မတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့် ဆေးမင်းတောရွာ မြောက်ဘက်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဂန့်ဂေါခရိုင်တပ်ရင်း -၁၈ (YNRF) နဲ့ မြန့်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့် စစ်ကောင်စီယာဉ်တန်းရဲ့ နောက်ချန်ကင်းသမားတွေကို ဂန့်ဂေါ ခရိုင်တပ်ရင်း – ၁၈ (YNRF)၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅/၁၆/၁၇ (YRA) နဲ့ YDF တပ်ရင်း – ၁၅ (Shwe Som Nyo) ပူးပေါင်းအဖွဲ့က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။
ဂန့်ဂေါခရိုင်တပ်ရင်း -၁၈ (YNRF) က ရဲဘော်နှစ်ဦး ပြင်းထန် (မစိုးရိမ်)ဒဏ်ရာ ရရှိခဲ့သလို ဂန့်ဂေါခရိုင်တပ်ရင်း ၁၅/၁၆/၁၇ (YRA) ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။