၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် ၊ ကျောက်တော်မြိုပေါ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄) စီးဖြင့် တစ်နာရီနီးပါးကြာ နှစ်ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများနေထိုင်ရာနေရာ(၅)နေရာကို ဂျက်ဖိုက်တာ (၂) စီးဖြင့် Rocket သီး (၁၃) လုံး နှင့် ပေါင် (၅၀၀) ဗုံး (၃) လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။
ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ဂျက်ဖိုက်တာ (၂) စီးဖြင့် ကျောက်တော်မြို၊ လမ်းမတော် ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက် ကို ပေါင် (၅၀၀) ဗုံး (၄) လုံး၊ ပေါင် (၃၀၀) ဗုံး (၁) လုံး နှင့် Rocket သီး (၂) လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။
စစ်ကော်မရှင်၏ တစ်နာရီနီးပါးကြာသည့်တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ (၈) ဦးသေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့သလို (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့သည် အဆောက်အအုံ (၃၀) ခန့် မီးလောင် ပျက်စီး ဆုံးရှုးခဲ့ရသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ ည (၁၂) နာရီအချိန်ခန့်တွင်လည်း ဂွမြိုနယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့အား စစ်ကော်မရှင် တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့၊ ည (၇) နာရီ (၁၅) မိနစ် အချိန်ခန့်တွင်လည်း ဂွမြိုနယ်၊ ကျိန္တလီမြို၊ ရမ္မာကျွန်းကျေးရွာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ကာ (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိကာ လူနေအိမ်အချို ပျက်စီးသွားခဲ့ရသည်။

မူရင်းသတင်း- အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေး







