ဇွန်လ (၂၃)ရက်။
ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၆)ဦးထက်မနဲ ထိခိုက်ဒဏ်ရာရကာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ ၅.၅၆ကျည် (၃၀)တောင့်၊ ၇.၆၂ကျည် (၁၁၀)တောင့်၊ ၄၀မမ (၁)လုံးနဲ့ M16 ကျည်ဘောက် (၁)ဘောက်တိုကို သိမ်းဆည်းရမိခဲ့တယ်လို ရေးသားထားပါတယ်။
နောက်ပြီး အဲ့ဒီတရက်ထဲမှာပဲ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်က နွားထိုးကြီးမြိုရဲ့ အထင်ကရနေရာဖြစ်တဲ့ ရှင်ပင်သာဒွန်းဦးဘုရားပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြောက်ကျား တိုက်ခိုက်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နွားထိုးကြီးမြိုပေါ်ကနေ စစ်ကောင်စီတပ် လွှတ်တင်လိုက်တဲ့ ဒရုန်းတစီးကိုလဲ ကာကွယ်ရေးတပ်ဖွဲတွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို ပြောဆိုထားပါတယ်။
ဇွန်လ (၂၀)ရက်နေ့ ညနေ (၄)နာရီ (၂၀)မိနစ်ခန့်က နွားထိုးကြီးမြို တောင်အထွက်ရှိ စစ်ကောင်စီဂိတ်ကို ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်







