နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်

အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ စစ်ပွဲကို ဝေဖန်ခဲ့သည့် ထရမ့်ခန့်အပ်ထားသူ အထင်ကရပုဂ္ဂိုလ်တစ်ဦး၏ ပထမဆုံးသော နုတ်ထွက်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုဌာန (NCTC) ညွှန်ကြားရေးမှူး ဂျိုးကန့် (Joe Kent) က ၎င်း၏နုတ်ထွက်စာတွင် “ အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ကိုယ်ကျင့်တရားအရ ဆက်လက်မထောက်ခံနိုင်တော့ပါ” ဟု ဖော်ပြခဲ့သည်။ အီရန်သည် “ ချက်ချင်းလက်ငင်း” ခြိမ်းခြောက်မှုရှိနေသည်ဟူသော အချက်အပေါ် အစိုးရအဖွဲ့က လိမ်ညာခဲ့ကြောင်း ကန့်က အရိပ်အမြွက် ပြောကြားခဲ့ပြီး၊ အမေရိကန်ပြည်သူများအတွက် အကျိုးမရှိသလို အသက်ပေါင်းများစွာ ရင်းနှီးရကျိုးမနပ်သည့် စစ်ပွဲထဲသို့ အစ္စရေးက အမေရိကန်ကို မျှားခေါ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်ကမူ ကန့်သည် “ လုံခြုံရေးပိုင်းမှာ အလွန်အားနည်းသူ” ဟု တုံ့ပြန်ခဲ့ပြီး ၎င်းထွက်သွားခြင်းမှာ “ ကောင်းတဲ့အချက်ပဲ” ဟု ဆိုခဲ့သည်။

ယင်းက မည်မျှအရေးပါသနည်း?

ကန့်သည် အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင် စဉ်ကမအောင်မြင်ခဲ့ဘဲမရှင်းလင်းသည်နောက်ကြောင်းရှိခဲ့သည်။

၎င်း၏နုတ်ထွက်စာတွင် အစ္စရေးအပေါ် အလွန်အမင်း အာရုံစိုက်ထားမှုက ၎င်း၏အမြင်များ သည် မည်သည့်နေရာမှ ဆင်းသက်လာသနည်းဆိုသည်ကို သတိပြုစရာ ဖြစ်စေသည်။

တစ်ချိန်တည်းမှာပင် ၎င်းသည် ထရမ့်ကိုယ်တိုင်က အဆင့်မြင့် ထောက်လှမ်းရေးရာထူးတွင် ခန့်အပ်ခဲ့သည့် အငြိမ်းစား Army Green Beret တစ်ဦးလည်း ဖြစ်သည်။

အနှစ်နှစ်ဆယ်အတွင်း အမေရိကန်၏ ပထမဆုံးသော စစ်ပွဲအသစ်ကို လက်ယာယိမ်းဝါဒီ များက ရုန်းကန်ရင်ဆိုင်နေရချိန်တွင်၊ ကန့်သည် စစ်ပွဲကို အလုံးစုံသဘောမတူသည့် ထရမ့်မဟာမိတ်အင်အားစု၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုနေခြင်း ဖြစ်နိုင်သည်။

ကန့်သည် ၁၉၈၀ ပြည့်နှစ်က အီရန်ရှိ အမေရိကန်ဓားစာခံများကို ကယ်တင်ရန် ဂျင်မီကာတာ ၏ ကြိုးပမ်းမှုကို ဆန့်ကျင်၍ နုတ်ထွက်ခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဆိုင်းရပ်စ် ဗန့်စ် (Cyrus Vance) ကဲ့သို့ ဂုဏ်သိက္ခာရှိစွာ နုတ်ထွက်သူတစ်ဦးလားဆိုလျှင် “ မဟုတ်ပါ” ။ သို့သော် ၎င်း၏လုပ်ရပ်သည် ထရမ့်အတွက် ပြဿနာအချို့ရှိလာနိုင်ကြောင်း အချက်ပြနေသည်။

ကန့်သည် ရှုပ်ထွေးလှသော သတင်းစကားပါးသူဖြစ်သည်

ကန့်သည် လူဖြူအစွန်းရောက်ဝါဒီများနှင့် ဆက်နွှယ်မှုရှိခဲ့ပြီး နာဇီလိုလားသူတစ်ဦးနှင့် လူတွေ့မေးမြန်းခန်း ပြုလုပ်ခဲ့ဖူးကြောင်း CNN ၏ KFile က ဖော်ပြခဲ့ဖူးသည်။ ၎င်းက အစွန်းရောက်ဝါဒီများနှင့် ကင်းကင်းရှင်းရှင်းနေရန် ကြိုးစားခဲ့သော်လည်း ၂၀၂၂ နှင့် ၂၀၂၄ ရွေးကောက်ပွဲများတွင် ဝါရှင်တန်ပြည်နယ်၌ ရှုံးနိမ့်ခဲ့သည်။

ထို့အပြင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် လွှတ်တော်တိုက်ခိုက်မှုတွင် ထောက်လှမ်း ရေးအဖွဲ့များ ပါဝင်ပတ်သက်နေသည်ဟူသော လုပ်ကြံဖန်တီးထားသည့် သီအိုရီ (Conspiracy theories) များကိုလည်း ဖြန့်ဝေခဲ့သူဖြစ်သည်။

ကန့်၏ နုတ်ထွက်စာတွင် အစ္စရေးကို အဖန်ဖန်ထည့်သွင်းပြောဆိုထားမှုက လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ၎င်းက အစ္စရေးသည် အမေရိကန်ကို အီရန်စစ်ပွဲအတွင်းသို့ “ ဖိအားပေး” ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ယင်းစွပ်စွဲချက်သည် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ၏ အစောပိုင်းမှတ်ချက်များနှင့် ယှဉ်လျှင် အံ့ဩစရာတော့ မဟုတ်ပေ။ (စတင်တိုက်ခိုက်စဉ်က အစ္စရေးက အီရန်ကို တိုက်တော့မည်ဖြစ်၍ အီရန်က အမေရိကန်ကို ပြန်တိုက်မည်ဖြစ်သောကြောင့် ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှုရှိသည်ဟု ရူဘီယိုက ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရအဖွဲ့က ထိုအကြောင်းပြချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။)

ကန့်သည် ထိုမျှနှင့်တင် မရပ်ဘဲ အစ္စရေး၏ “ ဩဇာကြီးသော အမေရိကန် လော်ဘီအဖွဲ့” ၊ အစ္စရေးအရာရှိများ၏ “ သတင်းမှားဖြန့်ဝေမှု” နှင့် အီရတ်စစ်ပွဲအတွက် အစ္စရေးတွင် တာဝန်ရှိ ကြောင်း စသည်ဖြင့် စွပ်စွဲခဲ့သည်။ ၎င်း၏အမြင်များသည် လက်ရှိတွင် ဖောက်စ်သတင်း (Fox News) အစီအစဉ်တင်ဆက်သူဟောင်း တပ်ကာ ကာလ်ဆင် (Tucker Carlson) ပြောနေသည့် အချက်များနှင့် ဆင်တူနေသည်။ ယင်းက ထရမ့်မဟာမိတ်အဖွဲ့အတွင်း အစ္စရေးဆန့်ကျင်ရေး နှင့် ဂျူးဆန့်ကျင်ရေး အမြင်များ မြင့်တက်လာနေသည်ကို ပြသနေပြီး စစ်ပွဲအတွက် ထောက်ခံမှုကို လျော့ကျစေနိုင်ပါသည်။

GOP ၏ စစ်ပွဲထောက်ခံမှုတွင် အကန့်အသတ်ရှိသည်

လက်ရှိတွင် လက်ယာယိမ်းဝါဒီများသည် ထရမ့်နောက်တွင် တညီတညွတ်တည်း ရှိနေသည် ဟု ယူဆရသော်လည်း၊ CNN ၏ လူထုစစ်တမ်းအရ ရီပတ်ဘလစ်ကန် ၂၃% က စစ်ရေးအရ အရေးယူမှုကို သဘောမတူကြပေ။ ထို့ပြင် ထောက်ခံသူအများစုမှာလည်း “ ပြင်းပြင်း ထန်ထန်” ထောက်ခံခြင်းမဟုတ်ဘဲ အပေါ်ယံမျှသာ ထောက်ခံနေခြင်းဖြစ်သည်။

ထရမ့်၏ ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ပင်လျှင် စစ်ပွဲကို အပြည့်အဝ ထောက်ခံရန် သိသိ သာသာ ငြင်းဆိုထားသည်။ ကန့်၏ နုတ်ထွက်မှုသည် တပ်ကာ ကာလ်ဆင်၊ မာဂျိုရီ တေလာ ဂရင်း (Marjorie Taylor Greene) နှင့် မီဂန်ကယ်လီ (Megyn Kelly) တို့ကဲ့သို့သော စစ်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်နေသည့် လက်ယာယိမ်း သြဇာရှိသူများ၏ လမ်းစဉ်အတိုင်း ဖြစ်လာခြင်းဖြစ်သည်။

စစ်ပွဲအတွက် အကြောင်းပြချက်ရှာရန် အစိုးရအဖွဲ့ ရုန်းကန်နေရမှုကို ကန့်က မီးမောင်း ထိုးပြခဲ့သည်

ကန့်၏စာသည် အစိုးရအဖွဲ့အတွက် အစစ်အမှန် ပြဿနာတစ်ခုကို ထောက်ပြနေသည်၊ ယင်းမှာ “ စစ်ပွဲအတွက် ခိုင်လုံသော အကြောင်းပြချက်” ပင်ဖြစ်သည်။ အစိုးရအဖွဲ့သည် အီရန်က အဘယ်ကြောင့် “ ချက်ချင်းလက်ငင်း” ခြိမ်းခြောက်မှု ဖြစ်နေသနည်းဆိုသည်ကို ရှင်းပြရန် အတော်လေး ရုန်းကန်နေရသည်။

ယခုအခါတွင် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူးလ်ဆီ ဂတ်ဘတ် (Tulsi Gabbard) ပါ ကန့်၏ခြေရာအတိုင်း လိုက်လာမလားဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာ သည်။ ဂတ်ဘတ်သည် အီရန်နှင့် စစ်ဖြစ်ခြင်းကို နှစ်ရှည်လများ သတိပေးလာခဲ့သူဖြစ်သည်။ သူမက အင်္ဂါနေ့တွင် X လူမှုကွန်ရက်၌ “ သမ္မတထရမ့်ဟာ အချက်အလက်အားလုံးကို သေချာသုံးသပ်ပြီးနောက် အီရန်ဟာ ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှုရှိတယ်လို့ ကောက်ချက် ချခဲ့တာဖြစ်ပါတယ်” ဟု ရေးသားခဲ့သော်လည်း သူမ၏ ကိုယ်ပိုင်အမြင်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

ထရမ့်၏ အမာခံထောက်ခံသူများကြားတွင် အစုလိုက်အပြုံလိုက် နုတ်ထွက်မှုမျိုး ရှိလာမည် ဟု မမျှော်လင့်နိုင်သော်လည်း၊ ထရမ့်သည် ၎င်း၏ အခြေခံထောက်ခံမှုကို တဖြည်းဖြည်းချင်း ဆုံးရှုံးနေရပြီဖြစ်သည်။ ဂျိုးကန့်၏ နုတ်ထွက်မှုသည် ထိုဖြစ်စဉ်၏ ထင်ရှားသော သက်သေ တစ်ခုပင် ဖြစ်ပါတော့သည်။

ဂျိုးကန့် (Joe Kent) ၏ နုတ်ထွက်မှုနှင့် ပတ်သက်၍ ရီပတ်ဘလစ်ကန် ခေါင်းဆောင်များနှင့် အဓိကပုဂ္ဂိုလ်များ၏ တုံ့ပြန်ချက်များသည် သိသိသာသာ ကွဲပြားနေပြီး အုပ်စုနှစ်စု ကွဲသွားသည်ကို တွေ့ရပါသည် –

၁။ ထရမ့်နှင့် စစ်ပွဲကို ထောက်ခံသည့် ခေါင်းဆောင်များ (ဂျိုးကန့်ကိုပြင်းထန်စွာ ဝေဖန်သူများ)

သမ္မတ ဒေါ်နယ်ထရမ့်က ကန့်ကို “ လုံခြုံရေးပိုင်းမှာ အလွန်အားနည်းသူ” ဟု တိုက်ရိုက် တိုက်ခိုက်ခဲ့ပြီး၊ အီရန်သည် ခြိမ်းခြောက်မှုမဟုတ်ဟု ယူဆသူများကို မိမိအစိုးရအဖွဲ့တွင် မလိုချင်ကြောင်း၊ ၎င်းထွက်သွားခြင်းမှာ “ ကောင်းသောအချက်” ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် (Mike Johnson)က ကန့်၏ “ အီရန်သည် ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှုမဟုတ်” ဟူသော ပြောကြားချက်ကို ပယ်ချခဲ့သည်။ အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် နီးစပ်နေပြီး ဒုံးကျည်များ အရှိန်အဟုန်ဖြင့် တည်ဆောက်နေကြောင်း၊ ထရမ့်သာ ကြိုတင်မတိုက်ခိုက်ခဲ့ပါက အမေရိကန်တပ်ဖွဲ့ဝင်များ အမြောက်အမြား သေဆုံးနိုင်ကြောင်း ခုခံပြောဆိုခဲ့သည်။

အောက်လွှတ်တော်အမတ် ဒွန်ဘေကွန် (Don Bacon)ကမူ ကန့်၏ အမြင်များကို ဝေဖန်ခဲ့ပြီး အီရန်သည် အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ရန်သူဖြစ် ကြောင်း နှင့် ကန့်၏စာတွင်ပါသော ဂျူးဆန့်ကျင်ရေး အယူအဆများကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

၂။ စစ်ပွဲကို သံသယရှိသည့် လက်ယာယိမ်း အင်အားစုများ (ကန့်ဘက်မှ ရပ်တည်သူများ)

မာဂျိုရီ တေလာ ဂရင်း (Marjorie Taylor Greene)က ကန့်ကို “ အမေရိကန်သူရဲကောင်း” အဖြစ် ချီးကျူးခဲ့ပြီး၊ ၎င်းအား ဂုဏ်သိက္ခာကျဆင်းအောင် လုပ်မည့်သူများ၏ စကားကို မယုံရန် တိုက်တွန်းခဲ့သည်။ ကန့်ပြောသမျှမှာ မှန်ကန်ပြီး ဤစစ်ပွဲသည် “ America First” (အမေရိကန်ကို ဦးစားပေးခြင်း) မဟုတ်ဘဲ “ Israel First” (အစ္စရေးကို ဦးစားပေးခြင်း) ဖြစ်နေသည်ဟု ဆိုသည်။

အထက်လွှတ်တော်အမတ် ရန်းပေါလ် (Rand Paul)ကလည်း ကန့်၏ ရဲဝံ့သော ရပ်တည်ချက် ကို ချီးကျူးခဲ့သည်။ ဤစစ်ပွဲသည် မလိုအပ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း၊ လွှတ်တော်အနေဖြင့် စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များ (War Powers) ကို ပြန်လည် ထိန်းချုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောက်လွှတ်တော်အမတ် သောမတ်စ် မက်ဆီ (Thomas Massie)ကကန့်၏ နုတ်ထွက်မှုကို ထောက်ခံပြီး အစ္စရေးလော်ဘီအဖွဲ့များ၏ ဖိအားပေးမှုကို ဝေဖန်ခဲ့ကာ စစ်ပွဲအတွက် ရန်ပုံငွေများကို ဖြတ်တောက်ရန် တောင်းဆိုခဲ့သည်။

၃။ နှုတ်ဆိတ်နေသူများနှင့် ကြားနေသဘောဆောင်သူများ

ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance)ကမူ ကန့်သည် နုတ်ထွက်စာကို ဗန့်စ်ထံသို့ တနင်္လာနေ့ ကတည်းက လူကိုယ်တိုင် ပေးအပ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ဗန့်စ်ကိုယ်တိုင်ကမူ စစ်ပွဲနှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ အနိမ့်ဆုံး အခြေအနေ (Low profile) ဖြင့်သာ နေထိုင်နေပါသည်။

ထောက်လှမ်းရေးညွှန်ကြားရေးမှူး တူးလ်ဆီ ဂတ်ဘတ် (Tulsi Gabbard)က ကန့်၏ လုပ်ရပ်အပေါ် တိုက်ရိုက် မှတ်ချက်မပေးသော်လည်း၊ အီရန်သည် ခြိမ်းခြောက်မှုရှိမရှိ ဆုံးဖြတ်ရန်မှာ သမ္မတ၏ တာဝန်သာဖြစ်ကြောင်းနှင့် ထရမ့်က အချက်အလက်များကို သုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားကာ ကြားနေသဘော ပြသခဲ့သည်။

ဤသို့ဖြင့် ရီပတ်ဘလစ်ကန် ပါတီအတွင်း၌ အီရန်စစ်ပွဲအပေါ် ထောက်ခံသူများနှင့် “ America First” လမ်းစဉ်အရ စစ်ပွဲကို ဆန့်ကျင်သူများအကြား အက်ကြောင်းမှာ သိသိသာသာ ပိုမိုနက်ရှိုင်းလာနေပါသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အောက်လွှတ်တော် ပြည်တွင်းလုံခြုံရေး ကော်မတီ ရှေ့မှောက်တွင် ဂျိုး ကန့် ထွက်ဆိုနေစဉ်။ Anna Moneymaker/Getty Images(ပုံ)

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေးသို့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး တူလ်ဆီဂက်ဘရပ်(Tulsi Gabbard ) တက်ရောက်နေစဉ်။ Andrew Caballero-Reynolds/AFP/Getty Images(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 10 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 41 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 45 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 51 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။