နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

အမေရိကန်

အမေရိကန် အာရှ ဥရောပ

မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးပျံပစ်လွှတ်မှုကို အတည်ပြုပြီး အမေရိကန်ကို သတိပေးချက် အသစ်ထုတ်

မြောက်ကိုရီးယားသည် တနင်္လာနေ့တွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ပစ်လွှတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အမေရိကန်ကို သတိပေးချက်အသစ် ထုတ်ပြန်ခဲ့သည်။ ၈ ကြိမ်မြောက် စစ်ရေးပြချီတက်ပွဲ၌ ICBM အများအပြားကို ပြသခဲ့သည်။

မြောက်ကိုရီးယား၏ Hwasong-15 တိုက်ချင်းပစ်ဒုံးပျံသည် အမြင့်ဆုံး အမြင့် ၅၇၆၈.၅ ကီလိုမီတာခန့်သို့ ရောက်ရှိပြီး ၉၈၉ ကီလိုမီတာ အကွာအဝေးသို့ ပျံသန်းခဲ့ကြောင်း အစိုးရပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စမ်းသပ်ပစ်ခတ်မှုသည် မြောက်ကိုရီးယား၏ “ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ နျူက လီးယား အဟန့်အတား၏ ယုံကြည်စိတ်ချရမှုကို အာမခံပြီး သက်သေပြနိုင်တဲ့အရာ” ဟု ၎င်းက ဆိုသည်။

ကင်ဂျုံအွန် (Kim Jong-un) ၏ ညီမဖြစ်သူ ကင်ရိုဂျုံ (Kim Yo-jong) က KCNA မှတဆင့် ပြောကြားရာတွင် “အမေရိကန်ဟာ မြောက်ကိုရီးယားကို ရန်လိုနေတာ မဟုတ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထားပါတယ်လို့ ပြောပြောနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာကြီးကို လှည့်ဖြားနေတာ ရပ်သင့်ပါပြီ။ ကျမတို့နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ် ရပ် အားလုံးကို ရပ်သင့်ပါပြီ” ဟု မှတ်ချက်ပေးခဲ့သည်။

တောင်ကိုရီးယားနှင့် ပတ်သက်ပြီး “၎င်း၏ မဆင်မခြင် လုပ်ရပ်များကို ပြန်လည်စဉ်းစားရန်လည်း တောင်ကိုရီးယားကို သတိပေးထားသော်လည်း “ကျွန်ုပ်တို့၏ ICBM သည် ဆိုးလ်ကို ရည်ရွယ်ခြင်းမဟုတ်” ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

“မြောက်ကိုရီးယား၏ ICBM ဒုံးကျည်ပစ်လွှတ်မှုသည် အမေရိကန်၏ ပြည်သူများ၊ ပိုင်နက် သို့မဟုတ် မဟာမိတ်များကို ချက်ချင်းအန္တရာယ် ဖြစ်စေမည့် ခြိမ်းခြောက်မှု မဟုတ်ဟု ဆုံးဖြတ်ခဲ့သော်လည်း ယင်းဒုံးကျည်ပစ်လွှတ်မှုကြောင့် မလိုအပ်ဘဲ တင်းမာမှုတွေ တိုးလာစေပြီး ဒေသတွင်း လုံခြုံရေး အခြေအနေကို မတည်မငြိမ် ဖြစ်စေမယ့် အန္တရာယ်ရှိတယ်” ဟု အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က ပြောဆိုကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ ဝါရှင်တန် ပြောရေးဆိုခွင့် ရှိသူက ယင်းလုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်အစိုးရ၏အဆိုအရ ၁၈ ရက်နေ့တွင် ICBM ဒုံးပျံသည် ဟိုကိုင်းဒိုးရှိ အိုရှီးမားကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ဂျပန်နိုင်ငံသီးသန့်စီးပွားရေးဇုန် (EEZ) တွင် ကျဆင်းခဲ့သည်ဟု ခန့်မှန်းရသည်။ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟီရိုကာဇူ မာဆုနို၏ ပြောကြားချက်အရ ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်း မရှိပါ။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက “ဒီပစ်လွှတ်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးအပေါ် စိန်ခေါ်မှုတွေ ပိုတိုးလာစေတဲ့ မဆင်မခြင် လုပ်ရပ်တစ်ခုပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ စစ်ဌာနချုပ်က မြောက်ကိုရီးယားကို “ဒေသတွင်း မတည်မငြိမ်ဖြစ်စေတဲ့ တရားမဝင် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့” တောင်းဆိုခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ယခုလ (၂၂) ရက်နေ့တွင် စားပွဲတင် လေ့ကျင့်မှုအပြီး မတ်လတွင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုပုံစံဖြင့် တိုးချဲ့ကျင်းပရန် စီစဉ်ထားသည်။ စစ်ရေးလေ့ကျင့်မှု အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ပါက အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မကြုံစဖူး ပြင်းထန်သော တုံ့ပြန်မှုမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၁၇) ရက် ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

ဓာတ်ပုံ။ မြောက်ကိုရီးယားနိုင်ငံက Hwasong-15 တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပစ်လွှတ်စဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 74 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော