နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

အမေရိကန်

အမေရိကန် အာရှ ဥရောပ

မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးပျံပစ်လွှတ်မှုကို အတည်ပြုပြီး အမေရိကန်ကို သတိပေးချက် အသစ်ထုတ်

မြောက်ကိုရီးယားသည် တနင်္လာနေ့တွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ပစ်လွှတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အမေရိကန်ကို သတိပေးချက်အသစ် ထုတ်ပြန်ခဲ့သည်။ ၈ ကြိမ်မြောက် စစ်ရေးပြချီတက်ပွဲ၌ ICBM အများအပြားကို ပြသခဲ့သည်။

မြောက်ကိုရီးယား၏ Hwasong-15 တိုက်ချင်းပစ်ဒုံးပျံသည် အမြင့်ဆုံး အမြင့် ၅၇၆၈.၅ ကီလိုမီတာခန့်သို့ ရောက်ရှိပြီး ၉၈၉ ကီလိုမီတာ အကွာအဝေးသို့ ပျံသန်းခဲ့ကြောင်း အစိုးရပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စမ်းသပ်ပစ်ခတ်မှုသည် မြောက်ကိုရီးယား၏ “ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ နျူက လီးယား အဟန့်အတား၏ ယုံကြည်စိတ်ချရမှုကို အာမခံပြီး သက်သေပြနိုင်တဲ့အရာ” ဟု ၎င်းက ဆိုသည်။

ကင်ဂျုံအွန် (Kim Jong-un) ၏ ညီမဖြစ်သူ ကင်ရိုဂျုံ (Kim Yo-jong) က KCNA မှတဆင့် ပြောကြားရာတွင် “ အမေရိကန်ဟာ မြောက်ကိုရီးယားကို ရန်လိုနေတာ မဟုတ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထားပါတယ်လို့ ပြောပြောနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာကြီးကို လှည့်ဖြားနေတာ ရပ်သင့်ပါပြီ။ ကျမတို့နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ် ရပ် အားလုံးကို ရပ်သင့်ပါပြီ” ဟု မှတ်ချက်ပေးခဲ့သည်။

တောင်ကိုရီးယားနှင့် ပတ်သက်ပြီး “၎င်း၏ မဆင်မခြင် လုပ်ရပ်များကို ပြန်လည်စဉ်းစားရန်လည်း တောင်ကိုရီးယားကို သတိပေးထားသော်လည်း “ ကျွန်ုပ်တို့၏ ICBM သည် ဆိုးလ်ကို ရည်ရွယ်ခြင်းမဟုတ်” ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

“ မြောက်ကိုရီးယား၏ ICBM ဒုံးကျည်ပစ်လွှတ်မှုသည် အမေရိကန်၏ ပြည်သူများ၊ ပိုင်နက် သို့မဟုတ် မဟာမိတ်များကို ချက်ချင်းအန္တရာယ် ဖြစ်စေမည့် ခြိမ်းခြောက်မှု မဟုတ်ဟု ဆုံးဖြတ်ခဲ့သော်လည်း ယင်းဒုံးကျည်ပစ်လွှတ်မှုကြောင့် မလိုအပ်ဘဲ တင်းမာမှုတွေ တိုးလာစေပြီး ဒေသတွင်း လုံခြုံရေး အခြေအနေကို မတည်မငြိမ် ဖြစ်စေမယ့် အန္တရာယ်ရှိတယ်” ဟု အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က ပြောဆိုကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ ဝါရှင်တန် ပြောရေးဆိုခွင့် ရှိသူက ယင်းလုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်အစိုးရ၏အဆိုအရ ၁၈ ရက်နေ့တွင် ICBM ဒုံးပျံသည် ဟိုကိုင်းဒိုးရှိ အိုရှီးမားကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ဂျပန်နိုင်ငံသီးသန့်စီးပွားရေးဇုန် (EEZ) တွင် ကျဆင်းခဲ့သည်ဟု ခန့်မှန်းရသည်။ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟီရိုကာဇူ မာဆုနို၏ ပြောကြားချက်အရ ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်း မရှိပါ။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက “ ဒီပစ်လွှတ်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးအပေါ် စိန်ခေါ်မှုတွေ ပိုတိုးလာစေတဲ့ မဆင်မခြင် လုပ်ရပ်တစ်ခုပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ စစ်ဌာနချုပ်က မြောက်ကိုရီးယားကို “ဒေသတွင်း မတည်မငြိမ်ဖြစ်စေတဲ့ တရားမဝင် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့” တောင်းဆိုခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ယခုလ (၂၂) ရက်နေ့တွင် စားပွဲတင် လေ့ကျင့်မှုအပြီး မတ်လတွင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုပုံစံဖြင့် တိုးချဲ့ကျင်းပရန် စီစဉ်ထားသည်။ စစ်ရေးလေ့ကျင့်မှု အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ပါက အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မကြုံစဖူး ပြင်းထန်သော တုံ့ပြန်မှုမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၁၇) ရက် ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

ဓာတ်ပုံ။ မြောက်ကိုရီးယားနိုင်ငံက Hwasong-15 တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပစ်လွှတ်စဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က