နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက်

ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ အနေဖြင့် လူပေါင်း ၁ သန်းကျော်ကို ပြည်နှင်ဒဏ်ပေးရန်နှင့် အခြားသူ အမြောက်အမြားကို လည်း နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် မရအောင် တားဆီးရန် ပထမဦးစွာ လမ်းခင်း ပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်များမှ အဓိက ကောက်နုတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ TPS (ယာယီ အကာအကွယ်ပေးထားသည့် အဆင့်) အပေါ် တရားရုံးများ၏ ကြားဝင် စစ်ဆေးခွင့်ကို ပယ်ဖျက်ခြင်း
ဆုံးဖြတ်ချက် အနှစ်ချုပ်မှာ ကွန်ဆာဗေးတစ် တရားသူကြီးများက မူလကတည်းက ဤကိစ္စရပ်အပေါ် တရားရုံးများအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း အခြေခံ၍ ထရမ့်ဘက်က ရပ်တည်ပေးခဲ့သည်။ အစိုးရအဖွဲ့၏ TPS သတ်မှတ်ချက် သို့မဟုတ် ပယ်ဖျက်မှုအပေါ် တရားစီရင်ရေးက ကြားဝင်စစ်ဆေး၍မရဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ရိုက်သက်ရောက်မှု။ ဤဆုံးဖြတ်ချက်ကြောင့် ဟေတီနိုင်ငံသား ၃၅၀,၀၀၀ ခန့်နှင့် ဆီရီးယားနိုင်ငံသား ၆,၀၀၀ ခန့် တိုက်ရိုက် ထိခိုက်မည်ဖြစ်သည်။
မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများအပေါ် သက်ရောက်မှု။ ထရမ့်အစိုးရသည် TPS သတ်မှတ်ပေးထားသည့် ၁၇ နိုင်ငံအနက် ၁၃ နိုင်ငံအတွက် ယင်းအဆင့်ကို ရုပ်သိမ်းရန် ကြိုးပမ်းနေပြီး အဆိုပါအမှုများမှာ တရားရုံးတွင် ပိတ်မိနေခဲ့သည်။ ယခုဆုံးဖြတ်ချက်ကြောင့် အစိုးရအနေဖြင့် ၎င်းတို့၏ ရုပ်သိမ်းမှုများကို တရားရုံးများက ကြားဝင်မစစ်ဆေးနိုင်ရန် လျှောက်လဲခွင့် ရသွားပြီ ဖြစ်သည်။

ပစ်မှတ်ထားခံရသည့် ၁၃ နိုင်ငံများ။ ဟေတီ၊ ဆီရီးယား၊ ဗင်နီဇွဲလား၊ ဟွန်ဒူးရပ်စ်၊ အာဖဂန်နစ္စတန်၊ နီပေါ၊ ကင်မရွန်း၊ မြန်မာ (ဗမာ)၊ အီသီယိုပီးယား၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ယီမင် နှင့် နီကာရာဂွါ တို့ ဖြစ်ကြသည်။

၂။ ထရမ့်၏ စကားလုံးများအပေါ် လစ်ဘရယ် တရားသူကြီးများက ဝေဖန်ခြင်း
ဟေတီ TPS အကျိုးခံစားခွင့်ရှိသူများက ထရမ့်သည် လူမျိုးရေးခွဲခြားမှုဖြင့် ယခုအစီအစဉ်ကို ဖျက်သိမ်းခြင်းဖြစ်ကြောင်း လျှောက်လဲခဲ့ကြသည်။ (မဲဆွယ်ကာလအတွင်း အိုဟိုင်းယိုး ပြည်နယ်ရှိ ဟေတီလူမျိုးများသည် လူတို့၏ အိမ်မွေးတိရစ္ဆာန်များကို စားနေကြသည်ဟု ထရမ့်က စွပ်စွဲခဲ့ဖူးသည်။)

သို့သော် ကွန်ဆာဗေးတစ် တရားသူကြီး အလီတိုက ဤစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ဟေတီ သည် အလွန်ဆင်းရဲသော နိုင်ငံဖြစ်သဖြင့် နေထိုင်မှုအခြေအနေ ခက်ခဲခြင်းကို ဖော်ပြခြင်းသာ ဖြစ်ကြောင်း ရေးသားခဲ့သည်။ လစ်ဘရယ် တရားသူကြီး ကေဂန်ကမူ ထရမ့်၏ စကားလုံး များသည် အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး လူမျိုးရေးခွဲခြားမှု ပါဝင်နေကြောင်း ကန့်ကွက်ချက် တွင် ပြင်းပြင်းထန်ထန် ထည့်သွင်းဖော်ပြခဲ့သည်။

၃။ “ Metering” (အကန့်အသတ်ဖြင့် စိစစ်သည့် မူဝါဒ) ကို တရားရုံးချုပ်က အတည်ပြုခြင်း
မူဝါဒ အနှစ်ချုပ်။ ဤမူဝါဒသည် အမေရိကန် နယ်စပ်ရှိ အရာရှိများအနေဖြင့် ဒုက္ခသည်များ အမေရိကန်မြေပေါ်သို့ ခြေမချရသေးမီ အစောကတည်းက နယ်စပ်မှ ပြန်လှည့်ခိုင်းခွင့် (သို့မဟုတ်) အကန့်အသတ်ဖြင့်သာ လက်ခံစိစစ်ခွင့် ပေးထားခြင်း ဖြစ်သည်။

အဆိုပါ မူဝါဒသည် အိုဘားမားလက်ထက်တွင် စတင်ခဲ့ပြီး ထရမ့်၏ ပထမသက်တမ်းတွင် တရားဝင်အသက်သွင်းခဲ့ကာ ဘိုင်ဒင်လက်ထက်တွင် ဖျက်သိမ်းခဲ့သည်။ ထရမ့်၏ ဒုတိယ သက်တမ်း အစိုးရအဖွဲ့က နယ်စပ်အခြေအနေအရ လိုအပ်ပါက ယင်းမူဝါဒကို ပြန်လည် ကျင့်သုံး နိုင်ရန် တရားရုံးတွင် လမ်းဖွင့် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

၄။ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ သက်ရောက်မှုများ
လူဝင်မှုကြီးကြပ်ရေး အခွင့်အရေးလှုပ်ရှားသူများက ဤဆုံးဖြတ်ချက်ကြောင့် အပြစ်မဲ့သူ ထောင်ပေါင်းများစွာ သေဆုံးနိုင်ကြောင်း သတိပေးခဲ့ကြသည်။

စီးပွားရေး ထိခိုက်မှု။ အမေရိကန်တွင် နှစ်ရှည်လများ နေထိုင်ကာ အလုပ်လုပ်နေသည့် ဟေတီနိုင်ငံသားများသည် အမေရိကန်စီးပွားရေးအတွက် ဒေါ်လာ ၅.၉ ဘီလီယံခန့် အကျိုးပြု နေပြီး အခွန်ငွေ ဒေါ်လာ ၁.၆ ဘီလီယံ ပေးဆောင်နေကြသည်။ ဤဆုံးဖြတ်ချက်ကြောင့် ဟိုတယ်လုပ်ငန်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများနှင့် ကျန်းမာရေးကဏ္ဍ တို့တွင် လုပ်သားပြတ်လပ်မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကြီးမားသော အခက်အခဲများ ရင်ဆိုင်ရဖွယ် ရှိနေသည်။

၅။ တရားသူကြီးများအကြား ပြင်းထန်သော သဘောထားကွဲလွဲမှု
လစ်ဘရယ် တရားသူကြီး ဆိုနီယာ ဆိုတိုမေယာက “ လူတွေ ပိုသေကြရလိမ့်မယ်” ဟု ရေးသားကာ နယ်စပ်တွင် တရားမဝင် ဖြတ်ကျော်မှုများနှင့် အကြမ်းဖက်မှုများ ပိုမိုများပြား လာမည်ဟု သတိပေးခဲ့သည်။ ၎င်းက ၁၉၃၉ ခုနှစ်က ဂျူးဒုက္ခသည် ၁,၀၀၀ ခန့် ပါလာသည့် သင်္ဘောကို အမေရိကန်က လက်မခံဘဲ ပြန်လွှတ်ခဲ့သဖြင့် လူအများအပြား ဟိုလိုကော့စ် (ဂျူးမျိုးတုံးသတ်ဖြတ်မှု) တွင် သေဆုံးခဲ့ရသည့် သမိုင်းဖြစ်ရပ်နှင့် နှိုင်းယှဉ် ဝေဖန်ခဲ့သည်။

တရားသူကြီး ဆိုတိုမေယာက သူမ၏ ကန့်ကွက်ချက်ကို တရားခွင်တွင် နှုတ်ဖြင့် ဖတ်ကြား ခဲ့ပြီးနောက်၊ ကွန်ဆာဗေးတစ် တရားသူကြီး အလီတိုကလည်း ချက်ချင်း ပြန်လည်တုံ့ပြန်ခဲ့ရာ တရားခွင်အတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။
၆။ ၆ ယောက်တဖက်၃ယောက်တဖက် အချိုးမှ ဆုံးဖြတ်ချက်များ ဆက်တိုက် ထွက်ပေါ် လာခြင်း။
ယခုနှစ်အတွင်း တရားရုံးချုပ်တွင် နိုင်ငံရေးအရ အရေးပါသော အမှုများကို အယူအဆ ရေးရာအလိုက် ၆ အချိုး ၃ (ကွန်ဆာဗေးတစ် ၆ ဦး၊ လစ်ဘရယ် ၃ ဦး) ဖြင့် ပြတ်ပြတ် သားသား ကွဲပြားကာ ဆုံးဖြတ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဧပြီလက မဲပေးပိုင်ခွင့်အက်ဥပဒေ (Voting Rights Act) ကို အားနည်းစေသည့် ၆-၃ ဆုံးဖြတ်ချက်ကြောင့် ရီပတ်ဘလီကန်များအနေဖြင့် တောင်ပိုင်းပြည်နယ်များတွင် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေများကို ၎င်းတို့အသာစီးရစေရန် ပြန်လည်ပြင်ဆင်ခွင့် ရရှိခဲ့ကြသည်။ ရှေ့ဆက်၍လည်း အရေးကြီးသည့် ဆုံးဖြတ်ချက်များ ထပ်မံထွက်ပေါ်လာရန် ရှိနေသည်။

တရားရုံးချုပ် တရားသူကြီးများ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တရားရုံးချုပ်တွင် အစုအဖွဲ့လိုက် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေကြစဉ်။ ထိုင်နေသူများ (ဘယ်မှညာ) – တရားသူကြီး ဆိုနီယာ ဆိုတိုမေယာ၊ ကလဲရင့်စ် သောမတ်စ်၊ တရားသူကြီးချုပ် ဂျွန် ရောဘတ်စ်၊ ဆင်မြူရယ် အလီတို နှင့် အီလဲနာ ကေဂန်။ မတ်တပ်ရပ်နေသူများ (ဘယ်မှညာ) – တရားသူကြီး အေမီ ကိုနီ ဘားရက်၊ နီးလ် အမ် ဂေါဆပ်ခ်၊ ဘရက် ကာဗာနော နှင့် ကီတန်းဂျီ ဘရောင်း ဂျက်ဆင်။ အီဗလင် ဟော့ခ်စတိန်း/ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 6 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်