နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထွီးဆိုစစ်ရှောင်စခန်းကို လက်နက်ကြီး ကျတာကြောင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံး

ယမန်နေ့ (ဇန်နဝါရီ ၃ ရက်) ည ၇ နာရီခန့်က ဒီးမော့ဆိုအနောက်ခြမ်း ထွီးဆို (ထုံးကျောက်တောင်) စစ်ရှောင်စခန်းပေါ်ကို စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ လက်နက်ကြီးစဟာ စစ်ရှောင်စခန်းအတွင်းက တဲရဲ့ မိုးကာခေါင်မိုးပေါ်ကို ဖောက်ဝင်ကာ တဲအတွင်း အိပ်နေတဲ့ အမျိုးသမီးရဲ့ ညာဘက် ပေါင်ကို ဖောက်ထွက်သွားခဲ့ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

” အဖေနဲ့အမေက နေ့ဘက်ဆို ရွာမှာ အလုပ်လုပ်တယ်၊ ညဘက်ကျ စစ်ရှောင်စခန်းမှာ ပြန်အိပ်တာပေါ့၊ ကျတော်ကလည်း အိမ်ထောင်ကျပြီဆိုတော့ အိမ်ခွဲနေတယ်၊ ကျတော့်ညီကလည်း ရဲဘော်ဆိုတော့ အတူမရှိဘူးလေ၊ အဲ့မှာ သူတို့ ၂ ယောက်ပဲ တဲထဲ ရှိနေတုန်း လက်နက်ကြီး ကျတာပေါ့၊ ပထမတလုံးကျပြီးတော့ အဖေက အမေ့ကို ဆင်းဝပ်ဖို့ခေါ်နေတုန်း တဲတည့်တည့်ကို ကျပြီး ပေါင်ကိုထိသွားတာ၊ ဆေးကုချိန်တောင်မရဘူး၊ ဆုံးသွားတာပဲ” လို့ သေဆုံးသူရဲ့ သားဖြစ်သူက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။

သေဆုံးခဲ့သူမှာ ဒေါနိုကူးရွာခံ အသက် ၅၈ နှစ်အရွယ် ဒေါ်စူးမြာ ဖြစ်ပါတယ်။ “ တောင်အပေါ်နားမှာ တလုံးကျသေးတယ်၊ သူ့ကိုထိတာတော့ ဒုတိယအလုံးပေါ့၊ ထိသွားပြီးပြီးချင်း ကျတော်တို့ကလည်း ဝပ်နေရတုန်းဆိုတော့ သူ့ဆီချက်ချင်း မသွားနိုင်ဘူးလေ၊ နောက်တော့ ပေါင်လဲကျိုးနေပြီ၊ ၁၀ မိနစ်လောက်နေတော့ ဆုံးတာပဲ” လို့ စခန်းတခုထဲနေတဲ့ စစ်ရှောင်အမျိုးသားတဦးကလည်း ဆက်လက်ပြောပြခဲ့ပါတယ်။

ယမန်နေ့ မနက် ၁၁ နာရီခန့်ကလည်း လွိုင်ကော်ကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာလည်း အဆိုပါဒေါနိုကူးရွာအတွင်းက မူကြိုကျောင်းပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးမှု အနည်းဆုံး ၃၈ ဦးရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုဒဏ်ကြောင့် နှလုံးရပ်သေဆုံးတဲ့ သက်ကြီးရွယ်အို ၄ ဦး ရှိခဲ့ပါတယ်။

Photo – Karenni’s Voice

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 18 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 21 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 58 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက်
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 49 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ ရုံးပိတ်ရက်အတွက် ယူကရိန်း နှင့် ၃၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ၎င်းသည်
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 45 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 55 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 50 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 56 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို