ဇွန်လ (၃)ရက်။
ဖရူဆိုမြိုရှိ ကျေးရွာ (၃)ရွာက အရပ်သားနေအိမ်တွေကို စစ်ကောင်စီက မီးရှိဖျက်ဆီးခဲ့တယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကနေ မေလအထိ ဖရူဆိုမြိုနယ်ထဲ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ အရပ်သားနေအိမ်တွေကို မီးရှိဖျက်ဆီးခဲ့တာလို ဆိုပါတယ်။
စစ်ကောင်စီ မီးရှိဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေဟာ ဘူးခူရွာ၊ ထားလဲရွာနဲ့ ထားလဲရွာအပေါ်ဘက်ရှိ ပရယ်တော်ရွာတိုဖြစ်တယ်လို ဖော်ပြထားပါတယ်။
ဖြစ်စဉ်တွေထဲ ဘူးခူရွာမှာ ဒေသခံတွေရဲ့နေအိမ် (၁၆)လုံးကျော်၊ ထားလဲရွာမှာ နေအိမ် (၆၀)ကျော်နဲ့ ပရယ်တော်ရွာမှာ နေအိမ် (၄)လုံးတို မီးရှိဖျက်ဆီးခံရတယ်လို ရေးသားထားပါတယ်။
အဲ့ဒီကာလထဲ ဖရူမြိုနယ်ထဲမှာ စစ်ကောင်စီက ကျေးရွာ (၃)ရွာရှိ နေအိမ် (၈၀)ကျော်ကို အကြောင်းမဲ့ မီးရှိဖျက်ဆီးပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာလို ပြောဆိုထားပါတယ်။
နောက်ပြီး စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် ခြေကုပ်စခန်းတွေ၊ စစ်ကြောင်းတွေနဲ့ စစ်ရေးလှုပ်ရှားနေတာလို ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေရှိနေသလို စစ်ကောင်စီဘက်က အရပ်သားတွေရှိတဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို သိရပါတယ်။










