နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း အာရှ

အမေရိကန်စစ်တပ်ရဲ့ အလွန်အကျွံ တုံ့ပြန်မှုဖြစ်တယ်လို့ တရုတ်က ပြောဆို

အမေရိကန်စစ်တပ်က တရုတ်မိုးပျံပူပေါင်းတစ်လုံးကို ပစ်ချမှုအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနဲ့ ကန့်ကွက်ကြောင်း ၅ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ “ဒါဟာ တုံ့ပြန်မှု လွန်ကဲတယ်ဆိုတာ ရှင်းလင်းတဲ့အပြင် နိုင်ငံတကာ သဘောတူညီချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုပါပဲ” လို့ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ ယင်းမိုးပျံပူပေါင်းသည် “ အရပ်သားပိုင်မောင်းသူမဲ့ပူပေါင်း” ဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ လေပိုင်နက် အတွင်းသို့ ပြင်းထန်တဲ့အင်အားတခုကြောင့် မရည်ရွယ်ဘဲ ဝင်ရောက်သွားခဲ့တာသာဖြစ်ကြောင်း ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ “ အမေရိကန်အစိုးရကို အေးဆေးတည်ငြိမ်၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် ထိန်းကျောင်းတဲ့ပုံစံနဲ့ သင့်လျော်သလို တုံ့ပြန်ဖို့ တရုတ်အစိုးရက တောင်းဆိုထားခဲ့ပါတယ်” လို့ ဖော်ပြထားပြီး “ဒီလိုအခြေအနေအောက်မှာ၊ အမေရိကန်က ဒီလို အင်အားသုံးခဲ့တာဟာ သိသိသာသာ လွန်ကဲတဲ့ တုံ့ပြန်မှုသာဖြစ်တယ်” ဟု တရုတ်က ဝေဖန်ခဲ့ပါတယ်။

အဲ့ဒီအပြင် “တရုတ်နိုင်ငံဟာ တရုတ်ရဲ့ သက်ဆိုင်ရာကုမ္ပဏီများရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အခိုင်အမာ ကာကွယ်ဖို့ ရည်ရွယ်ထားပြီး သင့်လျော်တဲ့ တုံ့ပြန်မှုများကို ပြုလုပ်ပိုင်ခွင့်ရှိကြောင်း” လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ။ အေပီ, ရိုက်တာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန်

စကော့ဘက်ဆင့်ကို (Scott Bessent) ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထရန့် ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 6 Views
နိုဝင်ဘာ ၂၄ ရက်။ ရိုက်တာသတင်း။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ထင်ရှားသော ရင်းနှီးမြုပ်နှံသူ စကော့ဘက်ဆင့်အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမည်ဖြစ်ပြီး စီးပွားရေး၊
နိုင်ငံတကာသတင်း အမေရိကန်

ရှေ့နေချုပ် ရာထားခံရသည့် AG (Attorney General) မတ်ဂိတ်ဇ် နှုတ်ထွက်ပြီးနောက် ပန်းမ်ဘွန်ဒီ (Pam Bondi) ကို ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 10 Views
+++++++++++++++++++++++++++++++ ရှေ့နေချုပ် ရာထားခံရသည့် မတ်ဂိတ်ဇ် (Matt Gaetz) နုတ်ထွက်ပြီးနောက် ၆ နာရီအတွင်း ထရန့်သည် ပန်းမ်ဘွန်ဒီ (Pam
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 10 Views
နိုဝင်ဘာလ (၂၂) ရက်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က အမေရိကန်က ပယ်ချလိုက်ပါတယ်။ ပယ်ချရတဲ့အကြောင်းရင်းက ဓားစာခံတွေကို လွှတ်ပေးဖို့
အမေရိကန်

ထရန့်သည် FBI ကို လှုပ်ခါပြောင်းလဲပစ်ရန် ကြီးမားသော အလားအလာရှိသည့် အစီအစဉ်ကို ထည့်သွင်းစဉ်းစားနေဟုဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 6 Views
နိုဝင်ဘာလ (၂၂) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် FBI ဒါရိုက်တာကို ထုတ်ပယ်ကာ အတွေ့အကြုံရှိ အေးဂျင့်ဟောင်းနှင့် အစားထိုးပြီး ထိပ်တန်းရာထူးနေရာနှစ်ခုအနက်မှ တစ်ခုတွင် သူ၏ အမေရိကန်ကို ပြန်လည် ကြီးမြတ်စေရန်ပြုလုပ်မည့် (Make American Great
နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ပွဲအကူးအပြောင်းတွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ပညာရေးဝန်ကြီးအဖြစ် ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 14 Views
နိုဝင်ဘာလ (၂၀) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ပညာရေးဌာန၏ နောက်လာမည့်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးကောက်ပွဲအကူးအပြောင်းတွင် တွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ရွေးချယ်လိုက်ပါသည်။ အင်္ဂါနေ့ညက CNN ၏အစောပိုင်းအစီရင်ခံချက်ကို ထရန့် မှကြေငြာခဲ့သော
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၄၅ ဦးကို အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 15 Views
++++++++++++++++++ နိုဝင်ဘာလ (၂၀) ရက်။ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ဒီမိုကရေစီလိုလားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံက လွန်ခဲ့သည့်လေးနှစ်က အမျိုးသားလုံခြုံရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီး လက်တီနိုမျိုးဆက် မာကိုရူဘီယို (Marco Rubio)

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 18 Views
——————————————– ဒေါ်နယ်ထရန့်သည် အမေရိကန် အထက်လွှတ်တော်အမတ် မာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ပြောကြားထားပြီး ဖလော်ရီဒါပြည်နယ်ဖွား ရှေ့နေနိုင်ငံရေးသမားသည် အမေရိကန်၏ ထိပ်တန်းခေါင်းဆောင်အဖြစ် ပထမဆုံး လက်တင်နိုမျိုးဆက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ဇန်န၀ါရီလတွင်
နိုင်ငံတကာသတင်း အမေရိကန်

ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ထရမ့် ရွေးချယ်အဆိုပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 14 Views
နိုဝင်ဘာလ (၁၅) ရက်။ ရွေးကောက်ခံသမ္မတ ထရမ့်သည် ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ရွေးချယ်ရန် အဆိုပြုလိုက်ပြီဖြစ်သည်။ လာမည့်ထရမ့်အစိုးရတွင် ဝေဖန်ဆန့်ကျင်ခံရမည့် ရွေးချယ်မှုဖြစ်ပြီး ထရမ့်သည် မေးခွန်းထုတ်စရာပုဂ္ဂိုလ်ကို ထပ်မံရွေးချယ်လိုက်ပြန်ပြီ ဖြစ်သည်။ပတ်သက်၍ တုံ့ပြန်မှုကို လှုံ့ဆော်နိုင်သည့် နောက်ထပ် ဝန်ထမ်းအပြောင်းအလဲ