နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း အာရှ

အမေရိကန်စစ်တပ်ရဲ့ အလွန်အကျွံ တုံ့ပြန်မှုဖြစ်တယ်လို့ တရုတ်က ပြောဆို

အမေရိကန်စစ်တပ်က တရုတ်မိုးပျံပူပေါင်းတစ်လုံးကို ပစ်ချမှုအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနဲ့ ကန့်ကွက်ကြောင်း ၅ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ “ဒါဟာ တုံ့ပြန်မှု လွန်ကဲတယ်ဆိုတာ ရှင်းလင်းတဲ့အပြင် နိုင်ငံတကာ သဘောတူညီချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုပါပဲ” လို့ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ ယင်းမိုးပျံပူပေါင်းသည် “ အရပ်သားပိုင်မောင်းသူမဲ့ပူပေါင်း” ဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ လေပိုင်နက် အတွင်းသို့ ပြင်းထန်တဲ့အင်အားတခုကြောင့် မရည်ရွယ်ဘဲ ဝင်ရောက်သွားခဲ့တာသာဖြစ်ကြောင်း ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ “ အမေရိကန်အစိုးရကို အေးဆေးတည်ငြိမ်၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် ထိန်းကျောင်းတဲ့ပုံစံနဲ့ သင့်လျော်သလို တုံ့ပြန်ဖို့ တရုတ်အစိုးရက တောင်းဆိုထားခဲ့ပါတယ်” လို့ ဖော်ပြထားပြီး “ဒီလိုအခြေအနေအောက်မှာ၊ အမေရိကန်က ဒီလို အင်အားသုံးခဲ့တာဟာ သိသိသာသာ လွန်ကဲတဲ့ တုံ့ပြန်မှုသာဖြစ်တယ်” ဟု တရုတ်က ဝေဖန်ခဲ့ပါတယ်။

အဲ့ဒီအပြင် “တရုတ်နိုင်ငံဟာ တရုတ်ရဲ့ သက်ဆိုင်ရာကုမ္ပဏီများရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အခိုင်အမာ ကာကွယ်ဖို့ ရည်ရွယ်ထားပြီး သင့်လျော်တဲ့ တုံ့ပြန်မှုများကို ပြုလုပ်ပိုင်ခွင့်ရှိကြောင်း” လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ။ အေပီ, ရိုက်တာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ယနေ့ စကားစစ်ထိုးပွဲမတိုင်မီ ထရမ့်၏ စည်းရုံးလှုံ့ဆော်အဖွဲ့သည် ဟဲရစ်ကို တိုက်ခိုက်မည့်အချက်အချို့ကို ဖော်ပြခဲ့သည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 5 Views
စက်တင်ဘာလ (၁၀) ရက်။ တနင်္လာနေ့တွင် ထရမ့်မဲဆွယ်စည်းရုံးမှုအဖွဲ့သည် ABC ၏ သမ္မတစကားစစ်ထိုးပွဲတွင် သမ္မတဟောင်းထရမ့်က အသုံးချဖွယ်ရှိသော တိုက်ခိုက်မှုအချို့ကို ကြိုတင်တပ်ဖြန့်ချထားခဲ့ပုံရသည်။
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဂျော်ဂျီယာ စာသင်ကျောင်းပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ဖမ်းဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 16 Views
စက်တင်ဘာလ (၅) ရက်။ ဝင်ဒါ (Winder), ဂျော်ဂျီယာ CNN။ ဂျော်ဂျီယာပြည်နယ် ဝင်ဒါအထက်တန်းကျောင်းမှ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ အသက်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် အထက်တန်းကျောင်းပစ်ခတ်သတ်ဖြတ်ခဲ့သူ၏ ဖခင်ဖြစ်သူအား အာဏာပိုင်များ ဖမ်းဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 15 Views
စက်တင်ဘာလ (၆) ရက်။ ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို၏ အဆိုအရ အပလက်ချီ (Apalachee) အထက်တန်းကျောင်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သူ၏ ဖခင်ဖြစ်သူအား ယင်းပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးစေခဲ့သည့် အမှုနှင့်ပတ်သက်၍ သံသယရှိသူအဖြစ် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက် ၅၄
နိုင်ငံတကာသတင်း အာရှ

အာဖရိကကိုအတွက် ဒေါ်လာ ဘီလျံ ၅၀ ကျော် မတည်ပေးမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်ကတိပြု

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 17 Views
++++++++++++++++++++++++++++ အာဖရိကတိုက်ကို ရန်ပုံငွေသစ်အဖြစ် ဒေါ်လာ 50 ဘီလျံကျော် ထောက်ပံ့ပေးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပြုပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ 5 ရက်နေ့က ဘေဂျင်းမြို့မှာ ကျင်းပတဲ့ တရုတ်-အာဖရိကထိပ်သီးဆွေးနွေးပွဲမှာ ရှီက အခုလို ကတိပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ “ တရုတ်နိုင်ငံဟာ
နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်ညီလာခံမှာ သြဘာသံအများဆုံးရခဲ့တဲ့ မီရှယ်အိုဘားမားမိန့်ခွန်း

  • 2024 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 23 Views
++++++++++++++++++++++++++++++++++++++++++ ကျမတို့အနားမှာ တစုံတခုသောဆန်းကြယ်အံ့သြဖွယ်အရာက တိုင်းပြည်အနှံ့အပြားမှာ ပြန့်နှံလာနေတယ်။ ဒါဟာကူးစက်လာနေတဲ့ မျှော်လင့်ချက်စွမ်းအားကြီး ဖြစ်ပါတယ်။ ပူးပေါင်းပါဝင်လာမှု၊ စွမ်းအားတွေ၊ မြူးကြွရွှင်လန်းလာမှုတွေ၊ ပြန်လည်စုရုံး ရောက်ရှိလာခဲ့ပါတယ်။ မျှော်လင့်ချက်ရောင်ခြည် ထွန်းတောက်လာမယ့်နေ့အတွက် အမေရိကားက ပြန်လည် ရောက်ရှိလို့ လာပါပြီ။ ကြောက်ရွံ့စေခြင်း၊
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ တွေ့ဆုံဆွေးနွေး

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 31 Views
ဩဂုတ်လ (၂၈) ရက်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ မနေ့က ဩဂုတ်လ ၂၇ ရက်နေ့က ပေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မှာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရရှိခဲ့တဲ့
နိုင်ငံတကာသတင်း အမေရိကန်

“မစ္စတာ ဒုသမ္မတ၊ ကျမ စကားပြောနေတယ်လေ။”

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 22 Views
“Mr. Vice President, I’m speaking.” သြဂုတ်လ (၂၈) ရက်, CNN သတင်း။ ၂၀၂၀ခုနှစ် တွင် ယခင် ဒုတိယသမ္မတ မိုက်ပင့်စ် (Mike Pence) နှင့် မမေ့နိုင်သော စကားစစ်ထိုးမှုတွင်
နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်သမတဟောင်း ဘီလ်ကလင်တန် မိန့်ခွန်းကောက်နှုတ်ချက်

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 18 Views
ဒီမိုကရက်တစ်တစ်ယောက်ဖြစ်ရတာ ခင်ဗျား ဂုဏ်ယူလား။ ကျနော်တို့နဲ့ ပူးပေါင်းခဲ့ကြတဲ့ ရီပတ်ဘလီကန်တွေနဲ့ တသီးပုဂ္ဂလတွေကို ကျေးဇူးတင်ပါတယ်၊ ဒီစင်မြင့်ပေါ်ကို တက်ခဲ့ကြတဲ့ ရီပတ်ဘလီကန်တွေနဲ့ တသီးပုဂ္ဂလတွေကို ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ဒီအရာတွေအားလုံးကို ကျနော် မြင်ခဲ့ရလို့ အခုမှ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။