နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

အာရှ

အာရှ ဥရောပ

ရုရှားနိုင်ငံ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များ ကျဆုံးမှုများသည့် အတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို တုန်လှုပ်စေခဲ့၊ ယူကရိန်းတွင် ရုရှား၏ စစ်ရေးပစ္စည်းများ ထိရောက်မှု မရှိခြင်းကြောင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးအတွက် မေးခွန်း ထုတ်စရာ ဖြစ်လာ

ယူကရိန်းနိုင်ငံကို ရုရှားက လွန်ခဲ့သည့်တစ်နှစ်ခန့်က ကျူးကျော်ဝင်ရောက်လာချိန်မှစ၍ စစ်ဘက်နှင့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှုများကြောင့် လူအများအပြား သေဆုံးခဲ့ပြီး တိုက်ပွဲများကို အဆုံးသတ်နိုင်သည့် အခြေအနေကို မတွေ့ရှိနိုင်သေးပေ။

လေ့လာသုံးသပ်သူများသည် သေဆုံးသူအရေအတွက်၏ သီးခြားအစိတ်အပိုင်းတစ်ခု ဖြစ်သည့် ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ရုရှားဗိုလ်ချုပ်များ၏ အရေအတွက်ကို လေ့လာခဲ့ကြသည်။ ဗိုလ်ချုပ်များသည် စစ်သား ရာချီ သို့မဟုတ် ထောင်နဲ့ချီပြီး အမိန့်ပေးရသည့်အတွက် ယေဘူယျအားဖြင့် စစ်ဗိုလ်ချုပ်များ သေဆုံးမှု အရေအတွက် ပိုများလာခြင်းသည် စစ်ရေးစွမ်းအင် အားနည်းနေကြောင်း အချက်ပြနေသည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Sviatohirsk မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု အပြင်ဘက်မှာ ဖျက်ဆီးခံခဲ့ရတဲ့ ရုရှားတင့်ကားတစ်စီး။ (Getty/Kyodo)

ဇွန်လတွင် ဗိုလ်ချုပ် ၁၀ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ အမေရိကန်နှင့် ဥရောပတို့ ပူးပေါင်းပြီး ထောက်လှမ်းရေးအဖွဲ့များက စုဆောင်းထားသည့် အချက်များအပေါ် အခြေခံပြီး စုစုပေါင်း သေဆုံးသည့် ရုရှားစစ်ဗိုလ်ချုပ် အရေအတွက် ၂၀ ကျော်ရှိသည်ဟု ဂျပန်က ခန့်မှန်းထားပါသည်။

ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ကီယိုဖူမီ အီဝါတာ (Kiyofumi Iwata) က ယင်းပမာဏသည် မယုံနိုင်လောက်အောင် မြင့်မားသည်ဟု ဆိုသည်။ ဥပမာအားဖြင့်၊ အမေရိကန်တွင် ထိုကဲ့သို့ အဆင့်မြင့်သောတိုက်ပွဲများတွင် ထိပ်တန်းစစ်ဘက်အရာရှိများသေဆုံးမှု မရှိသလောက် နည်းပါးသည်။

အီလက်ထရွန်းနစ်စစ်ပွဲတွင် ယူကရိန်းသည် ရုရှားတပ်များ အသုံးပြုသည့် ဆဲလ်ဖုန်း အချက်ပြမှုများကို ခြေရာခံခြင်းဖြင့် အဆိုပါတပ်မှူးများကို ပစ်မှတ်ထားနိုင်ခဲ့သည် ဟုဆိုသည်။ မော်စကိုသည် ထိုအချိန်မှစ၍ ဆဲလ်ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ခဲ့သည်။

ဆိုက်ဘာစစ်ပွဲတွင် ယူကရိန်းစစ်တပ်၏ သာလွန်ကောင်းမွန်မှုကြောင့် သေဆုံးခဲ့ရသည့် ဗိုလ်ချုပ်အရေအတွက်မှာ ပုံမှန်မဟုတ်သည်ထက် မြင့်မားနေခြင်းဖြစ်သည်ဟု အီဝါတာ ကဆိုသည်။ အီဝါတာက ကိဗ် (Kyiv) တွင် ရရှားစစ်ဗိုလ်ချုပ်တို့၏ တည်နေရာများကို လေ့လာနိုင်သည့်အပြင် ရုရှား၏ စစ်ဗိုလ်ချုပ်များကို စေလွှတ်ခြင်း နည်းဗျူဟာကိုလည်း သိရှိကြသည်။

“ ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခြင်းသည် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို အားနည်း ကျဆင်းစေသည်” ဟု ၎င်းက ဆိုသည်။ ဂျပန်ထောက်လှမ်းရေး အကြီးတန်းအရာရှိတစ်ဦးက နောက်ထပ် ဖြစ်နိုင်ချေ ရှိသည့် အချက်တခုကိုထောက်ပြခဲ့သည်။

“ ယူကရိန်းအရှေ့ပိုင်းဒေသနှစ်ခုမှာ သတင်းပေးသူတွေ ရှိကောင်း ရှိနိုင်ပါတယ်” ဟု အဆိုပါအရာရှိက ဆိုသည်။ ရုရှားထိန်းချုပ်ထားသော Donetsk နှင့် Luhansk ကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။ ထိုသို့သော ထောက်လှန်းနိုင်သည့် အသိဉာဏ်သည် အဖိုးမဖြတ်နိုင်ပေ။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနယ်စပ်နှင့် မဝေးသော Rostov-on-Don တွင် တပ်ဖွဲ့ဝင်များကို နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့ပါသည်။ (ဓာတ်ပုံ Kremlin မှ Tass/Kyodo မှတဆင့်)

အင်တာဗျူးများတွင် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုများကို ထိန်းကျောင်းဦးဆောင်ခဲ့သည့် အိုစမာဘင်လာဒင်ကို တာဝန်ရှိသူများက ပါကစ္စတန်တွင် ရှာဖွေ သတ်ဖြတ်ရာတွင် အတွင်းထောက်လှန်းရေး မရှိသဖြင့် အမေရိကန်က (၁၀) နှစ်ကျော် အချိန်ယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ဒေသဆိုင်ရာ သတင်းပေးသူများကို စုဆောင်းယူခြင်းသည် အစိုးရဌာနအတွင်း၊ ဘာသာရေးနှင့် လူမျိုးရေး အပါအဝင် အ ချက်အမျိုးမျိုးပေါ်တွင် မူတည်သည်။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်သိမ်းပိုက်ထားသည့် ဒေသများတွင် ထောက် လှမ်းရေး အရင်းအမြစ်တွေ ရှိနေခြင်းသည် အံ့သြစရာတော့ မဟုတ်ပါ။

ပြီးခဲ့သောနှစ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည့် နောက်ထပ်အချက်တစ်ခုမှာ ရုရှားစစ်တပ်၏လက်နက်များ ညံ့ဖျင်းခြင်းဖြစ်ပြီး ၎င်း၏လက်နက်တစ်ဝက်ကို ရုရှားထံမှ ရရှိထားသည့် အိန္ဒိယအတွက် စိုးရိမ်စရာဖြစ်နိုင်သည်။

အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အာဂျစ် ဒိုဗယ် (Ajit Doval) သည် အမေရိကန် ကာကွယ်ရေးဝန်ကြီးဂျိတ်ဆူလေဗန် (Jake Sullivan) နှင့် ဇန်နဝါရီ ၃၁ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး စစ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးတွဲထုတ်လုပ်မှုတို့နှင့်အတူ ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ခေါင်းစဉ်များကို ဆွေးနွေးခဲ့သည်။

နယူးဒေလီသည် ဆိုဗီယက်ခေတ်ကတည်းက မော်စကိုထံမှ လက်နက်များကို မှီခိုအားထားနေရပြီး အမေရိကန်က ပါကစ္စတန်အား စစ်ရေးအကူအညီများ ပေးအပ်နေချိန်တွင် အိန္ဒိယသည် ကက်ရှ်မီးယားဒေသနှင့် နယ်စပ်ပဋိပက္ခတွင် ရင်ဆိုင် ဖြေရှင်းနေရသည်။ ရုရှား၏လက်နက်တင်ပို့မှု၏ ၂၀% ကျော်သည် အိန္ဒိယသို့ ဖြစ်သည်။

အိန္ဒိယသည် ရုရှားအပေါ် အနောက်နိုင်ငံများမှ ဦးဆောင်သော စီးပွားရေး ပိတ်ဆို့အရေးယူမှုတွင် ပါဝင်ခြင်းမရှိပေ။ နယူးဒေလီကို စစ်ရေးအကူအညီ ပေးခြင်းဖြင့် အမေရိကန်သည်အလျှော့အတင်းပြုလုပ်ကာ ၎င်း၏ အသိုင်းအဝိုင်းအနီးသို့ အိန္ဒိယကို ဆွဲယူနိုင်သည်။

အင်ဒို-ပစိဖိတ်ဒေသရှိ တရုတ်ကို ဟန့်တားရန် ရည်ရွယ်သည့် ဂျပန်နှင့် သြစတြေးလျတို့ ပါဝင်သော Quad လုံခြုံရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်နိုင်ငံအဖြစ် အိန္ဒိယနှင့် ပိုမိုနီးကပ်လာစေရန် ဝါရှင်တန်က မျှော်လင့်ထားသည်။ ရုရှားစစ်ဗိုလ်ချုပ်များ သေဆုံးမှုကြောင့် ပြသခဲ့သည့် စစ်ရေးမလုံလောက်မှုများသည် ဘေဂျင်းကိုလည်း တုန်လှုပ်သွားစေနိုင်သည်။ “ တရုတ်က ရုရှားကို စစ်ရေးအရ ထောက်ပံ့မှုတွေ တိတ်တဆိတ် စတင်ပေးနေပုံရတယ်” ဟု ဂျပန်ထောက်လှမ်းရေး အရာရှိက ပြောသည်။


Nikkei ၏ Editor နာအိုယာ ယိုရှိနို၏ “Deaths in Russia’s top brass unnerve India and China” ကို Era’s Eye မှ ဘာသာပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 92 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 104 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 173 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 175 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏