ဇွန်လ (၂၄)ရက်။
ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။
စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့ ရွှေတူးလုပ်ငန်း၊ သတ္တုတူးလုပ်ငန်း လုပ်ကိုင်သူတွေ ပါဝင်တယ်လို ဆိုပါတယ်။
ဒီလိုသတိပေးတဲ့အထဲ စစ်ကောင်စီကို သတင်းပေးတာ၊ သတင်းယူတာနဲ့ သူလျှိ(ဒလန်)လုပ်တာတွေ မပြုလုပ်ကြဖို ဖော်ပြထားပါတယ်။
နောက်ပြီး အရင်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူတွေအနေနဲ့ အခုသတိပေးစာ ထုတ်ပြန်တဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ လုံးဝမလုပ်ဖို ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်း ပတ်သက်ဆက်နွယ်နေရင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လိုလဲ KIA က သတိပေးထားတယ်လို သိရပါတယ်။






