခွင့်ရလိုကြောင်း အခိုင်အမာဆိုသော်လည်း လေ့လာဆန်းစစ်သူများကမူ ၎င်းမှာ ထင်သလောက်မလွယ်ကူကြောင်း ဆိုကြသည်။

အစ္စရေးသည် အီရန်မြို့တော် တဟီရန်သို့ တစ်ညလုံး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်များ၌ ပြင်းထန်သော ပေါက်ကွဲမှုများကြောင့် ကောင်းကင်ယံတွင် မီးတောက်များဖြင့် လင်းထိန်နေသည်ကို တွေ့ရသည်။

CNN အနေဖြင့် အဆိုပါ ဗီဒီယိုဖိုင်များ၏ တည်နေရာကို သီးခြားအတည်မပြုနိုင် သေးသော်လည်း ဗီဒီယိုထဲမှ လူနှစ်ဦးမှာ တဟီရန် လေယူလေသိမ်းဖြင့် တိုက်ခိုက်ခံရသည့် နေရာအကြောင်း ဆွေးနွေးနေသည်ကို ကြားရသည်။ “ ပါ့စတာ (Pasteur) ဘက်ကို! အဲဒီဘက်ကို သူတို့ ပစ်လိုက်ပြီ” ဟု အမျိုးသားတစ်ဦးက အစိုးရဌာနဆိုင်ရာ အဆောက်အအုံများစွာရှိရာ ရပ်ကွက်ကို ရည်ညွှန်းပြောဆိုနေသည်။ “ ထိုင်ချလိုက်၊ ထိုင်ချလိုက်၊ သူတို့တွေ နီးနေပြီ” ဟုလည်း ၎င်းက ဆိုသည်။

တဟီရန်မြို့ပေါ်တွင် ဗုံးကြဲမှုများ ပြင်းထန်နေချိန် သောကြာနေ့ အစောပိုင်းတွင် အဆိုပါဗီဒီယို သည် အီရန်လူမှုမီဒီယာများပေါ်၌ စတင်ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ သောကြာနေ့ နံနက်ပိုင်းတွင် ရိုက်ကူးထားသည့် အခြားဗီဒီယိုတစ်ခု၌ မြို့တော်အတွင်း ပြင်းထန်သော ဗုံးကြဲမှုများအပြီး မီးခိုးလုံးကြီးများ လွင့်တက်နေသည်ကို တွေ့ရသည်။

လတ်တလော ပဋိပက္ခဖြစ်ပွားပြီး တစ်ပတ်နီးပါးအကြာတွင် ဒေသတွင်း၌ အီရန်၏ တိုက်ခိုက်မှုများ သိသိသာသာ လျော့ကျသွားကြောင်း အမေရိကန်က ပြောဆိုသော်လည်း အမေရိကန်၏ တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာကာ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဘေရွတ်တောင်ပိုင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။

အမေရိကန်နှင့် အစ္စရေး အရှိန်မြှင့်တင်။ အမေရိကန်စစ်တပ်သည် “ စွမ်းဆောင်ရည်သစ် အမြောက်အမြား” ကို အသုံးပြုနေကြောင်း CENTCOM က ပြောသည်။ ကာကွယ်ရေး ဝန်ကြီး ပိ့စ် ဟက်ဂ်ဆက် (Pete Hegseth) က “ ခင်ဗျားတို့ တစ်ခုခု မြင်ဖူးချင်တယ်လို့ ထင်ရင် ခဏလောက် စောင့်ကြည့်လိုက်ပါဦး” ဟု သတိပေးခဲ့သည်။ အစ္စရေး စစ်ဦးစီးချုပ်ကမူ လက်နက်ခဲယမ်း ၆,၀၀၀ ကျော်ဖြင့် တိုက်ခိုက်မှုပေါင်း ၂,၅၀၀ ပြုလုပ်ပြီးနောက် စစ်ပွဲ၏ “ နောက်တစ်ဆင့်” သို့ ကူးပြောင်းနေပြီဟု ဆိုသည်။

ဒရုန်းတင်သင်္ဘော တိုက်ခိုက်ခံရ။ အမေရိကန်က အီရန်ဒရုန်းတင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်က “ အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်ရေတပ်တစ်ခုလုံးကို နှစ်မြှုပ်ပစ်ဖို့ တာဝန်မှာ နောက်တွန့်နေမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

သီရိလင်္ကာက သင်္ဘောသားများကို ကယ်တင်။ အမေရိကန်၏ တော်ပီဒိုဖြင့် ပစ်ခတ်မှုကြောင့် နစ်မြုပ်ခဲ့ရသည့် အီရန်စစ်သင်္ဘောမှ အသက်ရှင်ကျန်ရစ်သူများကို ကူညီပေးပြီးနောက် တစ်ရက်အကြာတွင် အခြားအီရန်ရေတပ်သင်္ဘောတစ်စင်းမှ သင်္ဘောသားများကို ထပ်မံ ကယ်တင် ပေးနေကြောင်း သီရိလင်္ကာက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

သေဆုံးမှု မြင့်တက်လာခြင်း။ စစ်ပွဲစတင်ကတည်းက အမေရိကန်-အစ္စရေး တိုက်ခိုက်မှု များကြောင့် အီရန်တွင် လူပေါင်း ၁,၂၀၀ ကျော်နှင့် လက်ဘနွန်တွင် ၁၂၀ ကျော် သေဆုံး ခဲ့သည်။

အီရန်၏ တိုက်ခိုက်မှုများ လျော့ကျလာ။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အီရန်၏ ပဲ့ထိန်း ဒုံးကျည် တိုက်ခိုက်မှု ၉၀ ရာခိုင်နှုန်းနှင့် ဒရုန်းတိုက်ခိုက်မှု ၈၃ ရာခိုင်နှုန်း လျော့ကျ သွားကြောင်း CENTCOM က ဆိုသည်။ ယင်းက အီရန်၏ လက်တုံ့ပြန်မှုဒဏ်ကို ခံနေရသည့် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများအတွက် သက်သာရာရစေနိုင်သည်။

ဥရောပ ပါဝင်ပတ်သက်လာမှု။ ဗြိတိန်၊ ပြင်သစ်နှင့် စပိန်တို့အပါအဝင် နိုင်ငံများသည် ၎င်းတို့၏ မဟာမိတ်များ၏ အကျိုးစီးပွားကို ကာကွယ်ရန် စစ်ရေးအရ ထောက်ပံ့မှုပေးရန် သဘောတူခဲ့ကြသည်။ သို့သော် အများစုမှာ စစ်ပွဲအပေါ် ဝေဖန်နေကြသည်။ အီတလီသည် ပါရှန်ပင်လယ်ကွေ့သို့ ကာကွယ်ရေးလက်နက်များ ပို့ဆောင်ခဲ့သော်လည်း အမေရိကန်-အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုမှာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်နေကြောင်း အီတလီကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

နေတိုး (NATO) ပြင်ဆင်မှု။  ဗုဒ္ဓဟူးနေ့က တူရကီလေပိုင်နက်အတွင်းသို့ ဦးတည်လာသည့် အီရန်ဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်းကို ပစ်ချလိုက်ပြီးနောက် NATO အဖွဲ့ဝင်နိုင်ငံ များက ကာကွယ်ရေးအသင့်အနေအထားကို မြှင့်တင်ခဲ့ကြသည်။

ကနေဒါ၏ ရပ်တည်ချက်။ ပါရှန်ပင်လယ်ကွေ့ မိတ်ဖက်နိုင်ငံများအနေဖြင့် “ အထောက်အပံ့” လိုအပ်ပါက ကာကွယ်ပေးရန် စဉ်းစားသွားမည်ဟု ကနေဒါ ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

အမေရိကန်လုပ် ရေဒါများ ပစ်မှတ်ထားခံရ။ အာရေဗျကျွန်းဆွယ်ရှိ အဓိကစစ်အခြေစိုက် စခန်းများမှ ဂြိုဟ်တုဓာတ်ပုံများအရ အီရန်သည် THAAD လေကြောင်းကာကွယ်ရေးစနစ်၏ အမေရိကန်လုပ် ရေဒါများကို ဖျက်ဆီးခြင်းဖြင့် စနစ်ကို အားနည်းအောင် ကြိုးပမ်း နေကြောင်း သိရသည်။

ခရီးသွားများ ပိတ်မိနေခြင်း။ ကြာသပတေးနေ့တွင် အဘူဒါဘီမြို့မှ ပထမဆုံးအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် အမေရိကန်နိုင်ငံသား ရာပေါင်းများစွာ အိမ်ပြန်နိုင်ခဲ့သည်။ စစ်ပွဲစတင်ကတည်းက ဒေသတွင်း ၁၀ နိုင်ငံ၌ လေကြောင်းခရီးစဉ်ပေါင်း ၁၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 42 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)