နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ရုရှားနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ရုရှားမှ ချက်ချင်းထွက်ခွာဖို့ အမေရိကန်သံရုံးက ညွှန်ကြား

မော်စကိုရှိ အမေရိကန်သံရုံးက ရုရှားတွင်နေထိုင်သော အမေရိကန်များကို ရုရှားမှချက်ချင်းထွက်ခွာရန် ညွှန်ကြားခဲ့သည်။ ယူကရိန်းနှင့် ရုရှားတို့ စစ်ပွဲဖြစ်နေစဉ် တရားဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်းများနှင့် နှောင့်ယှက်ခြင်း အန္တရာယ်များ ဖြစ်လာနိုင်ကြောင်း သတိပေးလိုက်သည်။

“ရုရှားနိုင်ငံအတွင်း နေထိုင်သူ သို့မဟုတ် ရုရှားသို့ ခရီးသွားလာနေသည့် အမေရိကန် နိုင်ငံသားများသည် နိုင်ငံတွင်း ချက် ချင်း ထွက်ခွာသင့်သည်” ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မတရား ဖမ်းဆီးခံရဖို့ အန္တရာယ်ရှိနိုင်ပြီး၊ အမေရိကန်နိုင်ငံသားများ ပိုပြီးသတိထားဖို့ လိုကြောင်းနှင့် ရုရှားသို့ ခရီးမသွားသင့်ကြောင်း” သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရက ၎င်း၏ နိုင်ငံသားများအား ရုရှားနိုင်ငံမှ ထွက်ခွာရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။ ပြီးခဲ့သည့် စက် တင်ဘာလအတွင်းက အလားတူသတိပေးချက် ထုတ်ပြန်ခဲ့သည်။

ရုရှားဖက်ဒရယ်လုံခြုံရေးဌာနသည် အမေရိကန်နိုင်ငံသားများကို မှားယွင်းသော စွဲချက်ဖြင့် ဖမ်းဆီးကာ ရုရှားရှိ အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထား ရွေးချယ်ခဲ့ကြောင်း၊ အထောက်အထားမရှိဘဲ အပြစ်ရှိကြောင်း ဝန်ခံခိုင်းကြောင်း အမေရိကန်သံရုံးမှ ပြောကြားခဲ့သည်။

ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) က သူလျှိုလုပ်သည်ဟု သံသယရှိသည့် အမေရိကန် နိုင်ငံသားတစ်ဦးအား ရာဇ၀တ်မှုဖြင့် အမှုဖွင့်ထားကြောင်း ဇန်နဝါရီတွင် ပြောကြားခဲ့သည်။

Source: ရိုက်တာ။ ဓာတ်ပုံ။ ရိုက်တာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 30 Views
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လွှဲပြောင်းပေးကောင်း ပေးနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 35 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 57 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 64 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 55 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။