စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးနှင့် စစ်တပ်ပိုင်ကုမ္ပဏီ နှစ်ခုကို သြစတြေးလျ အရေးယူ ၂၀၂၃ ခုနှစ် ၊ ဇန်န၀ါရီ(၃၁)ရက် ၊ ခေတ်မျက်လုံး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူကြောင်း သြစတြေးလျအစိုးရက ဇန်န၀ါရီ (၃၁) ရက်မှာ ကြေညာလိုက်တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Penny Wong လက်မှတ်ရေးထိုးသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ သြစတြေးလျအစိုးရ၏ မြန်မာ့အရေးအပေါ် ဆက်လက်စိုးရိမ်မှုများကို ဖော်ပြနေတာဖြစ်တယ်လို့ ပြောပါတယ်။
“ဒီအရေးယူမှုတွေက စစ်ကောင်စီ ကျူးလွန်နေတဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုနဲ့ အကျပ် ကိုင်မှုတွေကတဆင့် အရပ်သားပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ဖို့ ဆက်လက်ကြိုးပမ်း နေမှုတွေနဲ့ ပတ်သက်လို့ သြစတြေးလျအစိုးရရဲ့ပစ်မှတ်ထား တုန့်ပြန်မှုဖြစ်ပါတယ်” ဟု သြစတြေးလျအစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား ပါတယ်။
အာဏာသိမ်းမှုတွင် အဓိကတာဝန်ရှိသူ ၁၆ ဦးအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)နှင့် ဦးပိုင်လိမိတက် (MEHL)တို့ကို လည်း သြစတြေးလျ အစိုးရက ဒဏ်ခတ်ပိတ်ဆို့သည်။