နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက်

ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက် ICNCC သည် အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပြီး ICNCC သည် ချင်းအမျိုးသားအများစုကို ကိုယ်စားပြုကြောင်းလည်း အကောင်းမြင်သည်ဟုဆိုသည်။

ထို့ပြင် ချင်းပြည်နယ်သည် အိမ်နီးချင်းဖြစ်သည့်အတွက် အဖွဲ့အစည်းအတွင်း ဆောင်ရွက်နေသူများကို ထိုထက် ပိုမိုအားစိုက်လုပ်ကြရန် အားပေးစကားပြေကြားခဲ့ပြီး ‌နွေဦးတော်လှန်ရေးကို ဗဟိုပြုပြီး ၅ နှစ်တာကာလတွင် ပေါ်ပေါက်လာခြင်းနှင့် ဆက်ဆံမှုရှိသည့်အဖွဲ့အစည်းများ ဖြစ်သည့်အတွက် ဘုံရည်မှန်းချက် တူညီသူများလည်း ဖြစ်သည်ဟု ဆိုသည်။

ထို့အတူ ခွန်အားအပြည့် လုံ့လဝီရိယအပြည့်နှင့် အလုပ်လုပ်ကြရန်နှင့် အားလုံးဝိုင်းဝန်းလုပ်ကြသလို တယောက်ချင်းလည်း အားစိုက်ထုတ်လုပ်ကြဖို့လိုကြောင်း တိုက်တွန်းခဲ့သည်။

ထို့ပြင် မျှော်မှန်းချက်များကို ဆက်ပြီးကြိုးပန်းကြရန်နှင့် မြန်မာကို မြန်မာက ပြန်လည်တော်လှန်ခြင်းသည် နှစ် ၁၀၀ အတွင်းမှာ တကြိမ်လောက်သာ ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက် ရည်မှန်းချက်ကို အစွမ်းကုန် အောင်မြင်အောင်လုပ်ကြလည်း တိုက်တွန်းခဲ့သည်။

တယောက်နှင့် တယောက်၊ တဖွဲ့နှင့်တဖွဲ့ အကြား သဘောထားကြီးမြတ်မှု၊ ပကတိမြေပြင် အခြေအနေများကို အမှန်တကယ် သိရှိနားလည်ရန် တွက်ဆတတ်ဖို့၊ စည်းလုံးညီညွတ်ကြဖို့၊ တဖွဲ့နှင့်တဖွဲ့ မဟာမိတ်ပေါင်းစပ်မှု ဘယ်လောက်ရှိသလဲ ဝင်ဆန့်နိုင်မှု ဘယ်လောက် ရှိသည်ဆိုသည့်အပြင် စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်းများ ပြည့်စုံနေဖို့ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ကြဖို့ တိုက်တွန်းခဲ့သည်။

စစ်အင်အားအသာရမှ ကိုယ့်လူမျိုးကို ကာကွယ်နိုင်မှာ ဖြစ်သည့်အတွက် မြန်မာမှာရော ကမ္ဘာမှာပါ စစ်အင်အားကြီးတဲ့သူကသာ အရာရာမှာ အောင်နိုင်တယ်ဆိုသည့် သဘောတရားရှိသည့်အတွက် ချင်းနှင့်သက်ဆိုင်သည့် စစ်အင်အားများကို ပို၍အားကောင်းအောင် လုပ်ကြဖို့ စစ်ဖက်ဆိုင်ရာအစုအဖွဲ့တွေကို ပြင်ဆင်ဖို့နှင့် စနစ်ကျသည့် အဖွဲ့အစည်းဖြစ်ဖို့ကိုလည်း ကြိုးစားကြဖို့ တိုက်တွန်းခဲ့သည်။

ချင်းပြည်နယ်တွင် နိုင်ငံရေးအရ အားသန်သည်ဆိုသည်ကို တွေ့ရသော်လည်း စစ်ရေးဖက်မှာတော့ အာနည်းနေသေးသည့်အပိုင်းကို တွေ့ရသည်ဟု ထောက်ပြခဲ့ပြီး ICNCC ချင်းအမျိုးသားဦးဆောင်နေသူများ အရင်က အားနည်းချက်များကို အားသာချက်အဖြစ် ရောက်ရှိအောင် ကြိုးပမ်းသွားရန် ပြောကြားခဲ့သည်။

သူက ဆက်လက်ပြီး “အဓိကခေါင်းဆောင် အချင်းချင်း နားလည်မှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ ညီအကိုစိတ်ဓါတ်ရှိမှုတို့သည် မရှိမဖြစ် လိုအပ်သည်ဆိုခြင်းကို” အားလုံး သိပြီးဖြစ်သည်ဟုလည်း ပြောခဲ့သည်။ ၅ နှစ်တာကာလကရခဲ့သည့် အကြံဉာဏ်များအတွေ့အကြုံတွေ ရင့်ကျက်လာမှုများကို အခြေခံပြီး အိမ်နီးချင်းပီသစွာ ချင်း၊ ရခိုင်၊ မြန်မာတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပြီး ကြံကြံခိုင် ရင်ဆိုင်သွားကြရမည့် အချိန်ကာလလည်းဖြစ်သည်ဟု နိဂုံးချုပ် ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 97 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို