၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ?
၁၂။ “WOMEN TALKING” (“အမျိုးသမီးများ စကားပြောလာကြပြီ”)ဤဇာတ်ကားသည် အကယ်ဒမီ အမျိုးအစား စာရင်းဆန်ခါတင် ၂ ခု ဝင်ထားသည်။
ဒါရိုက်တာ ဆာရာ ပေါ်လီ (Sarah Polley) သည် မင်နိုနိုက် (Mennonite) ပရိုတက်စတင့်ဘာသာရေး အသိုက်အဝန်းတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု အများအပြားပြုလုပ်မှုအကြောင်း ဇာတ်လမ်းကို ပုံဖော်ထားသည်။
“Women Talking” သည် မီရီယမ် တာဝါးလ် (Miriam Toews) ၏ ၂၀၁၈ ခုနှစ်ထုတ် စာအုပ်ကို မှီငြမ်းထားသည့်ဇာတ်ကားဖြစ်သည်။ ကလယ်ရီ ဖွိုင်း(Claire Foy)၊ ရူးနေး မာရာ(Rooney Mara) နဲ့ ဖရင့်စစ် မက်ဒေါ်မန် (Frances McDormand) တို့ ပါဝင်သရုပ်ဆောင်ထားသည်။ အကောင်းဆုံးရုပ်ရှင် ဆန်ခါတင်စာရင်းဝင်သည်။ အကန့်အသတ်ရှိသော ရုပ်ရှင်ရုံများတွင် ပြသနေဆဲဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုရန် မရရှိနိုင်သေးပါ။