၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ?
၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ ည ၁၂ နာရီအထိကျင်းပပြီး ဆုရရှိသူများကို ရွေးချယ် ပေးအပ်သွားမည် ဖြစ်သည်။
၁၀။ “THE WHALE” (ဝေလငါး)
ဤဇာတ်ကားသည် အကယ်ဒမီ အမျိုးအစား စာရင်းဆန်ခါတင် ၃ ခု စာရင်းဝင်ထားသည်။ ဘရန်ဒန်ဖရေဇာ (Brendan Fraser) သည် “The Whale” ဇာတ်ကား တွင် ပေါင် ၆၀၀ အလေးချိန်ရှိသော အဓိကဇာတ်ကောင် ချာလီ(Charlie) အဖြစ် သရုပ်ဖော်မှုအတွက် အကောင်းဆုံး သရုပ်ဆောင်ဆုအဖြစ် ရွေးချယ်ခံထားရသည်။
Charlie သည် ဖခင်တစ်ဦးဖြစ်ပြီး အင်္ဂလိပ်စာဆရာတစ်ဦး ဖြစ်သည်။ တစ်ပတ်သာ အသက်ရှင်နိုင်တော့မည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများရှိသည်။
ထိုရက်သတ္တပတ်တွင် သူသည် ကွဲကွာနေသော သမီးလေးနှင့် တွေ့ဆုံ ပေါင်းစည်းနိုင်ရန် ကြိုးစားသည်။ ဤဇာတ်ကားကို ဆင်မြူရယ်ဒီဟန်တာ (Samuel D. Hunter) ၏ off-Broadway ပြဇာတ်ကို အခြေခံပြီး ပုံဖော်ရိုက်ကူးထားသည်။
ပါဝင်သရုပ်ဆောင်သည့် ဟောင်ချူ (Hong Chau) အတွက် အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကိုလည်း ဆန်ခါတင် အရွေးခံခဲ့ပါရသည်။ ဇာတ်ကားကို ရုံတင်ပြသဆဲဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုရန် မရရှိနိုင်သေးပါ။