နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

အမေရိကန်

အမေရိကန် ဥရောပ

သမ္မတဟောင်းထရန့်နှင့် ပြိုင်ဖက်အဖြစ် ရီပတ်ပလီကင်ပါတီမှ ဟာချင်ဆန် သမ္မတလောင်းရွေးပွဲဝင်လာ

ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သော အီဆာဟာချင်ဆန် (Asa Hutchinson) က ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် သူအရွေးခံမည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။ ဟာချင်ဆန်က ထရန့်သည် ပြိုင်ပွဲမှ ထွက်သင့်သည်ဟု ပြောကြားခဲ့သည်။ သမတရုံးနေရာသည် မည်သည့်လူပုဂ္ဂိုလ်ထက်မဆို အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

ABC ၏ “ဤရက်သတ္တပတ်” အစီအစဉ်တွင် ဝင်ရောက်အရွေးခံရန် ကြေညာခဲ့သော ဟာချင်ဆန်က “ကျွန်တော်က အမေရိကအတွက် အချိန်ကိုက် ရောက်ရှိလာသူ ဖြစ်တယ်။ ကျွန်တော်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ “လူတွေဟာ အမေရိကရဲ့ အကောင်းဆုံးကို ဆွဲဆောင်နိုင်တဲ့ ခေါင်းဆောင်တွေကို လိုချင်ကြပြီး အဆိုးဆုံးဗီဇရှိတဲ့သူတွေကို လက်ခံမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။” ဟု ၎င်းက ပြောခဲ့သည်။

ထရန့်သည် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ရသည့် တစ်ဦးတည်းသော အမေရိကန်သမ္မတဟောင်း ဖြစ်လာပြီးနောက် ဟက်ချင်ဆန်သည် ရီပတ်ဘလစ်ကန်ပါတီတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်လာသူဖြစ်သည်။ ဟာချင်ဆန် ဝင်ရောက် အရွေးခံခြင်းသည် ထရန့်ကိုဆန့်ကျင်သော ရီပတ်ပလီကင် ပါတီကြီးထဲမှသူများ၏ စိတ်ကို စမ်းသပ်လိမ့်မည်။

မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း လယ်ရီဟိုဂင် (Larry Hogan) အပါအဝင် ထရန့်ကို ဝေဖန်ခဲ့ကြသော အခြားသူများသည် မဲဆွယ်စည်းရုံးမှုတွင်ပင် အောင်မြင်မှု မရရှိခဲ့ပေ။ အေပီသတင်းဌာနနှင့် အင်တာဗျူး တစ်ခုတွင် ဟာချင်ဆန်က မဲဆန္ဒရှင်များက ရွေးချယ်ရန် အခြားခေါင်းဆောင်တစ်ဦးရှိရန် အရေးကြီးပြီး “ အတိတ်က အဖြစ်အပျက်များနဲ့ ရစ်ပတ်နေတဲ့လူမျိုးကို ထပ်မံရွေးချယ်ရန် မဖြစ်သင့်ပါ” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်အနေနဲ့ ရိုင်းပြရမယ်လို့ မထင်ဘူး။ ရိုးရိုးသားသားနဲ့ စစ်မှန်ရမယ်လို့ ကျွန်တော်ထင်တယ်၊ အဲဒါ ကျွန်တော်ပေးချင်တဲ့အချက်ပါပဲ” ဟု သူက ဆက်လက်ပြောခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီ၌ ထရန့်၏ ဆက်လက် ချုပ်ကိုင်ထားမှုကို ပြသသည့် လက္ခဏာများ ရှိနေသည်။ ပါတီတွင်းရှိအများစုက ထရန့်ကို ယှဉ်ပြိုင်၍ သမတလောင်း အမည်စာရင်း တင်သွင်းရန် စဉ်းစားသူများကပင် ထရန့်အား တရားစွဲဆိုမှုကို ခုခံကာကွယ်ပြောဆိုခဲ့သည်။

ဟာချင်ဆန်သည် သမ္မတဟောင်းထရန့်အပြင် အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ဟောင်း နစ်ကီဟေလီ (Nikki Haley) နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင် ဗီဗက်ရာမာဆွာမီ (Vivek Ramaswamy) တို့ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ် (Ron DeSantis) သည် နွေရာသီတွင် သမ္မတလောင်းရွေးကောက်ပွဲကို ဝင်ရောက်လာနိုင်ဖွယ်ရှိပြီး တောင်ကာရိုလိုင်းနားမှ အမေရိကန် အထက်လွှတ်တော်အမတ် တင်မ်စကော့၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မိုက်ပွန်ပီယို (Mike Pompeo) နှင့် ဒုသမ္မတဟောင်း မိုက်ပန့်စ် (Mike Pence) တို့သည် ဝင်ရောက်အရွေးခံရန် စဉ်းစားသူများထဲတွင် ပါဝင်သည်။

ဟာချင်ဆန်သည် သူ၏တရားဝင်မဲဆွယ်စည်းရုံးရေး ကြေညာချက်ကို ဧပြီလ ၂၆ ရက်နေ့တွင် ၎င်း၏မွေးရပ်ဇာတိဖြစ်သော ဘန်တွမ်ဗီးလ် (Bentonville) အိမ်တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုမြို့သည် ဝါးလ်မတ် (Walmart) ရုံးချုပ် ရှိရာမြို့ ဖြစ်သည်။

အသက် ၇၂ နှစ်ရှိ ဟတ်ချင်ဆန်သည် အုပ်ချုပ်ရေးမှူးအဖြစ် ရှစ်နှစ်အကြာလုပ်ခဲ့ပြီး ဇန်နဝါရီလတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ မကြာသေးမီလများအတွင်း သမ္မတဟောင်းထရန့်အား ဝေဖန်ပြစ်တင်မှုများ အရှိန်မြှင့်တင်ခဲ့သည်။

Source: အေပီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “
နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ်